ချစ်သား ရာဟုလာ.....

အတွင်းသန္တာန်၌ဖြစ်သော ပထဝီဓာတ်ကို၄င်း။

အပသန္တာန်၌ဖြစ်သော ပထဝီဓာတ်ကို၄င်း။

"ငါ့ဟာမဟုတ်၊ငါမဟုတ်၊ငါ၏အတ္တမဟုတ်"ဟူ၍

ဟုတ်တိုင်းမှန်စွာ ပညာဖြင့်ရှုရမည်။

ဤသို့ကောင်းမွန်စွာရှုမြင်သည် ရှိသော်

ပထဝီဓာတ်၌ ငြီးငွေ့၏။ ပထဝီ ဓာတ်၌ စိတ်ကို

ကင်းကွာစေ၏။ ထို့အတူ အတွင်းသန္တာန်း၌ဖြစ်

သော အပသန္တာန်၌လည်းဖြစ်သော အာပေါဓာတ်

ကို၄င်း၊ တေဇောဓာတ်ကို၄င်း၊ဝါယောဓာတ်ကို၄င်း၊

"ငါ့ဟာမဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တမဟုတ်"ဟူ၍

ဟုတ်တိုင်းမှန်စွာ ပညာဖြင့် ကောင်းစွာရှုရမည်။

ဤသို့ ဓာတ်လေးပါးကို ပညာဖြင့် ဟုတ်တိုင်းမှန်စွာ

ကောင်းစွာရှုသည်ရှိသော် ထိုဓာတ်လေးပါးတို့၌

ငြီးငွေ့၏။ ထိုဓာတ်လေးပါးတို့အပေါ်၌ စိတ်ကိုကင်း

ကွာစေ၏။ ချစ်သားရာဟုလာ.....ဤဓာတ်လေးပါး

တို့၌ "အတ္တဟူ၍မရှု၊အတ္တနှင့်စပ်သောအရာဟူ၍

မရှုသောအခါ"တဏှာကို ဖြတ်ပြီး၍၊ထောင်လွှားခြင်း

မာနကို ကောင်းစွာပယ်ခြင်းကြောင့် ဝဋ်ဆင်းရဲအဆုံး

ကိုပြုပြီးသူဟူ၍ ဆိုအပ်သည် အသင်ချစ်သား။ ။

(စတုက္ကနိပါတ)

မေတ္တာဖြင့်....
ယထာဘူတခေမိန္ဒ