တစ်ခုသော ကာလ၌ ဝေရဥ္စရာပြည်တွင် မြတ်စွာဘုရားရှင်သည် တမာ ပင်ရင်းဝယ် သီတင်းသုံးလျက် နေတော်မူ၏။ ထိုစဉ် ပဟာရဏ အမည် ရသော အသူရာနတ်သားသည် မြတ်စွာဘုရားရှင်ထံလာရောက် ဖူးမျှော် ရှိခိုးလေသည်။ နတ်သားက သမုဒ္ဒရာ၏ အံ့ဖွယ်၊ မြတ်ဘုရားက သာသ နာတော်၏ အံ့ဖွယ်တို့ကို စကားဆိုခဲ့ကြသည်မှာ ဤသို ့ဖြစ်သည်။
မြတ်စွာဘုရား. . . . အသင် နတ်သားတို့သည် သမုဒ္ဒရာတွင်

ပျော်ပျော်ပါးပါး နေထိုင်နိုင်ကြပါရဲ့လား။

နတ်သား . . . . အကျွနု်ပ်တို့နေထိုင်ရာ သမုဒ္ဒရာသည် အံ့သြဖွယ်ရာ

ရှစ်ဖြာနှင့် ပြည့်စုံသည်နှင့် လျော်စွာ ပျော်ပျော်ပါးပါး နေထိုင်နိုင်
ကြပါတယ် အရှင်မြတ်ဘုရား။

မြတ်စွာဘုရား . . . . သမုဒ္ဒရာမှာ ပြည့်စုံပါတယ်ဆိုတဲ့ အံ့သြဖွယ်ရှစ်

မျိုးကို ပြောပြပေလော့ နတ်သား။

နတ်သား . . . ."အစဉ်နက်ဝှမ်း၊ ကမ်းကိုမလွန်၊ ရွံဖွယ်ဆယ်ပစ်၊

တစ်မည်ဖြစ်ခြင်း၊ မယွင်းမတိုး၊ ဆယ်မျိုးရတနာ၊ ရသာဆားတူ၊ ကြီးသူနေရာ၊ အံ့ရှစ်ဖြာတည်း" ဆိုသည်နှင့်အညီ သမုဒ္ဒရာတွင် ထိုထိုသော အံ့ဖွယ်အသီးသီး ရှိပါတယ်ဘုရား။

မြတ်စွာဘုရား . . . . တစ်ခုချင်းကို ရှင်းပြပေဦးတော့ အမောင်နတ်သား။
နတ်သား . . . . "အစဉ်နက်ဝှမ်း" ဆိုတာက သမုဒ္ဒရာကြီးဟာ ကမ်းစပ်

က ရေလယ်ရောက်သည်အထိ ချောက်ကမ်းပါးမရှိအစဉ်အတိုင်း နက်ရှိုင်းသွားခြင်းကို ဆိုလိုပါတယ်ဘုရား။

"ကမ်းကိုမလွန်" ဆိုတာက မြစ်ကြီးမြစ်ငယ် အသွယ်သွယ်နဲ ့
မိုးရေတွေ ဘယ်လောက်ပဲ စီးဝင် ကျဆင်းပေမဲ့ သမုဒ္ဒရာထဲ က ရေဟာ လျှံသွားတယ် ဆိုတာ မရှိပါ။ အမြဲတမ်း ရေနဲ့ကမ်း ဟာ တစ်ညီတည်း ရှိနေပါတယ်ဘုရား။

"ရွံဖွယ်ဆယ်ပစ်" ဆိုတာက အမှိုက်သရိုက် အသေကောင် စ တဲ့ ရွံရှာဖွယ်ရာတွေ သမုဒ္ဒရာထဲ ဝင်ရောက်လာခဲ့သော် သမုဒ္ဒ ရာရေက အလိုလိုကမ်းပေါ်တင်စေပြီး ဆယ်ပစ်တတ်ပါတယ် ဘုရား။

"တစ်မျိုးမည်ခြင်း" ရဲ့ဆိုလိုရင်းကတော့ ဘယ်မြစ်တွေက စီး ဆင်းလာတဲ့ ရေဖြစ်စေ သမုဒ္ဒရာထဲကို ရောက်ရှိလာတဲ့ အခါ မှာ ဂင်္ဂါရေ၊ ယမုန်နာရေ စသည်ဖြင့် အမည်နာမ အမျိုးမျိုး ကွဲပြားမှု မရှိတော့ဘဲ သမုဒ္ဒရာရေဟုသာ အမည်တစ်မျိုး
တည်း တွင်ပါတော့တယ်ဘုရား။

"မယွင်းမတိုး" ဆိုတာက ရေများများ စီးဝင်လာလို့ လွန်သွား တယ်ဆိုတာ မရှိသလို ရေအဝင်နည်းလို ့ လျော့သွားတယ် ဆိုတာ မရှိတာဟာ သမုဒ္ဒရာပါဘုရား။

"ဆယ်မျိုးရတနာ" ဆိုတာက သမုဒ္ဒရာထဲမှာ ပုလဲ မြ ခရုသင်း သန္တာ ရွှေ ငွေအစရှိတဲ့ ရတနာ တွေဟာ မရေတွက်နိုင်အောင်
ပေါကြွယ်လှပါတယ်ဘုရား။

"ရသာဆားတူ" ဆိုတာက မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာမှ စီးဆင်းလာတဲ့ ရေဖြစ်ပေမဲ့ သမုဒ္ဒရာရေဟာ ငန်တဲ့အရသာ တစ်မျိုးတည်းသာ ရှိပါတယ်ဘုရား။

"ကြီးသူနေရာ" ဆိုတာက သမုဒ္ဒရာကြီးဟာ အလွန်ကြီးမား လှတဲ့ ငါးကြီးများနဲ ့သတ္တဝါများရဲ့ နေထိုင်ရာ အလွန်ကျယ် ဝန်းသော နေရာဖြစ်ပါတယ်ဘုရား။

ဤအံ့ဖွယ်ရှစ်ဖြာ ပြည့်စုံရာ သမုဒ္ဒရာမှာ နေထိုင်ရတဲ့ တပည့်
တော်တို့ဟာ အဘယ်မှာလျှင် မပျော်ပိုက်ဘဲ ရှိပါ့မလဲ အရှင် ဘုရား။

အရှင်မြတ်ဘုရားရဲ့ ဓမ္မဝိနယ ဟုခေါ်သော သာသနာတော် တွင်းမှာ တပည့်တကာတကာမနဲ ့ရဟန်းတော်တို့သည်လည်း
ပျော်ပျော်ပါးပါး နေထိုင်နိုင်ကြပါရဲ့လား အရှင်ဘုရား။

မြတ်စွာဘုရား . . . . သင်တို့ရဲ့သမုဒ္ဒရာပမာ ငါဘုရားရဲ့သာသနာမှာလဲ

အံ့ဖွယ်ရှစ်ဖြာ ရှိလေတာကြောင့် တပည့်တကာ တကာမနဲ ့
ရဟန်းတော်အပေါင်းတို့ဟာ ပျော်ပျော်ပါးပါး နေထိုင်နိုင်ကြပေ
တယ် နတ်သား။

နတ်သား . . . . ထင်ရှားပေါ်လွင်အောင် ရှင်းပြတော်မူပါ အရှင်ဘုရား။
မြတ်စွာဘုရား . . . . ငါဘုရားရဲ့သာသနာတော်မှာ သိက္ခာစဉ်များရှိတဲ့

အတွက် "အစဉ်အတိုင်းနက်ရှိုင်း" သွားပေတယ်။

တပည့်စစ်၊ သားတော်သမီးတော်များဟာ ငါဘုရား ပညတ်ထား တဲ့ သိက္ခာပုဒ်များကို အသက်လို ပမာထားပြီး "မကျော်ကြ မလွန်ကြ" ကုန်။

သာသနာတွင်းသို ့သီလမရှိသူဝင်ရောက်လာခဲ့လျှင် ပေါင်းသင်းမှု
မပြုဘဲ "နှင်ထုတ်ပစ်" တတ် ကြပေတယ်။

မင်း၊ ပုဏ္ဏား၊ သူဋ္ဌေး၊ ဆင်းရဲသား မည်သူမဆို သာသနာတွင်း သို ့ဝင်ရောက်လာခဲ့သော် "ဘုရား သားတော်" ဟူသော "အမည်နာမ တစ်ခုတည်း" သာ ခေါ်တွင်ပေတယ်။

တရားအားထုတ်တဲ့အတွက် ရဟန္တာအဖြစ်များလို့ "နိဗ္ဗာန်မှာ ပိုလျှံသွားတယ်" လို ့ မရှိသလို ရဟန္တာအဖြစ်နည်းလို့ "နိဗ္ဗာန် မှာလျော့သွားတယ်" ရယ်လို့လဲ မရှိပေဘူး။

သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်၊ ဣဒ္ဓိပါဒ်၊ ဣန္ဒြေ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင် စသော "ရတနာများဖြင့်" သာသနာမှာ အလွန်ပျော်မွေ့ဖွယ်
ဖြစ်တယ်။

ငါဘုရားရဲ့သာသနာတော်မှာ "ဝိမုတ္တိရသ" ဆိုတဲ့ "အရသာ တစ်မျိုးတည်း" သာ ရှိတဲ့အတွက် အကောင်းမြတ်ဆုံး အရ သာဖြစ်ပေတယ်။

ငါဘုရားရဲ့သာသနာဟာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် နဲ ့ရဟန္တာဖြစ်ဖို ့ကျင့်ကြံအားထုတ်နေသူများနဲ ့ ဖြစ်ပြီးကြသူ များ ဖြစ်တဲ့ အလွန် "သီလသမာဓိဂုဏ် ကြီးကျယ်ကြသူများ ရဲ့နေထိိုင်ရာ" ဖြစ်ပေတယ်။

ဤရှစ်ဖြာသည်ကား ငါဘုရား၏ အံ့ဖွယ်သာသနာပေတည်း။

နတ်သား . . . . ကောင်းမြတ်လှပါဘိ အရှင်မြတ်ဘုရား။

သာဓု... သာဓု... သာဓု

ကျမ်းကိုး။ ။ဇနိတာလင်္ကာရ၊ အရှင်။ "သာသနာ့ရိပ်မှာ ပျော်မွေ ့ပါ" တရားတော်။ ရန်ကုန်၊ ၂၃၊ ၇၊ ၀၈။