ဓမ္မမိတ်ဆွေအပေါင်းတို့ ထိုင်နေသောအခါ ညောင်းညာမှုဖြစ်၏။ ဣရိယာပုတ်များကို
မကြာခဏ ရွေ့ပြောင်းပြီး ဒုက္ခဝေဒနာကို သက်သာအောင် လုပ်ရ၏။ ထို့ကြောင့် ဒီခန္ဓာကိုယ်
ကြီးသည် (၁) “ဒုက္ခသစ္စာ ဖြစ်၏။ ယင်းသို့ ဒုက္ခဖြစ်အောင် ဘယ်သူကနေပြီး ဒုက္ခပေးနေသလဲ၊
လောဘဆိုသော “တဏှာက” ဒုက္ခပေးလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် ဒုက္ခ၏ အကြောင်းရင်းခံ
ဖြစ်သော လောဘတဏှာသည် (၂) “သမုဒယသစ္စာ” ဖြစ်၏။ ယခုလို ပဌာန်းတရားတော်ကို
လေ့လာနာကြား မှတ်သားနေသည်၊ ပဌာန်းတရားတော်ကို ရွတ်နေသည်၊ ပဌာန်းတရားတော်၌
ကြောင်းကျိုးဆက်စပ် ဖြစ်ပျက်နေပုံများကို ၀ိပဿနာရှုနေသည် ဆိုလျှင် လောကီမဂ္ဂင် ငါးပါး
ဖြစ်နေပြီ။ ဒီမဂ္ဂင် ငါးပါးက (၃) မဂ္ဂသစ္စာ ။ ဒီလို ရှုမှတ်ဆင်ခြင် နေချိန်မှာ ပြင်ပကဝင်လာနိုင်
မယ့် ကိလေသာတွေ ယာယီချုပ်ငြိမ်းနေပြီ။ ဒါကို (၄) နိရောဓသစ္စာ ဟု ပြောနိုင်၏။ ဒါတွေ
သည် တကယ့် အစစ်အမှန် လောကုတ္တရာ သစ္စာလေးပါးတော့ မဟုတ်သေးပါ၊ ဒီလို လောကီ
သစ္စာလေးပါးက နေပြီးတော့ တဖြည်းဖြည်းချင်း တက်သွားပါမှ လောကုတ္တရာသစ္စာကို ရောက်
မည်။ လောကီသစ္စာကိုလည်း အထင်သေးလို့ မဖြစ်ပါ။
အကုသိုလ်တွေကိုတော့ မဂ္ဂသစ္စာ မပွားရ၊ မိစ္ဆာဒိဌိ ဆိုတာ အယူမှားတာ၊ မိစ္ဆာဝါယာမ
ဆိုတာ အကုသိုလ်လုပ်ငန်းကို အားထုတ်တာ၊ မိစ္ဆာသတိ ဆိုတာ အကုသိုလ် လုပ်ငန်းတွေကို
အမှတ်ရနေတာ၊ မိစ္ဆာသမာဓိ ဆိုတာ အကုသိုလ် လုပ်ငန်းများ၌ စူးစိုက်တည်ကြည်တာ၊ ဒါတွေ
ကိုပွားရင် အပါယ်ရောက်မယ်။ အပါယ်မဂ် ၄-ပါးဟုသာ မှတ်ရမယ်။ မဂ် ၅-ပါးပွားလျှင် လူ့ဘုံ၊
နတ်ဘုံ၊ ဗြဟ္မာဘုံ ရောက်၏။ မဂ် ၈-ပါး ပွားလျှင် နိဗ္ဗာန်ရောက်မည်။ အဲဒီလို ရောက်စေနိုင်သော
လမ်းခရီးဖြစ်သည့်အတွက် ဒီတရားတွေကို “ မဂ္ဂင်္ဂ ါနိ ” ဟု ဟောကြားခြင်းဖြစ်သည်။
၀ိတက်၊ ၀ိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာ ၅-ပါးက ရင့်ကျက်လာပြီဆိုလျှင် စိတ်တွေမှာ
ဖုကြီး ၅-ခု ပေါ်လာသကဲ့သို့ ဒီမဂ္ဂင် ၈-ပါး ကလည်း တရားတွေ ကျင့်ပါများလာလို့ ရင့်ကျက်
လာပြီဆိုလျှင် “ သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ” ဆိုတဲ့ ဖုကြီး
၅-ခု ဖြစ်လာပြီးတော့ ကျေးဇူးပြုသည်။ နိဗ္ဗာန် မရောက်မီ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ ရောက်
အောင် ပို့ပေးသော လမ်းခရီးဖြစ်၏။ နိဗ္ဗာန် ရောက်အောင်လည်း အထောက်အပံ့ပေး၏။
ဒါကြောင့် တရားကျင့်ကြံ ကြိုးစားအားထုတ်နေကြတဲ့ သူတော်စင်အပေါင်းတို့ကလည်း
“ သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ” ဆိုတဲ့ တရားနဲ့အညီ ကျင့်
ဆောင်ကြကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
{ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော် နဝမ ဗန်းမော်ဆရာတော်ကြီး
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ ပဌာန်းတရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ဦးသိန်းဝေ။