..ဘုရားရှင်လက်ထက်““ဧတဒဂ်””ရ၊
ရဟန္တာ(၄၁)ပါး၊ရဟန်းမိန်းမ(၁၃)ပါး၊ လူယောကျင်္ား(၁၀)ယောက်၊
လူမိန်းမ(၁၀)ယောက်၊ကိုမသိသေးသူများသိရှိနိုင်ရန်ဖေါ်ပြပေး
လိုက်ပါသည်။

““ဧတဒဂ်””ရ၊ရဟန္တာ(၄၁)ပါး””

(၁)  အရှင်ကောဏ္ဍည   ။ ။ နေ့၊ညဉ့်အပိုင်းအခြားကိုသိတတ်သောအရာ
တွင်ဧတဒဂ်ရသည်။
(၂)  အရှင်သာရိပုတ္တရာ   ။ ။ ပညာကြီးသောအရာတွင်ဧတဒဂ်ရသည်။
(၃)  အရှင်မောဂ္ဂလာန်    ။ ။ တန်ခိုးအရာတွင်ဧတဒဂ်ရသည်။
(၄)  အရှင်မဟာကဿပ ။ ။ ဓူတင်အရာတွင်ဧတဒဂ်ရသည်။
(၅)  အရှင်အနုရုဒ္ဒါ         ။ ။ ဒိဗ္ဗစက္ခုဉာဏ်အရာတွင်ဧတဒဂ်ရသည်။
(၆)  အရှင်ဘဒ္ဒိယ          ။ ။ အမျိုးမြတ်သောအရာတွင်ဧတဒဂ်ရသည်။
(၇)  အရှင်ဏ္ဍလဘဒ္ဒိယ   ။ ။ အသံသာသောအရာတွင်ဧတဒဂ်ရသည်။
(၈)  အရှင်ပိဏ္ဍေလဘာရဒွါဇ ။ ။ မကြောက်မရွံ့၊ခြင်္သေ့သံကဲ့သို့ဆိုတတ်သော
အရာ တွင်ဧတဒဂ်ရသည်။
(၉)  အရှင်ပုဏ္ဏ             ။ ။ တရားဟောသောအရာတွင်ဧတဒဂ်ရသည်။
(၁၀)အရှင်မဟာကစ္စည်း  ။ ။ အကျဉ်းဟောသည်ကိုအကျယ်ဖွင့်တတ်သောအရာ
တွင်ဧတဒဂ်ရသည်။
(၁၁)အရှင်စူဠပန်           ။ ။ နှလုံးဖြင့်ပြီးသောကိုယ်ကိုဖန်ဆင်းသောအရာတွင်
ဧတဒဂ်ရသည်။
(၁၂)အရှင်မဟာပန်။ ။ ပညာဝိဝဋ္ဋအရာတွင်ဧတဒဂ်ရသည်။(ဝါ)ရူပါယစရစျာန
တွင်အထူးလိမ္မာသောအရာတွင်ဧတဒဂ်ရသည်။
(၁၃)အရှင်သုဘူတိမထေရ်။ ။ကိလေသာကင်းနေသောအရာ၊မြတ်သောအလှူခံ
ပုဂ္ဂိုလ်အရာ၊ထိုနှစ်ချက်လိမ္မာ သောအရာတွင်ဧတ
ဒဂ်ရသည်။

