လောကမှာနေရတဲ့အချိန် လောကရဲ့သဘောဝ ၈-မျိုး ကိုတော့
တွေ့နေရမှာပဲ။

- ကိုယ်ရချင်တာ ရတယ်ဆိုတဲ့ အလှည့်တွေ့ရသလို၊
ကိုယ်ရချင်တာတွေ မရဘူးဆိုတာလည်း တွေ့လိမ့်မယ်။

- အခြံအရံ ရှိတယ်ဆိုတာလည်း တွေ့ရသလို၊
အခြံအရံ ကင်းမဲ့တဲ့အခါမျိုးလည်း တွေ့ရမယ်။

- ကဲ့ရဲ့ခံရတဲ့အခါ တွေ့ရသလို၊
ချီးမွမ်းခံရတာလည်း တွေ့ရလိမ့်မယ်။

- ချမ်းသာသုခ ရတယ်ဆိုတဲ့အခါ ရှိသလို၊
ဆင်းရဲဒုက္ခ ကြုံတွေ့ရတဲ့အခါဆိုတာလည်း
ရှိလိမ့်မယ်။

အဲဒီလို လောကဓံမုန်တိုင်းတွေနဲ့ ကြုံတွေ့ရတဲ့အခါတိုင်း
“ သြော် ဘယ်အရာမှ မမြဲပါလား၊ ထာဝရမဟုတ်ဘူး၊
တစ်ခဏသာဖြစ်တယ်လို့ ” ထိုလောကဓံကြောင့်၊
အကောင်းလောကဓံကြောင့်လည်း လောဘမဖြစ်အောင်၊
အဆိုးလောကဓံကြောင့်လည်း ဒေါသမဖြစ်အောင်
ဆင်ခြင်ရမယ်။

- ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ

( လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား တရား
တော်မှ ကောက်နုတ်ပူဇော်ပါသည်။ )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm