ပြည်ထောင်စု မြန်မာ နိုင်ငံ သမိုင်း တလျှောက်တွင် ရှင်စောပု ဟူ၍ မွန် ဘုရင်မ တစ်ပါး ထူးခြားစွာ ပေါ်ထွန်း ခဲ့ပေသည်။ ရှင်စော ပုသည် မွန်တို့၏ မဂဒူး မင်းဆက်တွင် ၁၅ ဆက်မြောက် မင်းဖြစ်သည်။ ရွှေတိဂုံ စေတီ မွန်ကျောက်စာနှင့် အခြား မွန်ကျောက်စာ များတွင် ြ၈ီတြိဘုဝနာဒိတျ ပြဝရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာဓမ္မ ရာဇာဓိရာဇာဒေဝီ ဘွဲ့ခံ ၀ိဟာရဒေဝီ ဟူ၍ လည်းကောင်း၊ ဗညာထာဝ် ...ဟူ၍ လည်းကောင်း ပါရှိသည်။ မွန်ရာဇဝင်တွင် ၀ိဟာရဒေဝီ၊ ၀ိသုဒ္ဓရာဇာ၊ ဣတ္ထိရာဇာ၊ဗညားထောဝ် (မင်းအို) နှင့် သေဝ်စါဝ်ပေါအ် (ရှင်စောပု) ဟူ၍ နာမည် အမျိုးမျိုးဖြင့် ဖော်ပြ ပါရှိလေသည်။

ရှင်စောပု သည် မွန်ရာ ဇဝင်တွင် အလွန် ထင်ရှားသည့် ရာဇာဓိရာဇ် ဘုရင်နှင့် မိဘုရား ဒလသုဒ္ဓမာယာ တို့မှ ဖွားမြင်သော သမီးတော် ဖြစ်သည်။ ရှင်စော ပု၏ မွေးနေ့ သက္ကရာဇ်သည် ၇၃၅ ခုနှစ်၊ တပေါင်း လဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်လေ သည်။ နေ့နံအရ ၀ိဟာရဒေဝီဟု စတင် ခေါ်တွင်ခဲ့ဟန် တူလေသည်။ ယင်းနှင့် အတူ တစ်မိ တည်းတွင် ဖွားမြင် သူကား မောင်တော် ဗညားရံ (ဗညားရာံ/ ဗညားရာမ) ဖြစ်လေ သည်။


သက္ကရာဇ် ၇၇၅ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် ရှိစဉ်ကပင် အသက် ၂၀ အရွယ် ရှိပြီဖြစ်သော ရှင်စောပု အား တူတော် သမိန်စည်သူနှင့် စုံဖက်စေ ခဲ့သည်။ ရှင်စော ပုတွင် သမီးနှစ်ယောက်နှင့် သား တယောက် ထွန်းကား ခဲ့လေသည်။ သမီးနှစ် ယောက်ကို မိပကောထော် (မိပ္ကထဝ်) နှင့် မိကာသင် (မိပ္ကသြန်)၊ သားကို ဗညားဗရူး (ဗညားဗရောဝ်) ဟူ၍ အမည်ပေးလေ၏။


သက္ကရာဇ် ၇၈၀ ပြည့်နှစ်တွင် ဗညားဗရူးကို ဖွားမြင်ပြီးနောက် မြောက်သားတော် သမိန်စည်သူ ကံကုန်လေ သည်။ ထို့နောက်တွင် ရှင်စောပုသည် မောင်တော် ဗညားကျန်းနှင့်အတူ ဒဂုန်တွင် စံနေရသည်။ သက္ကရာဇ် ၇၈၃ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် နတ်ရွာစံ၍ သားတော်ကြီး ဗညားဓမ္မရာဇာ(ဗညားကျန်း) နန်း တက်လေ သည်။ ထိုမင်း၏ လက်ထက်တွင် ရှင်စောပု အင်းဝသို့ ပါတော်မူ၍ သီဟသူမှအစ မိုးညှင်းမင်း တရားအထိ အင်းဝမင်းလေးဆက်တို့၏ မိဖုရားအဖြစ် အင်းဝတွင် ခုနစ်နှစ်ကြာမျှ စံနေခဲ့ရလေသည်။

အင်းဝသို့ ရှင်စောပု ပါတော်မူပုံကို မွန်ရာဇဝင် များတွင် တမျိုးဖြစ်ပြီးလျှင် မြန်မာ ရာဇဝင် များ၌ တဖုံဟူ၍ နှစ်မျိုးနှစ်ဖုံ ဖော်ပြထားလေသည်။

မြန်မာရာဇဝင်များဖြစ်သော ဦးကုလား၊ မှန်နန်းနှင့် သုသောဓိတမဟာရာဇဝင်များအရ သိရသည်မှာ ဟံသာ ဝတီတွင် ဗညားရံ (ဗညားရာံ/

ဗညားရာမ)နှင့် ညီတော်အထွေး ဒဂုန်စား ဗညားကျန်းတို့ ပုန်ကန်ကြလေ ၏။ (ရာဇာဓိရာဇ်အရးတော်ပုံကျမ်းတွင်မူ ညီနောင် သုံးပါးဟု မဆိုပဲ ညီနောင်နှစ် ပါးသာပြ ကာ ဗညားဓမ္မရာဇာသည် ဗညားကျန်းဟုဆိုပါသည်။) ဟံသာဝတီတွင် အချင်းချင်း မညီမညွတ် ဖြစ်နေကြောင်း ကို အင်းဝဘုရင် ဆင်ဖြူရှင် သီဟသူ ကြားရလျှင် အခွင့်ကောင်း အခါကောင်းကို ယူပြီးသော် ဟံသာဝတီသို့ စုန်ဆင်း၍ တိုက်ခိုက်လေ၏။ အင်းဝတို့က တိုက်လာလျှင် ညီနောင်တို့ ပြန်၍ ညီညွတ်ကြ သည်။ ဗညားဓမ္မရာဇာသည် ဗညားရံကို ဒဂုန်စား အဖြစ် ပြောင်းပေး၍ ဗညားကျန်းကို မုတ္တမစား အဖြစ် စေလွှတ်သည်။ အင်းဝတပ် တို့သည် ပုသိမ်နှင့် ဒလ (ယခု တွံတေး) တို့ကို အောင်မြင်ပြီး နောက် ဒဂုန်ကို ဆက်လက် တိုက်ခိုက် သော်လည်း ချက်ချင်း မဝင်နိုင်သဖြင့် ကြည်းကြောင်း၊ ရေကြောင်းဖြင့် ဝိုင်းရံ ထား၏။ ယင်းသို့ ဝိုင်းရံ ထားရာ၌ တစ်လခန့် ကြာလတ်သော် ဒဂုန်စား ဗညားရံ မခံနိုင်တော့ သဖြင့် စစ်ပြေငြိမ်း ရန် ကမ်းလှမ်းပြီးလျှင် နှမတော် ရှင်စောပုကို ဆက်သ လိုက်လေသည်။

