နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော် နဝမ ဗန်းမော်ဆရာတော်ကြီး
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ ညွှန်ပြတော်မူချက်အရ မိမိလိုလားသော ကောင်းကျိုးကို ရလို
ပါက ပဌာန်းဒေသနာတော်ကြီးကို “စံချိန်ကိုက် ရွတ်ပွားနိုင်အောင်” ကြိုးစားရပါမည်။ စံချိန်ကိုက်
ရွတ်ပွားနည်းဆိုသည်မှာ (၁) ပထမ အရေးကြီးဆုံးအနေဖြင့် “မရွတ်ပွားမီ ကိုယ်လက် သန့်စင်
ဆေးကြောရပါမည်။” ပဌာန်းဒေသနာတော်ရွတ်ပွားသံကို နတ် ဗြဟ္မာများက လာပြီး နာယူတတ်
ကြပါသည်။ လူသားများ၏ ကိုယ်နံ့မှာ မကောင်းလှသဖြင့် နတ် ဗြဟ္မာများခမျာ အနားကပ်ပြီး
မနာယူနိုင်ကြရှာပါ။ သို့ဖြစ်၍ နတ် ဗြဟ္မာများ လူအနံ့ကို ခံနိုင်ရည်ရှိအောင် မရွတ်ပွားမီ ကိုယ်
လက်သန့်စင် ထားရပါမည်။
(၂) ဒုတိယ အရေးပါသော စံချိန်ကိုက်နည်းမှာ “အချိန်မှန်မှန် ရွတ်ပွားရန် ဖြစ်ပါသည်။”
နတ် ဗြဟ္မာများ ပဌာန်းဒေသနာတော် ရွတ်ပွားသံကို နာယူကြသည့်အခါ အပေါင်းအဖေါ်များကို
ခေါ်လာပြီး အချိန်မှန် နာယူတတ်ကြပါသည်။ ပုံမှန် ရွတ်ပွားနေကျအချိန်တွင် တစ်ခြားအလုပ်ကို
လုပ်နေမိပါက ရွတ်ပွားချိန်ကို မစောင့်နိုင်ရှာကြသဖြင့် စိတ်နောက်ပြီး ပြန်ကြရပါသည်။ ရွတ်ပွား
နေကျအချိန်၌ ပုံမှန်ရွတ်ပွားသောအခါမှသာ နတ် ဗြဟ္မာများ ကျေနပ်အားရကြပါသည်။
(၃) တတိယ စံချိန်ကိုက် ရွတ်ပွားနည်းမှာ “ပီပီသသ ရွတ်ရန်နှင့် ကျယ်ကျယ် ရွတ်ရန်”
ဖြစ်ပါသည်။ နတ် ဗြဟ္မာများသည် ရှင်းရှင်းလင်းလင်း ပီပီသသ နာကြားခွင့်ရသဖြင့် ကျေနပ်အား
ရ ကြပါသည်။
(၄) စံချိန်ကိုက် ရွတ်ပွားနည်းတွင် နောက်ဆုံး အရေးကြီးဆုံးအချက်မှာ “ပဌာန်းဒေသနာ
တော် ရွတ်ပွားရသော ကုသိုလ်အဖို့အစုကို နတ် ဗြဟ္မာနှင့်တကွ ဝေနေယျ သတ္တဝါအားလုံးအား
အမျှပေးဝေရန် ” ဖြစ်ပါသည်။
ယင်းသို့ စံချိန်ကိုက် ရွတ်ပွားနိုင်လာပြီဆိုပါက သုံးလေးလအကြာတွင် နတ် ဗြဟ္မာတို့က
နိမိတ်ပြသည့်အနေဖြင့် အမွှေးအကြိုင်အနံ့များ ရလာတတ်ကြောင်း ကိုယ်တွေ့သာဓကဟောင်း
များ ရှိသည်ကို ဆရာတော်ကြီးက မိန့်ကြားတော်မူပါသည်။
ထို့ထက် ပို၍ကြီးမားသော အကျိုးကျေးဇူးမှာ ပဌာန်းဒေသနာတော်ကို ပုံမှန်စူးစိုက် ရွတ်
ပွားပါလျှင် ရုပ်နာမ်များကို ခွဲခြားသိတတ်သော “နာမရူပ ပရိစ္ဆေဒဉာဏ်” ရင့်သန်လာခြင်း ဖြစ်
ပါသည်။ ယင်းဉာဏ် ရင့်သန်လာပါက မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ မဝေးတော့ပါ။ လောကီအကျိုးကျေးဇူး
ဆိုသည်မှာ သာမန်မျှသာဖြစ်ပါသည်။
ထို့ကြောင့် တရားချစ်ခင် တရားအားထုတ်နေကြသော သူတော်ကောင်းတို့ကလည်း ပဌာန်း
ဒေသနာတော်ကြီးကို “စံချိန်ကိုက် ရွတ်ပွားနိုင်ကြပြီး” ဘဝ မြင့်မြတ်သထက် မြင့်မြတ်ကာ မြတ်
နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
{ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော် နဝမ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ
ဘဒ္ဒန္တကုမာရာဘိဝံသ၏ ပဌာန်းတရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ဦးသိန်းဝေ။