ဓမ္မရံသီစာမျက်နှာမှ ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို.အား နွေးထွေးစွာကြိုဆိုပါ၏။ ဤစာမျက်နှာမှ ဓမ္မတရားတော်များ၊ ဓမ္မစာပေများ၊ ဓမ္မဗွီစီဒီများကို စိတ်တိုင်းကျ ကူးယူကြည့်ရှူနိုင်ရန် ရည်ရွယ်ပါသည်။

ဤစာမျက်နှာဖြစ်မြောက်ရေးအတွက်ဝိုင်းဝန်းကူညီကြသော မိတ်ဆွေအပေါင်းတို့အားလည်း အထူးကျေးဇူးတင်ရှိသည်။ ဤစာမျက်နှာကို ဓမ္မရံသီလူငယ်ဝတ်အသင်းမှ မြတ်နိဗ္ဗာန်ချမ်းသာကိုရည်ရွယ်၍ စတင်တည်ထောင်ခဲ့ပါသည်။ ဤစာမျက် နှာကိုအခြေခံ၍ တရားတော်များကို ရပ်ဝေးရပ်နီးမှ မြန်မာ ဗုဒ္ဇဘာသာများ တရားထူး တရားမြတ်များ ရရှိစေရန်လည်း ရည်ရွယ်ပါသည်။

၂၀၀၇ခုနှစ်မှစ၍ ဓမ္မရံသီလူငယ်ဝတ်သင်းသည် တရားတော်များကို စီဒီများသို့ကူးယူကာ ပြည်တွင်းပြည်ပသို့ အခမဲ့ဓမ္မဒါန အဖြစ် လှူဒါန်းခဲ့ပါသည်။ ယခုအထိလည်း လှူဒါန်းနေဆဲဖြစ်ပါသည်။

ထိုမှတဆင့် ဗုဒ္ဇဘာသာသာသနာ ကမ္ဘာကိုလွှမ်းမည်ဟု ရည်သန်ကာ ဤစာမျက်နှာကိုအခြေပြု၍ ကမ္ဘာတဝှမ်း ကျယ်ကျယ်ပြန်.ပြန်. ရောက်ရှိစေရန် ဖြန်.ချီမည်ဟု စိတ်ကူးခဲ့ပါသည်။ ထိုစိတ်ကူးချက်ကို အကောင်အထည်ဖေါ်ရန် ဤစာမျက်နှာကို ဓမ္မရံသီလူငယ်ဝတ်အသင်းမှ စတင် ရေးသားခဲ့ပါသည်။

ဓမ္မရံသီစာမျက်နှာမှ အထင်ကရဆရာတော်များ၏ တရားတော်များကိုစုဆောင်း၍ ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့အား စတင်ဖြန်.ချီပါမည်။ အသစ်တရားတော်များကိုလည်း အမြဲတစေ ထပ်မံစုဆောင်းကာ တင်ဆက်ရန်အစီအစဉ်ရှိပါသည်။ ဤတရားတော်များအား နာယူမှတ်သားကာ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ဓမ္မလမ်းမြတ်အား နှလုံးသွင်း၍ သတိပညာဉာဏ်ဖြင့်ဆင်ခြင်ပါက နိဗ္ဗာန်လမ်းကို အချိန်တိုတိုဖြင့် ရောက်ရှိမည်မလွဲမသွေဧကန် ဖြစ်ပါသည်။

ဤတရားတော်များကို ရိုရိုသေသေ နာယူမှတ်သားပြီး ဒါန၊သီလ၊သမထ၊၀ိပဿနာတရားများ အားထုတ်၍ တရားထူးများရရှိပါစေဟု ဆုမွန်ကောင်းများ တောင်းလိုက်ပါသည် ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့။

 

Ko Myo

Dhammaransi.com Webmaster