ဗညားရံသည် ပြာသာဒ် သုံးဆောင် ဆောက်ပြီးလျှင် နှမတော်ကို သီရိတြိဘုဝနာဒိတျ ပြဝရအတုလ အဂ္ဂမဟာ ဓမ္မရာဇာဓိရာဇ မဟာဒေဝီ ဟူသော အမည်၊ မိဖုရားကြီးတို့၏ အဆောင် အယောင်နှင့် တကွ ကိုယ်လုပ် အမျိုးသမီး သုံးကျိပ် အထိန်းအချီ ခန့်ရန်း၍ ရွှေဝေါနှင့် မွန် မြန်မာအမတ် ဝိုင်းရံပြီးလျှင် သီဟသူ မင်းထံ သို့ ပို့လေသည်။

သီဟ သူလည်း မိမိဖောင်တော် ထက်မှ လက်လှမ်း ဆီးကြိုကာ အင်းဝသို့ ဆောင်သွားသည်။ ရှင်စောပု သည် အပြင်အလျာ အရောင် အဆင်း ကောင်းမြတ် လှသောကြောင့် သီဟသူမင်း အလွန် လေးမြတ်တော် မူလေသည်။

သို့ရာတွင် မွန်ရာဇာဝင်၊ ပေမူ၊ ပတ်လတ်ပုံနှိပ်မူနှင့် ပီဒဗျူ ရှမစ်တို့ ပြန်ဆိုသည့် ဟံသာဝတီမင်းဆက် ရာဇဝင်မူ များအရ သိရပြန် သည်မှာ ရှင်စောပုသည် ဆံတော်ရှင် ဒဂုန်ဘုရားသို့ မကြာခဏ ကြွရောက် ဖူးမြှော် လေ့ ရှိသည်။ ထိုသို့ အစောင့် အရှောက် နည်းပါး စွာဖြင့် ရှင်စော ပုသည် ဟံသာဝတီနှင့် ဒဂုန်သို့ ဘုရားဖူး ရန် သွားလာနေကြောင်းကို အင်းဝဘုရင် ကြားသိရလျှင် မိမိအား ပမာမခ န့်၍သာ ထိုသို့ အစောင့် အရှောက် နည်းပါး စွာဖြင့် သွားလာနေခြင်း ဖြစ်သည်ဟု ယူဆပြီး ရှင်စောပုအား ဖမ်းယူရန် မင်းနန္ဒ သူအား စစ်တပ် အင်အား လုံလောက် စွာဖြင့် ဒဂုန်အနီး တောစခန်း တနေရာသို့ စေလွှတ်လိုက် လေသည်။ ရှင်စောပုလည်း ဟံသာဝတီမှ ဒဂုန်သို့ ဆံတော် ရှင်ဘုရား ဖူးမြော်ရန် ဥပုသ်နေ့တနေ့တွင် ယခင်နည်း အတိုင်း ဆင်စီး၍ အစောင့် အရှောက် နည်းပါး စွာဖြင့် ထွက်ခွာ လာရာ ဒဂုန်အနီးတော စခန်း သို့ ဆိုက်ရောက် လာသောအခါ အဆင်သင့် စောင့်နေသည့် မင်းနန္ဒသူသည် စစ်တပ်ဖြင့် ဝိုင်းရံပြီးလျှင် ရှင်စော ပုအား ဆင်ထက်မှ မဆင်းစေဘဲ အသာ အကြည် အင်းဝသို့ ခေါ်ဆောင် သွားသည် ဟု ဖြစ်ေ လသည်။ ထို အကြောင်း အရာနှစ်ရပ်တွင် ပထမအကြောင်းအရာမှာ ပိုမိုခိုင်လုံပြီး လက်ခံနိုင်ဖွယ် ရှိပေသည်။

မည်သို့ ဆိုစေ ရှင်စော ပုသည် အင်းဝသို့ ပါတော် မူခဲ့ရပြီးလျှင် အင်းဝဘုရင်၏ မိဖုရားကြီးအဖြစ် နေခဲ့ရ သည်ကိုကား မွန်၊ မြန်မာ ရာဇဝင်များ အားလုံးက ဖော်ပြကြပေသည်။

ရှင်စောပုသည် အင်းဝတွင် မိဖုရားကြီးတပါးအဖြစ် စံနေရလင့်ကစား မပျော်ပိုက်ပေ။ အင်းဝတွင် သီဟ သူနှင့် သုံးနှစ်၊ မင်းလှငယ်နှင့် သုံးလ၊ ကလေးတောင်ညိုမင်းနှင့် ခုနှစ်လ၊ မိုုးညှင်းမင်းတရားနှင့် သုံးနှစ် စုစုပေါင်း ခုနစ်နှစ် ကြာခဲ့လေသည်။ ထိုမျှသော ကာလပတ်လုံး မိဖုရားကြီး၏ စည်းစိမ် ချမ်းသာကို တပ်မက် မောခြင်း မရှိဘဲ မိမိ၏နေရင်း ဟံသာဝတီ သို့သာ ပြန်လိုလှ၍ ဒဂုန်ဆံတော်ရှင်၏ ခြေတော် ရင်းတွင် ဥပုသ် သီတင်း ဆောက်တည် ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တို့ကိုသာ ဆောင်ရွက်နေ လိုစိတ် ပြင်းပြနေ ခဲ့လေသည်။

