မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ပါတယ်
ဆိုတာ ဘာရည်ရွယ်ချက်နဲ့ ကိုးကွယ်ဆည်းကပ်တာလဲလို့ဆို ...
မြတ်စွာဘုရားသည် မကောင်းတဲ့အရာက
ငါ့ကို တားမြစ်ပြီး၊ကောင်းတဲ့အရာတွေကို လမ်းညွှန်ပြလိမ့်မယ်၊
အဲဒီ မြတ်စွာဘုရားထံက အဆုံးအမ ရလို့ရှိရင်
ငါကိုယ်တိုင် ကောင်းတာတွေ လုပ်ခြင်းဖြင့်
ကောင်းကျိုး ချမ်းသာတွေ ရမယ်လို့
ဘုရားဆီက လမ်းညွှန်မှု အဆုံးအမ
ရရှိဖို့အတွက် ဘုရားကို ကိုးကွယ်ရတာ။
အဲဒီထက်ပိုတဲ့ ကိုးကွယ်မှုတွေက
“မှန်ကန်တဲ့ ကိုးကွယ်မှု” လို့ မဆိုနိုင်ဘူး။
မြတ်စွာဘုရားရှင်ဆီက ရချင်တာ
ဘာလဲဆို အဆုံးအမပဲ ဖြစ်တယ်၊

တန်ခိုးတော်နဲ့ မ,စမှာကို ရချင်တယ်
ဆိုရင်တော့ ဘယ်သောအခါမှ
ရလာမှာ မဟုတ်ဘူး။

သို့သော် ဘာသာတရား ကိုးကွယ်
ယုံကြည်နေကြတဲ့ ပုဂ္ဂိုလ်တွေ တော်တော်
များများဟာ ဘုရားသခင်ရဲ့
တန်ခိုးတော်ကို စောင့်မျှော်နေကြတဲ့
ပုဂ္ဂိုလ်တွေ ကမ္ဘာလောကမှာ အများဆုံးပဲ။
အဲဒီလို စောင့်မျှော်ရင်း စောင့်မျှော်ရင်းနဲ့ပဲ
ဆင်းရဲတွင်း နစ်သွားကြတာ အများကြီးပဲ။
ဘယ်သောအခါမှလည်း လာကယ်တင်မှာ
မဟုတ်ဘူး။
ကယ်တင်မှုဆိုတာ မိမိသန္တာန်မှာ ဖြစ်လာတဲ့
ကုသိုလ်တရားသာလျှင် ကိုယ့်ကို
ကယ်တင်နိုင်တဲ့ တရား ဖြစ်တယ်။

-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ】
Posted by►
www.facebook.com/youngbuddhistassociation.mm