-စိတ်လှုပ်ရှားတိုင်း မမြဲဘူးဟု သုံးသပ်နေသော ပုဂ္ဂိုလ်အဘို့ စိတ်သည် လှုပ်ရှားခြင်းကင်းကာ ငြိမ်သက်ပိပြားလာသည်။

-စိတ်ကိုအလိုမလိုက်ဘဲ ဉာဏ်ကွပ် ကဲလျှင် စိတ်သည် ဉာဏ်အောက်၌ အမိန့်နာခံ ရိုကျိုးကာ ခေါင်း မထောင်နိုင်ဘဲ လည်စင်းကာ အလျှော့ပေးလေ့ရှိသည်။

-စိတ်ကို ဉာဏ်ဖြင့် ကွပ်ကဲခြင်းသည် စိတ္တာနုပဿနာကျင့်စဉ်ပင်ဖြစ်သည်။

-ထိုကျင့်စဉ်အရ စိတ်ကို နိုင်ရုံမျှမက စိတ်အကြောင်းကို မှန်မှန်ကန်ကန် ပိုမိုအသေးစိတ် နားလည်နိုင်သည်။

-ချစ်သူတွေ့တွေ့ ၊ မုန်းသူတွေ့တွေ့ ၊ မတုန်လှုပ်စေရန် ဉာဏ်ဖြင့်ထိန်းနည်းသည် စိတ္တာနုပဿနာ ခေါ် ပေါ်စိတ်၊ တုန်လှုပ်စိတ်ကို အပျက်တရားဟု ရှူသတ်သော နည်းပင်ဖြစ်သည်။

- နောက်ဆုံး သေခြင်းတရားကိုပင် ပြုံးပြုံးနှင့် မတုန်မလှုပ် ရင်ဆိုင်သွားနိုင်သည်။ ရုပ်နာမ်တို့ကို ယထာဘူတကျကျသိသွားနိုင်သည်။

-ကိုယ့်အကြောင်း သူ့အကြောင်း လူတွေအကြောင်းကို ကောင်းကောင်းကြီး သိသည်။
ငယ်ရွယ်သူများ၊ မှတ်ဉာဏ်ကောင်းလိုသော် ဤနည်းကိုကျင့်ပါ။

- စိတ်များ ကြည်လင် မှတ်ဉာဏ် ကောင်းလာမည်။


ရွှေဥမင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ကောသလ္လ