ဟံသာ ဝတီတွင် ရှင်စော ပု ရှိစဉ်က သား အမှတ် စားခဲ့၍ ရဟန်းပြုပေးခဲ့သော ပိဋကဓရ မည်သော ရဟန်း တစ်ပါးသည် မယ်တော်ကြီး အလား ကျေးဇူးကြီး လှသော ရှင်စောပု ဟံသာဝတီသို့ ပြန်လည်ရောက် ရှိရေးကို တွေးတော အားထုတ် ခဲ့လေသည်။ ပိဋကဓရသည် ရှင်သာမဏေ ဘဝကပင် ပုဂံသို့ သွားရောက်ပြီးလျှင် ပိဋကတ်သုံးပုံကို ငါးနှစ်မျှ သင်ကြား တတ်မြောက် ခဲ့၍ ဟံသာဝတီသို့ ပြန်ရောက်သော အခါ မွန်၊ ဗမာ နှစ်ဘာ သာဖြင့် တရား ဓမ္မ ဟောကြား ရာတွင် အလွန်ကျော်ကြား လေသည်။ ပိဋကဓရသည် ရှင်စောပုအား ကူညီနိုင်ရန် ဓမ္မဉာဏဘွဲဲဲ့ အမည်ရှိ အခြားမွန်ရဟန်းတစ်ပါးနှင့် တိုင်ပင်နှီးနှောပြီးလျှင် အင်းဝသို့ ကြွလာခဲ့ကြလေသည်။ အင်းဝသို့ရောက်လျှင် ထိုရဟန်းတို့ တရားဟော အလွန်ကောင်း သည်ဟု ကျော်ကြားလေသည်။ ထိုအချိန်ကာလသည် မိုးညှင်းမင်းတရား လက်ထက် သက္ကရာဇ် ၇၉၁ ခုနှစ်ဖြစ်ပေသည်။

ပိဋကဓရတို့ ရောက်လတ်လျှင် ရှင်စောပုသည် ထိုရဟန်းတို့နှင့် လျှို့ဝှက်စွာ အဆက်အသွယ်ပြုလျက် ဟံသာဝ တီသို့ ထွက်ပြေးရန် စီစဉ်သည်။ ထို့နောက် မိဖုရားကြီးသည် ကြိုတင်စီစဉ်ထားသည့်အတိုင်း ချိပ် ရည်ဖြင့် ဖော်စပ်ထားသော ဆေးကို သောက်လေလျှင် ဝမ်းက အနီအဝါ သွေးဝမ်းများ ကျလတ်သည်။ အထိန်းတော် များလည်း စိုးရိမ်စွာဖြင့် မင်းကြီးအား သံတော်ဦး တင်၏။ ရောဂါကူးစက်မည် စိုး၍ ရှင်စောပု အခန်းသို့ နန်းတွင်းသူများ မဝင်လိုကြဘဲ ရှောင်ရှားနေကြသည်။ ရှင်စောပုလည်း မိမိဝေဒနာကြီးစွာ ခံစားနေရသဖြင့် ကံမကုန်မီ ပိဋကဓရနှင့် ဓမ္မဉာဏတို့၏ တရားတော်တို့ကို နာကြားလိုသည် ဟု လျှောက် သည်။

မင်းကြီးလည်း ယုံကြည်၍ ရဟန်းနှစ်ပါးအား အချိန်မရွေးပင် ထွက်ခွင့်ပေးသည်။ အချိန်းအချက် ပြုထား သည့်နေ့ တွင် ပိဋကဓရနှင့် ဓမ္မဉာဏတို့ ရဟန်းနှစ်ပါးလည်း သိက္ခာချ၍ သာမဏေအဖြစ်ဖြင့် နေကြသည်။ ထိုညဉ့် သန်းခေါင်ယံ အချိန်တွင် အဝတ်အစား သေတ္တာကြီး တလုံးအတွင်းသို့ ရှင်စောပုအား ဝင်စေ၍ အဝတ် အထည်များဖြင့် ဖုံးကွယ်ကာ ရဟန်းနှစ်ပါးတို့က သေတ္တာကို တဖက်စီဆွဲလျက် အခန်းအတွင်းမှ ထွက်သည်။ နန်းတော် တံခါးစောင့်များ မေးလျှုင် ရှင်စောပု လှူလိုက်သော ပစ္စည်း များဟု ဆိုသဖြင့် မည်သို့ မျှ ရှာဖွေခြင်း မပြုဘဲ လွှတ်လိုက်၏။ ထို့နောက် မြို့အနောက် လုံးတော်ပေါက်မှ ထွက်ကာ ကြိုတင် စီစဉ်ထား သည့်အတိုင်း ရဟန်းနှစ်ပါးနှင့် တကာနှစ်ယောက် တို့သည် ရှင်စောပုအား လှေပေါ်တင်ပြီးသော် ဟံသာ ဝတီသို့ စုန်ပြေးလေသည်။

မိုးညှင်း မင်းတ ရားသည် အမတ်ကြီးအား လှော်ကား ငါးစင်းနှင့် လက်ပြည့်လှော်၍ လိုက်စေသော်လည်း မတွေ့ရချေ။ ရှင်စောပု တို့လူစုသည် နေ့တွင် တော အတွင်း၌ ပုန်း၍ ညဥ့် အခါတွင်သာ စုန်ဆင်းကြသည်။ မိုးညှင်း မင်းတရားလည်း ရှင်စောပု သည် အင်းဝ၌ မပျော် ပိုက်သဖြင့် ပြေးလေ သည်ကို ဆင်ခြင်မိ၍ ရှိစေတော့ ဟုဆိုကာ ဟံသာဝတီ အရောက် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။

ထိုအချိန်တွင် ဟံသာဝတီ ပြည်၌ ဗညားရံ ထီးနန်းစိုး စံနေသည်။ ဗညား ရံသည် နှမတော် ပြန်ရောက် လာလျှင် ဝမ်းမြောက် ဝမ်းသာ ရှိ၍ နန်းတွင်း၌ အိမ်ဆောက် နေစေသည်။ ရှင်စော ပုသည် ဟံသာဝတီ ့ပြည်သို့ ပြန်ရောကြ်ပီးနောက်တွင် ပိဋကဓရနှင့် ဓမ္မဉာဏတို့အား ရဟန်းသိက္ခာ အသစ်ပြန် တင်ပေးခြင်း၊ ရဟန်းနှစ်ပါး သီတင်းသုံးရန် ကျောင်း တဆောင် ဆောက်ပေးခြင်း၊ ရဟန်းသံဃာတော် အများအပြား ဆွမ်းကပ် လှူခြင်း စသော ကုသိုလ်ကောင်းမှု အများအပြားကို ပြုလုပ်လေသည်။

