မနုဿတ္တ လူ့ဘဝ ရအောင်ခဲကြမင်း ၊
ဗြဟ္မာ့ပြည်က အပ်ကိုချ မြေကအပ်တစ်စင်း ၊
အပ်သွားချင်းသာ ထိဖွယ်ရာ ပမာမှတ်ကြမင်း ၊
လူဖြစ်ကျိုးမှ မခံရ ရှုံးလှချေဧ။်မင်း ။

နင်နှင့် နင့်ကံ စီရင်ဖန် အမှန်ဖြစ်တော့သည် ၊
ဇာတိ ဇရာ မရဏာ မကြာနင်တွေ့မည် ၊
ဘယ်နှစ် ဘယ်လ ရောက်ခါမှ ကာလမရွေးပြီ ၊
ကြီးငယ်မဟူ ကိုယ့်ရွယ်တူ ခုမူသေလှပြီ ၊
ဒါန သီလ ဘာဝနာ နင်သာပြုသင့်ပြီ ။

ကလျာဏ မိတ္တ ပဏ္ဌိတ ပေါင်းဖေါ်ရဧ။်မင်း ၊
နိဗ္ဗာန်လမ်းစ ဤသို့ပြ မှတ်ကြနှလုံးသွင်း ၊
အနိစ္စကောင် ဒုက္ခကောင် အနတ္တကောင်
အသုဘကောင် ထင်အောင် နှလုံးသွင်း ၊
ဤသို့ထင်မှ မဂ်လမ်းစ ရမည်မှတ်စင်းစင်း ၊
မဂ္ဂင်ဖောင်ကြီး တက်၍စီး ပြည်ကြီး အမတ နိရောဓ
ရမည်မှတ်ကြမင်း ။ ။

( ထွဋ်ခေါင် ဆရာတော်ကြီးဧ။် ကမ္မဋ္ဌာန်းလင်္ကာ )