(၁၄)အရှင်ရေဝတ                ။ ။ အာရညကင်သောအရာတွင်ဧတဒဂ်ရသည်။
(၁၅)အရှင်ကင်္ခ ါရေဝတ         ။ ။ စျာန်ဝင်စားသောအရာတွင်ဧတဒဂ်ရသည်။
(၁၆)အရှင်ကောဋိဝိသသောဏ။ ။ လုံ့လအားထုတ်သောအရာတွင်ဧတဒဂ်ရသည်။
(၁၇)အရှင်ကုဋိကဏ္ဏသောဏ  ။ ။ သာယာနာပျော်ဖွယ်ရွတ်ဖတ်သောအရာတွင်ဧ
တဒဂ်ရသည်။
(၁၈)ရှင်သီဝလိ                    ။ ။ လာဘ်များသောအရာတွင်ဧတဒဂ်ရသည်။
(၁၉)ရှင်ဝက္ကလိ                    ။ ။ သဒ္ဒါအားကြီးသောအရာတွင်ဧတဒဂ်ရသည်။
(၂၀)ရှင်ရာဟုလာ                 ။ ။ သိက္ခာသုံးပါးကိုအလိုရှိသောအရာတွင်ဧတဒဂ်
ရသည်။
(၂၁)ရှင်ရဌပါလ                   ။ ။ သဒ္ဒါ၍ရဟန်းပြုသောအရာတွင်ဧတဒဂ်ရသည်။
(၂၂)ရှင်ကောဏ္ဍဓာန            ။ ။ ရှေးဦးစွာစာရေးတံယူသောအရာတွင်ဧတဒဂ်
ရသည်။
(၂၃)ရှင်ဝင်္ဂီသ                     ။ ။ ကဗျာ၊ဂါထာအကုံးအသီပညာလျင်သောအရာ
တွင်ဧတဒဂ်ရသည်။
(၂၄) ရှင်ဥပသေန               ။ ။ ထက်ဝန်းကျင်ကြည်ညိုဖွယ်ရှိသောအရာတွင်ဧ
တဒဂ်ရသည်။
(၂၅)ရှင်ဒဗ္ဗ                        ။ ။ အိပ်ရာနေရာခင်းတတ်သောအရာတွင်ဧတဒဂ်
ရသည်။
(၂၆)ရှင်ပိလိန္ဒဝစ္ဆ                ။ ။ နတ်တို့ချစ်မြတ်နိုးအပ်သောအရာတွင်ဧတဒဂ်ရ
သည်။
(၂၇)ရှင်ဒါရုစီရိယာ              ။ ။ တရားလျင်မြန်စွာသိတတ်သောအရာတွင်ဧတဒဂ်
ရသည်။
(၂၈)ရှင်ကုမာရကဿပ             ။ ။ ဆန်းကြယ်သောစကားဆိုတတ်သောအရာတွင်ဧ
တဒဂ်ရသည်။
(၂၉)ရှင်မဟာကောဌိက        ။ ။ ပဋိသမ္ဘီဒါဉာဏ်အရာတွင်ဧတဒဂ်ရသည်။
(၃၀)ရှင်အာနန္ဒာ                 ။ ။ တရားကျမ်းဂန်အကြားအမြင်များသော၊သတိမြဲ
သော၊ပညာလျင်သော၊ လုံ့လရှိသော၊အလုပ်အ
ကျွေးကောင်းသော၊ထို(၅) ချက်တွင်ဧတဒဂ်ရသည်။

(၃၁)ရှင်ဥရုဝေဠကဿပ           ။ ။ အခြံအရံများသောအရာတွင်ဧတဒဂ်ရသည်။
(၃၂)ရှင်ကာဠုဒါယီ              ။ ။ အမျိုးကိုကြည်ညိုစေတတ်သောအရာတွင်ဧတဒဂ်
ရသည်။
(၃၃)ရှင်ဗာကုလ                 ။ ။ အနာကင်းသောအရာတွင်ဧတဒဂ်ရသည်။
(၃၄)ရှင်သောဘိတ             ။ ။ ပုဗ္ဗေနိဝါသဉာဏ်အရာတွင်ဧတဒဂ်ရသည်။
(၃၅)ရှင်ဥပလိ                   ။ ။ ဝိနည်းဆောင်သောအရာတွင်ဧတဒဂ်ရသည်။
(၃၆)ရှင်နန္နက                   ။ ။ ရဟန်းမိန်းမတို့ကိုဆုံးမတတ်သောအရာတွင်ဧတ
ဒဂ်ရသည်။
(၃၇)ညီတော်ရှင်နန်            ။ ။ ဣန္ဒြေစောင့်စည်းသောအရာတွင်ဧတဒဂ်ရသည်။
(၃၈)ရှင်မဟာကပ္ပိ              ။ ။ ရဟန်းယောကျာင်္းတို့ကိုဆုံးမသောအရာတွင်ဧတ
ဒဂ်ရသည်။
(၃၉)ရှင်သာဂတ                ။ ။ တေဇောကသိုဏ်းဝင်စားသောအရာတွင်ဧတဒဂ်
ရသည်။
(၄၀)ရှင်ရာဓ                     ။ ။ ဒေသနာသစ်ထင်တတ်သောအရာတွင်ဧတဒဂ်ရ
သည်။
(၄၁)ရှင်မောဃရာဇာ          ။ ။ ညစ်ညွမ်းခေါင်းပါးသောသင်္ကန်းကိုဆောင်ရာတွင်
ဧတဒဂ်ရသည်။


““ဧတဒဂ်””ရ၊ရဟန်းမိန်းမ(၁၃)ပါး””

(၁)မိထွေးတော်မဟာပဇာပတိဂေါတမီ ။ ။နေ့၊ညဉ့်အပိုင်းအခြားကိုသိတတ်သော
အရာတွင်ဧတဒဂ်ရသည်။
(၂) ခေမာ                 ။ ။ ပညာကြီးသောအရာတွင်ဧတဒဂ်ရသည်။
(၃) ဥပ္ပလဝဏ်            ။ ။ တန်ခိုးအရာတွင်ဧတဒဂ်ရသည်။
(၄) ပဋာစာရီ              ။ ။ ဝိနည်းဆောင်သောအရာတွင်ဧတဒဂ်ရသည်။
(၅) ဓမ္မဒိန္န                 ။ ။ တရားဟောသောအရာတွင်ဧတဒဂ်ရသည်။
(၆) နန္နာ                    ။ ။ စျာန်ဝင်စားသောအရာတွင်ဧတဒဂ်ရသည်။
(၇) သောဏာ             ။ ။ လုံ့လအားထုတ်သောအရာတွင်ဧတဒဂ်ရသည်။
(၈) သကုလ                ။ ။ ဒိဗ္ဗစက္ခုဉာဏ်အရာတွင်ဧတဒဂ်ရသည်။
(၉) ဘဒ္ဒါကုဏ္ဍလကေသာ။ ။ လျင်စွာတရားကိုသိတတ်သောအရာတွင်ဧတဒဂ်ရ
သည်။
(၁၀) ဘဒ္ဒါကာပိလာနီ     ။ ။ ပုဗ္ဗေနိဝါသဉာဏ်အရာတွင်ဧတဒဂ်ရသည်။
(၁၁) ဘဒ္ဒကစ္နာနာ         ။ ။ ဉာဏ်အမြင်ကြီးသောအရာတွင်ဧတဒဂ်ရသည်။
(၁၂) ကိသာဂေါတမီ       ။ ။ ညစ်ညွမ်းခေါင်းပါးသောသင်္ကန်းကိုဆောင်ရာတွင်ဧ
တဒဂ်ရသည်။
(၁၃) သိင်္ဂ ါလမာတာ       ။ ။ သဒ္ဒါအားကြီးသောအရာတွင်ဧတဒဂ်ရသည်။
.......................................................................................................
... ““ဧတဒဂ်””ရလူယောကျင်္ား(၁၀)ယောက် ...

(၁)တပုဿနှင့်ဘလ္လိကာ။ ။ညီနောင်နှစ်ဦးသည်ရှေ့ဦးစွာသရဏဂုံဆောက်တည်သော
အရာတွင်ဧတဒင်္ဂရသည်။
(၂) အနာထပိဏ်သူဌေး   ။ ။ ပေးလှူတတ်သောအရာတွင်ဧတဒင်္ဂရသည်။
(၃) စိတ္တသူကြွယ်           ။ ။ တရားဟောသောအရာတွင်ဧတဒင်္ဂရသည်။
(၄)ဟတ္တကာဠဝက        ။ ။သင်္ဂဟဝတ္ထုလေးပါးတို့နှင့်သင်္ဂြိလ်တတ်သောအရာတွင်
ဧတဧတဒင်္ဂရသည်။                                
(၅)မဟာနာမ်သာကီဝင်  ။ ။အခါမပြတ်၊အမြတ်အကောင်းပေးလှူတတ်သောအရာ
တွင်ဧတဒင်္ဂရသည်။                               
(၆) ဝေသာလီမြို့နေဥဂ္ဂသူကြွယ်။ ။ နှစ်သက်ရာအမြတ်ကိုပေးလှူတတ်သောအရာ
တွင်ဧတဒင်္ဂရသည်။
(၇) ပတ္ထိဂါမရွာနေဥဂ္ဂတသူကြွယ်။ ။ သံဃာကိုလုပ်ကျွေးတတ်သောအရာတွင်ဧတဒ
င်္ဂရသည်။
(၈) သူရဗန်                 ။ ။ မတုန်မလှုပ်ကြည်ညိုသောအရာတွင်ဧတဒင်္ဂရသည်။
(၉) ဇီဝက                   ။ ။ ပုဂ္ဂိုလ်ကိုကြည်ညိုတတ်သောအရာတွင်ဧတဒင်္ဂရသည်။
(၁၀) နကုလပိတာ         ။ ။ အကျွမ်းဝင်သောအရာတွင်ဧတဒင်္ဂရသည်။

““ဧတဒဂ်””ရလူမိန်းမ(၁၀)ယောက်””

(၁)သေနိယသူဌေးသမီးသုဇာတာ ။ ။ ရှေ့ဦးစွာသရဏဂုံဆောက်တည်သောအရာ
တွင်ဧတဒင်္ဂရသည်။
(၂)ဝိသာခါ             ။ ။ ပေးလှူတတ်သောအရာတွင်ဧတဒင်္ဂရသည်။
(၃)ခုဇ္ဇုတ္တရာ           ။ ။ အကြားအမြင်များသောအရာတွင်ဧတဒင်္ဂရသည်။
(၄)သာမာဝတီ        ။ ။ မေတ္တာဖြင့်နေသောအရာတွင်ဧတဒင်္ဂရသည်။
(၅)နန္ဒမာတာဥတ္တရာ ။ ။ စျာန်ဝင်စားသောအရာတွင်ဧတဒင်္ဂရသည်။
(၆)ကောလိယမင်းသမီးသုပ္ပဝါသာ။ ။အကောင်း၊အမြတ်ပေးလှူတတ်သောအရာတွင်
ဧတဒင်္ဂရသည်။                       
(၇)သုပ္ပိယာ            ။ ။ သူနာကိုလုပ်ကျွေးတတ်သောအရာတွင်ဧတဒင်္ဂရသည်။
(၈)ကာတိယာနီ       ။ ။ မတုန်မလှုပ်ကြည်ညိုသောအရာတွင်ဧတဒင်္ဂရသည်။
(၉)နကုလမာတာ     ။ ။ အကျွမ်းဝင်သောအရာတွင်ဧတဒင်္ဂရသည်။
(၁၀)ကာဠိဒါယိကာမ ။ ။ တစ်ဆင့်ကြား၍ကြည်ညိုသောအကျွမ်းဝင်သောအရာတွင်
ဧတဒင်္ဂရသည်။
မှတ်ချက် ။ ။ရွှေမင်းဝန်ဦးဘုန်းမြင့်ရေးသော(တောင်တွင်းဆရာတော်ခင်ကြီးပျော် ၏လောကီ၊လောကုတ္တရာ)အမေးအဖြေကျမ်းမှကိုးကားသည်။