သက္ကရာဇ် ၈ဝ၈ ခုနှစ်တွင် ဗညားရံ လွန်လေရာ ရှင်စောပု၏ သားတော် ဗညားဗရူး နန်းတက်သည်။ ဗညား ဗရူး လုပ်ကြံခံရသောကြောင့် လွန်ပြန်သော် ရှင်စောပု၏ မောင်တော်ဖြစ်သော ဗညားကျန်းသည် ထီးနန်း ရိုက်ရာကို ဆက်ခံသည်။ (မွန်မူတွင် ဗညားကျန်းထောဟုဆိုသည်။) ဗညားကျန်းလည်း နန်းသက် မကြာရှည် ချေ။ ဗညားကျန်း လွန်လျှင် ဗညားရံ၏ သားတော် လိတ်မွတ်ထော် (မမောဟ်ထာဝ် ရှင်စောပု၏ တူတော်) နန်းတက်၍ မင်းကျင့် တရားနှင့် မညီသဖြင့် မှုးမတ်တို့ လုပ်ကြံရာ ခြောက် လမျှသာ နန်းစံရလေ သည်။ (မွန်မူတွင် ခုနှစ်လဟုဆိုသည်။)

မင်းမော်ဓော ဟုလည်း ခေါ်တွင်သော လိတ်မွတ်ထော်၏ ထီးနန်းရိုက်ရာကို အရီးတော် ရှင်စောပုက ၈၁၄ ခုနှစ်တွင် ဆက်ခံ၍ ဟံသာဝတီပြည်ကြီးအား အုပ်ချုပ်မင်းလုပ်သည်။ နန်းတက်သည့်အခါတွင် သက်တော် ၆ဝ နီးပါး ခန့်ရှိပြီဖြစ်ရာ ရှင်စောပုသည် ဗညားထော (ဗညားထာဝ်) သို့မဟုတ် မင်းအို ဟူသော အမည်ကို ခံယူလေ သည်။ ဘုရင်မကြီးအား ပြည်သူပြည်သားတို့က ကြည်ဖြူနှစ်လိုကြသည်တကြောင်း၊ ထို့ပြင် အထက် တွင် အင်းဝတို့အချင်းချင်း တိုက်ခိုက်နေကြ၍တကြောင်း ဘုရင်မကြီး လက်ထက်တွင် ဟံသာဝတီ သည် စစ်မက်ဘေးမှ ကင်းလွတ်နေ၍ အေးချမ်း သာယာနေလေသည်။

နောက်ဆက်တွဲ

ရှင်စော ပုသည် ဘာသာရေးတွင်သာ ထက်သန်သူဖြစ်ကာ တိုင်းပြည်ကို အုပ်ချုပ်ရန် များစွာ စိတ်အား ထက်သန် လှသူ မဟုတ်ချေ။ ရွှေတိဂုံစေတီတော်အား ဉာဏ်တော် တိုးမြှင့်ကာပြုပြင်ပူဇော်သည်။ ဘဝ၏ နောက်ပိုင်း ကာလများတွင် မိမိအား ဟံသာဝတီသို့ ပြန်ရောက်အောင် ကျေးဖူးပြု ခဲ့သည့် ရဟန်း နှစ်ပါး အနက်မှ ဓမ္မဉာဏအား လူဝတ် လဲစေပြီး သမီးတော် မိတကာ တင်နှင့် လက်ဆက်စေသည်။

ထို့နောက် ဓမ္မစေတီဘွဲ့ဖြင့် အိမ်ရှေ့အရာပေးကာ ကိုယ်စားအဖြစ် တိုင်းရေးပြည်ရွာ ကိစ္စများကို လွှဲအပ်လေ သည်။ မိမိမှာမူ ရွှေတိဂုံစေတီတော် ခြေတော်ရင်းတွင်သာ တရားဓမ္မများကို လေ့လာအား ထုပ်ပြီးနေ သည်မှာ နတ်ရွာစံသည့် အချိန်အထိပင်ဖြစ်သည်။

ထို့ကြောင့် ဘုရင်မကြီးရှင်စောပု၏ အုတ်ဂူကို ရွှေတိဂုံဘုရားအနီးတွင် တည်ထားခဲ့ခြင်းဖြစ်သည်။ ရှင်စောပု လွန်လျှင် သားမက်တော် ဓမ္မစေတီမင်း နန်းတက်ကာ ဟံသာဝတီထီးနန်းကို စိုးစံသည်။ ထိုမင်းသည်လည်း မြန်မာ့ သမိုင်းတွင် သာဿနာတော် သန့်ရှင်းရေးအတွက် ပြုပြင်ရေးများကို အင်တိုက် အားတိုက်ပြု လုပ်ခဲ့ သည့် အတွက် အလွန်ထင်ရှားသည်။

ဘုရင် မကြီးသည် ဇရာလည်း ထောင်းလာပြီဖြစ်၍ တိုင်းပြည် အုပ်ချုပ်ရန် စိတ် မထက်သန်ချေ။ ထို့ပြင် ပင်ကိုယ် ကပင် တရားဓမ္မ အလှူဒါနတို့၌သာ မွေ့လျော်ခဲ့ သူဖြစ်သည်။ ထို့ကြောင့် ဟံဟာဝတီ ထီးနန်းအား သင့်တော် သူတဦးကို လွှဲအပ်လိုသည်။ လွှဲအပ်ခံနိုင်မည့်သူကို ဆင်ခြင်ရွေးချယ်သောအခါ ပိဋကဓရ ရဟန်း သည် ဉာဏ်ပညာ အလိမ္မာနှင့် ပြည့်စုံသည်။ ထို့ကြောင့် သာလျှင် အခြား သူတပါး တို့ မပြုဝံ့သော အမှုကို ပြုကာ မိမိအား အင်းဝမှ ဟံသာဝ တီအရောက် ဆောင်ကြဉ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပိဋကဓရ၏ ကျေးဇူးသည် မိမိအပေါ်၌ ကြီးမားခဲ့ခြင်းတို့ကို ထောက်ထား၍ ပိဋကဓရအား ထီးနန်းလွှဲ အပ်ရန် မှူးမတ်တို့နှင့် တိုင်ပင် သည်။ မှူးမတ်တို့က သဘော မကြိုက်ညီ ရှိကြလျှင် လူအများ ကျော်နင်း သည့် တံတား သစ်သား တိုင်ကို ထုထား သည့် ဗုဒ္ဓ ရုပ်ပွားတော်အား ရုပ်ပွားတော်ဖြစ် လာသည့်အခါ ယုတ်ညံ့ သည့် အသားဖြင့် ထုထား သည့်အပြစ်ကို ပမာဏ မထားကြံဘဲ ရှိခိုး ပူဇော်သည့် ပုံပမာကို ဆောင်၍ ထိုနည်းတူစွာ ဆင်းရဲသား မုဆိုးမသားဖြစ်သော်လည်း ဘုန်းပညာ လက္ခဏာနှင့် ပြည့်စုံသူ ပိဋကဓရ ဘိက္ခုအား မိမိက ဘုရင်အဖြစ် ချီးမြှင့်ခြင်းကို မှူးမတ်တို့ ကြည်ဖြူလေအောင်် ဘုရင်မကြီး ဆောင်ရွက် သည်ဟု ဆိုလေသည်။

