¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
အကြင်လင်မယားဖြစ်ရခြင်းအခြေခံအကြောင်းရင်း(၂)မျိုး
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

(၁) ပုဗ္ဗသန္နဝါသ
ရှေ့ဘဝ ၊ ဘဝ မှ လင်မယားဖြစ်ခဲ့ရဖူးသောကြောင့် လင်မယားဖြစ်ရ၏ ။
(၂)ယခုဘဝတွင် တစ်ဦး၏အကျိုးကို တစ်ဦးက စေတနာအပြည့်နှင့် သယ်ပိုးဆောင်ရွက်ခဲ့ဖူးခြင်း ကြောင့် လင်မယားဖြစ်ရ၏ ။

အောက်ပါအချက်များနှင့် တူညီတဲ့ အကြင်လင်မယားဖြစ်ပါက

သမ္မသဒ္ဓါ ■ သဒ္ဒါတရားချင်းတူညီ ■

သမသီလာ ■ အကျင့်ချင်းလည်းတူညီ ■

သမစာဂါ ■ စွန့်ကြဲပေးကမ်းမှုချင်းလည်း တူညီ ■

သမပညာ ■ အယူအဆ ၊ အတွေးအခေါ် ၊ ပညာချင်းလည်း တူညီ ■

မည်ဆိုပါက ဤ လင်မယား သည် ယခု ဘဝတွင် ကွဲကွာခြင်း မရှိသည့်အပြင် ယခုလက်ရှိဘဝတွင်သာမက နောက်ဘဝဆက်ဆက်တိုင်အောင်

(၁) အကျိုးစီးပွား တိုးတက်ခြင်း၊

(၂) ကိုယ်ချမ်းသာ စိတ်ချမ်းသာ နေထိုင်ရခြင်း၊

(၃) ရန်သူများ မနှိပ်စက်နိုင်ခြင်း၊

(၄) မှန်ကန်သော တရားကို ကျင့်ကြံနိုင်ခြင်း၊

စသည့်အကျိုးတရားများကို ရရှိနိုင်ပေသည်ဟု ဘုရားရှင် က ဟောကြားတော်မှုခဲ့ပေသည်။

(စာအုပ်စာပေ လူ့မိတ်ဆွေ)