သူတောင်းစား
•••••••••••••••••
တရားကျအားမထုတ်ချင်ပဲနဲ့ခင်ဗျားတို့ကနိဗ္ဗာန်ရချင်..
ဘုန်းကြီးရှေ့သွားကန်တော့
သည်တော့ဘုန်းကြီးကဆုပေးတယ်..
ဝဋ်ဘဝတိုတိုနဲ့မဂ်ဖိုနိဗ္ဗာန်ကိုရလွယ်ကြသည်ဖြစ်စေ'တဲ့
အဲလိုဆိုတော့ခင်ဗျားတို့ကလည်းအချောင်သမားတွေ။တရားအလုပ်မလုပ်ချင်ဘူး။ဘာပြန်ပြောတုန်းဆိုတော့..
ပေးတဲ့ဆုအတိုင်းပြည့်စုံရပါလို၏'တဲ့..
ခက်လိုက်တဲ့ဖြစ်ခြင်း..အတော်ဆိုးတဲ့လူတွေ
ဘယ်ရမလဲဗျ
ပေးတဲ့ဘုန်းကြီးကလည်းထုံးစံအတိုင်းပေးတာ။ခင်ဗျားတို့ကလည်းအလကားလိုချင်တာဆိုတော့ကိုက်နေတာပဲ..
ခင်ဗျားတို့ကဘုရားနားသွားပြီးရှေ့ကနေပိတ်ထိုင်။ပြီးတော့ကျယ်လောင်ကျယ်လောင်နဲ့ဘုရားရှိခိုးကြတယ်
အမှန်ကတော့ခင်ဗျားတို့ဟာကကျက်ထားတဲ့စာမေ့သွားမှာစိုးလို့ဘုရားရှေ့သွားပြန်တာနဲ့တူနေတယ်
ဘာလို့လဲဆိုတော့ပါးစပ်ကသာဆိုနေတာစိတ်ကဘုရားဂုဏ်တော်ဆီကိုရောက်မှမရောက်ပဲ
မှန်ပါဘုရား..
နှုတ်တတ်ရနေလို့သာဆုံးသွားတာ။ဒီတော့စာပြန်တာနဲ့တူနေတာပေါ့။
ပြီးတော့ဆုတောင်းကြသေးတယ်။
ဒီလိုဘုရားရှိခိုးရသည့်အတွက်ပေါ့လေ..
ပဋိသန္ဓေအို'နာ'သေဘေးမှလွတ်ရပါလို၏တဲ့..
မှန်ပါ..
ဘယ်...ဒီဆုမျိုးဘုရားကပေးလိမ့်မလဲ
ပေးနိုင်တာမှမဟုတ်တာ
ဒါကိုခင်ဗျားတို့ကဇွတ်တောင်းနေကြတယ်
ဘုရားကိုနားပူနားဆာလုပ်ကြတယ်
ရုပ်တုတော်မိုလို့ပေါ့ဗျာ..
သက်တော်ထင်ရှားဘုရားသာဆိုလို့ရှိရင်'နားငြီးတယ်'ဆိုုပြီးခြေထောက်နဲ့ဆီးကန်ချင်စရာ
မှန်ပါဘုရားး
ခင်ဗျားတို့ကတော်တော်အတောင်းရမ်းထူတဲ့လူတွေ။
အတောင်းရမ်းထူတဲ့လူတွေဆိုတာဘယ်အမျိုးတုံးး
သူတောင်းစားမျိုးပါဘုရားး
အေး..
အဲဒီအထဲကဖြစ်နေပြီခင်ဗျားတို့က
ဒါမျိုးကဆုတောင်းယူလို့ရတာမဟုတ်ဘူးလုပ်ယူမှရတာ။အဲတာလုပ်ယူကြ
တစာစာတောင်းမနေနဲ့
တန်ရာတန်ကြေးလုပ်အားပေးပြီးယူကြ
မိုးကုတ်ဆရာတော်ဘုရားကြီး
တစ်ဘဝသာသနာ