ဘုရင်မကြီးသည် ပိဋကဓရ ဘိက္ခုအား လူထွက်စေပြီးလျှင် သမီးတော် မိပကာထော်နှင့် (မိပ္က’ထဝ်) နှင့် စုံဖက်ပေး ၍ အိပ်ရှေ့အရာနှင်းသည်။ ၈၂၁ ခုနှစ်တွင်မူ သမက်တော်အား ဟံသာဝတီ ထီးနန်းကို လွှဲအပ်လေ သည်။ သမက်တော်ကား ဓမ္မစေတီမင်းဟူ၍ လည်းကောင်း၊ ရာမာဓိမတိမင်းဟူ၍ လည်းကောင်း ထင်ရှားလေသည်။

မင်းအိုဘွဲ့ခံ ဘုရင်မကြီးသည် ကုသိုလ်ဒါနပြုရေး၌ စိတ်ဆန္ဒပြင်းပြခဲ့သည့်အတိုင်း တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေ စဉ်တွင်လည်း ကုသိုလ်ဒါနများ ပြုခဲ့သည်။ ထိုကုသိုလ်တော်များအနက် ကျိုက်မရော (ကျာက်မရဟ်) ဆုတောင်းပြည့် ဘုရားကြီး၌ အလှူဒါန ပြုခဲ့ကြောင်းကို ထိုဘုရားကြီး၌ မွန်ဘာသာဖြင့် ကျောက် စာနှစ်ချပ် ကမ္ဗည်းထိုးစေခဲ့သည်။ ထိုကျောက်စာလာ အရေးပါသော အချက်များကား ဆင်ဖြူရှင် ဗညား ဦး၏ မြေးတော် သူ့ရှင်ဗညာထာဝ်သည် သက္ကရာဇ် ၈၁၇ ခုနှစ်တွင် ကျိုက်မရောဘုရား၌ ကုသိုလ်ကောင်း မှုများပြုကြောင်း၊ မိမိ၏ အလှူဒါန၌ ဝိုင်းဝန်း ကူပံ့သူများအား ကြီးပွားချမ်းသာကြစေရန် လေးနက်စွာ မေတ္တာပို့၍ ဆုတောင်းပြီးလျှင် မိမိ၏ ကုသိုလ်ကောင်းမှုတို့ကို ဖျက်ဆီးသူများအား ကျိန်ထား သည်ကို တွေ့ရလေသည်။

ကျိုက်မရောဘုရားတွင်သာမက အနီးအနားရှိ ကော့ဗိန်း(အိုးသည်ကုန်း) ကျောက်တောင်ဂူ၊ ဓမ္မသတ်ဂူ၊ ခရုံဂူ၊ ကော့ဂွမ်းဂူနှင့် ဖားကပ်ဂူ အစရှိသည့် ဂူဘုရားများတွင် ခရစ် ၁၅ ရာစုနှစ် အတွင်း ထုလုပ်ထားသော ရှေးဟောင်း ပန်းပုလက်ရာများ ပါရှိသည်ကို ထောက်ရှု၍ ကျိုက်မရော အနီးတဝိုက်ရှိ အထက်ပါ ဘုရားများ သို့လည်း ရှင်စောပု ရောက်ရှိပြီးလျှင် ကောင်းမှုကုသိုလ်များ ပြုခဲ့သေးသည်ဟု ယူဆနိုင်လေသည်။

ရှင်စောပုသည် သမက်တော်အား ထီးနန်းလွှဲအပ်ပြီး နောက်တွင် ကောင်းမှု ကုသိုလ်ပြုရေးကိုသာ လုံးလုံး လျားလျား ဆောင်ရွက်ခဲ့ဟန် တူပေသည် ပဲခူး(ဗဂိုး) ဘုရားခုနစ်ဆူ မွန်ကျောက်စာအရ ရှေးဟံသာ ဝတီပြည့်ရှင် မဟာတိဿမင်းကြီး၏ မိဖုရား သုဘဒ္ဒါဒေဝီ (ဘဒြဒေဝီ) တည်ထားခဲ့သော ဘုရားခုနစ်ဆူတို့ ပျက်စီး ယို ယွင်းနေသည်ကို ဒါန သီလ၊ သမာဓိပညာနှင့် ပြည့် စုံသော ရှင်စောပုမင်းသမီးသည် မင်းကျင့် တရား ၁ဝ ပါးကို စောင့်ထိန်းသော သမက်တော် ရာမာဓိပတိမင်းနှင့် အတူတကွ ထိုပျက်စီးယိုယွင်းသော ဘုရား ခုနစ် ဆူ တို့ကို ခိုင်ခံ့စွာ ပြန်လည်မွမ်းမံသည်။

သက္ကရာဇ် ၈၃၂ ခုနှစ် တပို့တွဲလဆန်း ၁ ရက်နေ့တွင် ဓာတ်တော်ဟောင်းသစ်များနှင့် တကွ ရတနာခု နစ်ပါးတို့ကို ဌာပနာသည်။ ပြုသောကုသိုလ်အဖို့ကို သတ္တဝါပေါင်းအား အမျှပေးဝေ၍ ထိုကုသိုလ်ကောင်း မှုကြောင့် သံသရာမှ လွတ်မြောက်ပြီးလျှင် ထိုကောင်းမှုသည် သဗ္ဗညုတဉာဏ်အတွက် အထောက် အပံ့ဖြစ်ပါစေ ဟု ဆုတောင်းထားလေသည်။ ရှင်စောပု၏ ဘွဲဲ့တော်ကို ယင်းကျောက်စာတွင် "ြ၈ီတြိဘု ဝနာဒိတျ ပြဝရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာ ဓမ္မ ရာဇာ ဓိရာ ဇာဒေဝီ" ဟု ကမ္ဗည်းထိုး ထားလေ ရာ အခြားကျောက် စာများတွင် ပါရှိ သည့် ဘွဲဲ့ ထက် ပြဝရ ပို၍ ပါသည်။

ထို့ပြင် ပဲခူး (ဗဂိုး) ခရိုင် ဘုရားကြီးရွာရှိ ဘုရားကြီးကို ရှင်စောပုနှင့် သမက်တော်တို့ ပြုပြင် မွမ်းမွံ ခဲ့ကြောင်း ကို ရှင်စောပု လွန်ပြီးသည့်နောက် ၈၄၈ ခုနှစ် တော်သလင်းလဆုတ် ၃ရက် တနင်္ဂနွေနေ့၌ ရေးထိုးခဲ့သော ဘုရားကြီး ကျောက်စာ များအနက် ဘုရားကြီးကျောက်စာသည် အစုံလင်ဆုံးနှင့် အရှည်လျားဆုံးဖြစ်သည်။ ကျောက် စာကို စီကုံးရေးသားသူ အမည်နှင့့် ကျောက်စာထုသူ ကျောက်ဆစ်သမား၏ အမည်ကိုပါ ဖော်ပြထား သည်။

ကျောက်စာပါ အခြားအကြောင်းအရာများမှာ ဂေါတမမြတ်စွာဘုရား လက်ထက်တွင် ဂဝံမတိထေရ်သည် ရှေး ဘဝက ညီတော်ဖြစ်ခဲ့သော သထုံဘုရင် သီရိမာသောက (သီဟရာဇာ) မင်းထံ ကြွရောက်ကြောင်း၊ သီရိမာသော ကမင်း၏ လျှောက်တောင်းပန်ချက် အရ ဂဝံပတိထေရ်က မြတ်စွာဘုရားအား သထုံပြည်သို့ ပင့်ဆောင်၍ မြတ်စွာဘုရား ကြွလာသည်။

သထုံ (သုဓမ္မဝတီ> သုဓမ္မ>သုဓမ်> သုဓိုမ်> သဓီု> သထုံ)ပြည်ရှိ ရသေ့ ခြောက်ပါး တို့အား ဆံတော် ဓာတ်တ ဆူစီ ပေးသနား ခဲ့၍ သီရိမာသော ကမင်း ကိုမူ ဆံတော် မပေး၊ နောက် ၃၇ နှစ်ကြာ၍ ဘုရားရှင် ပရိနိဗ္ဗာန်ပြု သည့် အခါ၌သာ သွားတော် ဓာတ်တ ဆူကို ဂဝံပတိထေရ်က သီရိမာသောကမင်းထံ ဆောင်ကျဉ်းပေး လိမ့်မည်။ ထိုသွား တော်ဓာတ် တဆူမှ ၃၃ ဆူ ပွားမည်ဖြစ်ကြောင်း ဗျာဒိတ်တော် (သက္ကတ-ဝျာဒေဝ>ဗျာဒေသ်> ပါဠိတွင် ဗျာဒိတ္တဟူ၍လုံးဝမရှိပါ) ပေးခဲ့လေသည်။

သုံးဆယ့်ခုနစ်နှစ်ကြာ၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုလျှင် သွားတော်ဓာတ်ကို သီရိမာသောကမင်း ရရှိသည်။ ဓာတ်တော် ၃၃ ဆူပွား၍ စေတီ ၃၃ ဆူတည်ပြီးလျှင် ဌာပနာသည်။ ထိုမင်း နတ်ရွာစံ၍ ကာလ ရှည်ကြာသော် စေတီများ ပျက်စီး ယိုယွင်းသည်။ ထိုစေတီများကို ရာဇာဓိရာဇ်မင်း လက်ထက်ကလည်း ပြုပြင် ခဲ့သည်။ ယခု ရှင်စောပု လက်ထက်တွင် ရှင်စောပုနှင့် သမက်တော်တို့က ပြန်လည် တည် ထားကြောင်း ကို စာကြောင်း ၆၃ ကြောင်းဖြင့် ရေးထိုး ထားလေသည်။

ထို့ပြင် သထုံခရိုင် တောင်စွန်းကေလာသ တောင်ပေါ်၌ သက္ကရာဇ် ၈၄၈ ခုနှစ် တပို့တွဲလဆန်း (၁)ရက် ဗုဒ္ဓွဟူးနေ့၌ ရေးထိုးသော မွန်ကျောက်စာအရ ကျောက်စာ၌ ငွေတောင်ဟုခေါ်သော ကေလာသတောင်ရှိ စေတီတော် ကို ရှင်စောပုနှင့် သားမက်တော်တို့ ပြုပြင်မွမ်းမံကြောင်း၊ ထိုငွေတောင်ရှိ စေတီသည် သီရိမာသောက မင်းရရှိသည့် သွားတော် ဓာတ် အစစ် ကိန်းဝပ်ရာစေတီဖြစ်ကြောင်း၊ ထိုစေတီတော်ကို ဟံသာဝတီ မင်း အဆက်ဆက် တို့ ပြုပြင် မွမး်မံကြောင်း၊ စေတီအနီးတွင် ရှစ်မြှောင့် ပုံသဏ္ဌာန် သိမ်တော်ကြီး တဆောင်ကို လည်းကောင်း၊ ကေလာသ ဘုရားစေတီအတွက် ဝတ္တက လယ်ယာမြေ တို့ကို လည်းကောင်း၊ သားနှင့်အမိ မင်းနှစ်ပါးက လှူဒါန်းကြောင်းများ ပါရှိလေသည်။

အထက်ဖော်ပြပါ ကျောက်စာများအရ ရာမည ဒေသရှိ ပဲခူး(ဗဂိုး) ခရိုင်နှင့် သထုံခရိုင်အတွင်း၌ ဘုရင်မကြီး ရှင်စော ပုနှင့် သမက်တော်တို့သည် ရှေးဟောင်စေတီတော်များစွာတို့ကို ပြန်လည်တည်ထား မွမ်းမံ ခဲ့ကြောင်း သိ ရှိရလေသည်။

ဘုရင်မကြီး ရှင်စောပု အများဆုံး ပြုပြင်မွမ်းမံ၍ ကုသိုလ်ကောင်းမှု အများဆုံး ပြုခဲ့သည်ဟု ယူဆရသော စေတီတော်မှာ ဒဂုန် (ရန်ကုန်)မြို့ရှိ ဒဂုန်ဆံတော်ရှင် ရွှေတိဂုံစေတီတော်ကြီးပေတည်း။

ဘုရင် မကြီးသည် ရွှေတိဂုံဆံတော်ရှင် စေတီကြီးအား အလွန်တရာ ကြည်ညိုလှ၍ ထိုစေတီတော်ကြီးတွင် သဒ္ဓွါ တရား ထက်သန်လှစွာဖြင့် ကုသိုလ်ကောင်းမှုများ ပြုသည်။ သမက်တော်အား ထီးနန်း လွှဲအပ်ပြီး သည့်နောက် တွင် ဒဂုန်မြို့သို့ ရွှေ့ပြောင်းစံမြန်းသည်။

ရွှေတိဂုံဘုရားကြီး၏ အရှေ့ဘက်စောင်းတန်း အလယ်ပစ္စယာတွင် သက္ကရာဇ် ၁၂၄၁ခုနှစ် (ခရစ်နှစ် ၁၈၈ဝ) တွင် ကျောက်စာဌာနမှ တူးဖော်တွေ့ရှိသော ပါဠိဘာသာ၊ မွန်ဘာသာ မြန်မာဘာသာတို့ဖြင့် ရေးထိုး ထားသည့် ကျောက်စာတိုင် သုံးတိုင်ရှိသည်။ ထိုကျောက်စာများတွင် ဘုရင်မကြီး ရှင်စောပုနှင့် သမက်တော် တို့သည် ဒဂုန်ဆံတော်ရှင် စေတီအား မည်ကဲ့သို ဉာဏ်တော်မြှင့်တင်၍ မည်ကဲ့သို့ ပြုပြင် မွမ်းမံခဲ့ ပုံများကို အကျယ်တဝင့် ဖော်ပြထားသည်။ ထိုမွန်ကျောက်စာတွင် မွန်ကို(ရ္မန်=ရမန်) ဟုရေးထိုး ခဲ့ပါသည်။ မွန်တိုင်းဌာန ရာမညဒေသ၏ မင်းအဆက်ဆက် တို့သည် စေတီတော်ကြီးကို အစဉ်အဆက် ပြုပြင် မွမ်း မံ ခဲ့ကြသည်။

ထိုနောက် ရှင်စောပုနှင့် သမက်တော်တို့သည် သမက်တော်မင်းပြုသော ကာလအတွင်း သားနှင့်အမိတို့ စစ်သည် ဗိုလ်ပါအပေါင်း ခြံရံလျက် ဘုရားခြေတော်ရင်း၌ ကြွရောက် စံမြန်းပြီးလျှင် ကြီးစွာသော အလှူ ဒါနပြုကြသည်။

စေတီတော်ပတ်လည်ရှိ ချောက်ကမ်းပါးနှင့် ချိုင့်ဝှမ်းများကို ဂဝံကျောက်တုံးကြီးဖြင့် ဖို့စေသည်။ မြင့်သော ကုန်းမြေ ကို ညီညာစေရန် တူးညှိစေသည်။ အပြင်ဘက်တို့တွင် ဂဝံကျောက်တုံးများဖြင့်စီစေသည်။ စေတီ ကိုခံသော ပစ္စယာပေါ်တွင် ကျောက်ထီးများပြုလုပ်၍ ရွှေချသည်။ ပန်းတင်ခုံပစ္စယာကို ခါးဖွဲ့၍ ကျောက် ဖြင့်ပြီး သော ဆီမီးအိမ်တို့ဖြင့် ပတ်လည် စီထားသည် စသည်ဖြင့် ရွှေတိဂုံကျောက်စာ၌ ဆံတော်ရှင်အား အထူးတ လည် မွမ်းမံပုံ များကို ဖော်ပြထား သည်။

ဘုရင်မကြီးသည် ဒဂုန်ဆံတော်ရှင်မြတ်ကို အလွန်တရာကြည်ညိုတော်မူသဖြင့် မိမိ၏ ကိုယ်အလေး ချိန်ဖြစ်သော ရွှေ ၂၅ ပိဿာကို မျက်ပါးခတ်ပြီးလျှင် စေတီတော်ကြီးတွင် ရွှေသင်္ကန်း ကပ်လှူတော်မူသည်။ မြို့သူ၊ မြို့သား တို့ကလည်း ရွှေပိဿာချိန် ၅ဝ မျှကို ကူ၍ ပူဇော်ကြသည်။ ဘုရင်မကြီးသည် ကြေးချိန် ၁ရဝဝ ပိဿာရှိ ခေါင်းလောင်းကြီးတစ်လုံးကိုလည်း သွန်းလုပ် လှူဒါန်းသည်။ စေတီတော်ကြီးအတွက် နယ်မြေလေးရပ် လှူတော်မူရာ ထိုနယ်မြေလေးရပ်မှာ ဤသို့ဖြစ်သည်။

-စေတီတော်မှ အရှေ့လားသော် ကျိုက်ကနက် ဘုရားအထိ
-အနောက်လားသော် ကျိုက်မြောင်းဘုရားအထိ
-မြောက်လားသော် ကျိုက်မိုးရပ်အထိ

တောင်လားသော် ကျိုက်နုတ်ဘုရား (အချို့က ကျိုက်သုတ်ဟုလည်း ဆိုသည်) အထိဟူ၍ သတ်မှတ်၍ ဘုရားကြီး ၏ ဝတ္တကမြေအဖြစ် လှူတော်မူသည်။ ထို့ပြင် ဘုရားကြီး ရင်ပြင်တော်အပြည့် ကျောက်ပြား ခင်းသည်။ ရင်ပြင်တော်အဆုံး ပတ်လည်တွင် မဟာရံတံတိုင်းခုနစ်ထပ် ပြုလုပ်၍ တံတိုင်းများ အကြားတွင် အုန်းပင်၊ ထန်းပင်၊ ပေပင်၊ သရက် ပိန္နဲ၊ ကံ့ကော် စသည့် အပင်အမျိုးမျိုးကို စိုက်စေသည်။ တံတိုင်းအောက် ဆင့် စေတီပတ်ဝန်းကျင်တွင်် ဇရပ်ကြီးများကို ဆောက်လုပ်စေလေသည်။

ရွှေတိဂုံစေတီတော်မြတ်တွင် ဘုရင်မကြီး လှူဒါန်းခဲ့သော ကောင်းမှု၊ အလှူဒါနများနှင့် စပ်လျဉ်း၍ စေတီတော်ကြီး များ၏သမိုင်းနှင့် မွန်သမိုင်းတို့၌ ဖော်ပြသည်မှာ ရှင်စောပုသည် စေတီတော်ကြီးတွင် ထီးဖြူလေး စင်း၊ ရွှေသပိတ်လေးလုံး၊ ရွှေပန်းကန် လေးလုံး (ပန်းကန်တလုံးလျှင် ဆန်တတင်းချက် ဝင်သည်။) ငွေပန်းကန်ရှစ်လုံး၊ ရွှေဇွန်းလေးစင်း၊ ငွေဇွန်းရှစ်စင်း၊ (ဇွန်းတစင်းလျှင် ဆန်တစလယ်ချက် ဝင်သည်။) ဆွမ်းသင်ပုတ်တော် ၄၄ ခွက်၊ ရေအိုးကြီးလေးလုံး၊ ထွေးအင်လေးလုံး၊ ကုလားစည်လေးလုံးနှင့် စောင်းတန်း မုခ် လေးဘက်လေးဆောင်တို့ကို လှူဒါန်းခဲ့သည်။

ထို့ပြင် စေတီတော်ကြီး၏ ဝေယျာဝစ္စ ဆောင်ရွက်ရန် တံခါးစောင့်၊ တံမြက်လှဲ၊ ပန်းတင်သမား၊ ဆီမီးခွက် ထွန်းသမား စသည်တို့ကိုလည်း လှူထား၍ စေတီတော်ကြီးအား မွမ်းမံပြုပြင်ရန် ပန်းထိမ်ဖိုလေးဖိုနှင့် ပတ်ဝိုင်းလေး ဝိုင်းကိုလည်း ထားရှိသည်။ ဘုရင်မကြီးသည် စေတီတော်ကြီးအတွက် ထိုမျှ ပြည့်စုံ လုံလောက် စွာ လှူဒါန်းထားပြီးလျှင် နေ့စဉ်နေ့တိုင်းလည်း ဥပုသ်သီတင်း ဆောက်တည်သည်။ အနောက် ဘက် စောင်းတန်းမှ ကုန်းပေါ်သို့တက်၍ ဆံတော်ရှင်စေတီတော်ကြီးကို ကြည်လင်သဒ္ဓါကြီးမားစွာဖြင့် ဖူးမြော် ကြည်ညိုလေ့ ရှိပေသည်။

ဘုရင်မကြီး ရှင်စောပုသည် သက္ကရာဇ် ၈၃၄ ခုနှစ် သက်တော် ၇၉ နှစ်တွင် ဒဂုန်မြို့၌ စံနေစဉ် ကံကုန် သည်။ ပြည်ထောင်စု မြမာရာဇဝင်တလျှောက်တွင် တစ်ပါးတည်းသောပြည်ကြီးရှင် ဘုရင်မကြီးပေတည်း။

ခမည်းတော်၊ မောင်တော်၊ သားတော်၊ တူတော်နှင့် သမက်တော်တို့သည် မင်းချည်းနှင်နှင်ဖြစ်ကြ၍ ကိုယ်တိုင်လည်း တချိန်က အင်းဝဘုရင်လေးပါး၏ မိဖုရားအဆက်ဆက် တင်မြှောက်ခြင်းခံခဲ့ရသော ထူးခြား သည့် မဟာသွေး မဟာဆီ တစ်ပါး ဖြစ်ပေသည်။

ဘုရင်မကြီး ဒဂုန်တွင် စံမြန်းစဉ်က ဘုုရင်မကြီး၏ စံအိမ်တော်သည် ရွှေတိဂုံအနောက်ဘက်ရှိ စစ်တပ်နေ ရာဖြစ် မ ည်ဟု ခန့်မှန်းရကြောင်း ရွှေတိဂုံသမိုင်းတစ်စောင်တွင် ဖော်ပြသည်။

ရွှေတိဂုံဆံတော်ရှင်မြတ်၏ အနောက်တောင်ဘက်၌ မြို့နန်းတည်၍ ဆောက်လုပ်ထားသော စံအိမ်တော်၌ အသက် ထက်ဆုံး နေထိုင်ပြီးလျှင် ဥပုသ်သီလ စောင့်ထိန်းကာ တရားဘာဝနာ စီးဖြန်းလေ့ရှိသည်။ ရွှေတောင်ကြီး ပမာ ရွှေရောင်တဝင်းဝင်းနှင့် တင့်တယ်သပ္ပာယ်စွာ ရှိနေသော ဆံတော်ရှင်စေတီကြီးကို ဇရာရော ဂါ ဖိစီး၍ ဇိဝိန္ဒြေချုပ်လုဆဲခါနီးအထိ သမာဓိ တည်စွာဖြင့် အာရုံပြုကာ လက်အုပ်ချီ၍ ကြည်ညိုမြတ်နိုး ရှိခိုးလျက်ပင် ကံတော်ကုန်သည် ဟု ဆိုကြလေသည်။

ဘုရင်မကြီး နတ်ပြည် စံလွန်သော အခါတွင် အလောင်းတော်ကို ဟံသာ ဝတီသို့ ပြန် မယူဘဲ ဘုရင်မကြီး ပျော်မွေ့ သည့် ဒဂုန်(ရန်ကုန်) တွင် သငြ်္ဂို ဟ်ခဲ့သည်။

ဒဂုန်မြို့ မြေနီကုန်း ရဲတပ်စခန်းနှင့် စမ်းချောင်းအကြားတွင် ရှင်စောပုကုန်းဟု ယနေ့တိုင် ခေါ်ဝေါ်နေ ကြသော အရပ်ရှိ ရာ ထို အရပ်သည် ရှင်စောပု ၏ သင်္ချိုင်းတော် ရှိရာ အရပ်ဟု ယူဆ ကြသည်။ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဝင်ဆာလမ်း ကိုလည်း ရှင်စောပု လမ်းဟု ယနေ့ တိုင် မည့်ခေါ် လေသည်။

ဘုရင်မကြီး အသုံးပြုခဲ့သည်ဟုဆိုသော ရွှေခေါင်းဆောင်းတစ်ခုကို လန်ဒန်မြို့ဝိတိုရိယနှင့် အယ်လ ဗတ်ပြ တိုက်ကြီးတွင် ယနေ့တိုင် ပြသ ထားလေသည်။