ဥပ ကတ္တုံယထာ ခုဒ္ဒေါ၊
သမတ္ထော နတထာမဟာ။
ကူပေါ ဟိ ဟန္တိ ပိပါသံ၊
နတု ပါယော မဟမ္ဗုဓိ ။ ။

ဤဂါထာ၏ဆိုလိုရင်း အဓိပ္ပါယ်မှာ သေးငယ်သော ရေတွင်းသည် ရေငတ် ခြင်းအားသာကို ပယ်ဖျောက်နိုင်သော် လည်း အလွန်တရာကြီးကျယ်လှသော သမုဒ္ဒရာကြီးသည် ရေငတ်ခြင်းအာသာ ကို မပယ်ဖျောက်နိုင်။

ဤသက်သေသာဓကအားဖြင့်ဆ၍ သိသင့်သောသဘောမှာ ဤလောက၌ စည်းစိမ်ဥစ္စာ ဂုဏ်သိန်နည်းပါးသော သာမန်လူများသည် တစ်ဦးတစ်ယောက် ကို ချီးမြှောက် မ စ ခြင်းငှါလွယ်ကူစွာ တတ်စွမ်းနိုင်သကဲ့သို့ ထို့အတူစည်းစိမ် ဥစ္စာ ဂုဏ်သိမ်ကြီးမြင့်သော လူကြီးဂုဏ် ကြီးရှင်များသည် တစ်ဦးတစ်ယောက်ကို ချီးမြှောက်ခြင်းငှါ လွယ်ကူစွာမစွမ်းနိုင် ဟု ဆိုလိုသည်။

ဤလောက၌ ဥစ္စာစည်းစိမ်ဂုဏ်သိမ် နည်းပါးသောသူ၊ ဂုဏ်ကြီးမားသောသူ ဟူ၍ နှစ်မျိုးရှိလေသည်။

ထိုကဲ့သို့ အဆင့်အတန်း နှစ်မျိုးရှိလေရာ အလွန်မထင်ရှားလှ သာမာန်ဂုဏ်မျှရှိ သောသူများသည် သူတစ်ဦးတစ်ယောက် ကို ချီးမြှောက် မ စ မည်ဆိုလျှင်များသော အားဖြင့် တတ်စွမ်းနိုင်ကြသည်။ အလွန် အထက်တန်းကျသော ဂုဏ်ကြီးရှင်များ သည်ကား သူတစ်ဖက်သားကို ထိုကဲ့သို့ ချီးမြှင့် မ စ ခြင်းငှါ များသောအားဖြင့် မစွမ်းနိုင်ဘဲရှိတတ်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ဖြစ်ရ ပါသနည်းဟု စဉ်းစားဆင်ခြင်လိုက်သည် ရှိသော် ဂုဏ်သေးသိမ်သောသူများသည် တက်ကြွခြင်းတည်းဟူသော မာန၊ ရစ်ခြင်း တည်းဟူသော မဒ တရားများနည်းပါး စွာရှိကြသဖြင့် စိတ်နှလုံးအစဉ်သည် ပျော့်ပျောင်းလျက်ရှိ၏။

ထိုသာမာန်လူတို့၏စိတ်သဘောကို စည်းစိမ်နှင့် ဂုဏ်သိန်တို့ကများစွာ ဖုံးလွှမ်းကာဆီးခြင်းမရှိ။ ထိုသို့ဖြစ်ခဲ့ရာ လူတစ်ဦးတစ်ယောက်အပေါ်မှာ ကြင်နာသနားခြင်းတည်းဟူသော တရားများသည် သန့်ရှင်းစင်ကြယ်စွာ ဖြစ်လေ့ရှိ၏။ ထို့ကြောင့်တစ်ဦးတစ် ယောက်ကို ဖြစ်စေ၊ အချင်းချင်းကို ဖြစ်စေ ကူညီထောက်ပံ့ မ စ ခြင်းငှါ လွယ်ကူစွာဖြစ်နိုင်ကြလေ၏။

မျက်မြင်ဒိဋ္ဌအားဖြင့်ကြည့်လိုက်သော် ဂုဏ်မမြင့်သောသာမာန်လူများသည် အချင်းချင်းထောက်ပံ့ကူညီကာသင့် တင့်စွာ နေထိုင်လျက်ရှိကြသည်ကို တွေ့ရှိရ၏။ တစ်မိသားချင်း တစ်အူ တုံဆင်းဖြစ်သော ညီအစ်ကိုမောင်နှမ တို့ရှိကြရာ သာမာန်အားဖြင့် ဂုဏ် ရည်တူဖြစ်၍နေကြသောအခါ တစ်ဦး နှင့်တစ်ဦး ချစ်ခင်တင့်သင့်စွာပေါင်း သင်း၍ ပြုံးပြုံးရွှင်ရွှင်နေထိုင်လျက်ရှိ ကြသည်ကို များသောအားဖြင့်တွေ့ မြင်ရလေသည်။ တစ်ယောက်သော သူမှာ အရေးအရာကြုံကြိုက်၍နေ လျှင် ကိုယ်ဖိရင်ဖိဂရုတစိုက်အရေး တကြီးစိတ်ရောကိုယ်ပါ ကူညီဆောင် ရွက်တတ်ကြလေသည်။ မြို့ကြီး ပြကြီးတွင် နေထိုင်ကြသောသူတို့ နှင့် ကျေးလက်ရွာငယ်များမှာနေထိုင် ကြသောသူတို့၏ အလေ့အလာကို ကြည့်ရှုခြင်းအားဖြင့်လည်းဤသ ဘောအဓိပ္ပါယ်ကို အလွယ်တကူ နှင့်သိမြင်နိုင်ကြလေသည်။

တောလက်ကျေးရွာ၌ နေထိုင်ကြ သော သူများမှာ များသောအားဖြင့် မြို့ကြီးပြကြီးတို့၌ နေထိုင်သောသူ များကဲ့သို့ ဂုဏ်မရှိရှာကြ။ ထိုဂုဏ် ကိုလည်းလိုက်စားရန် မျက်စိမကျယ် ကြ။ ဂုဏ်ပကာသနကိုလိုက်စားနေ ကျမဟုတ်သောကြောင့်လည်းထို ဂုဏ်များကို အရေးတကြီးကြံစည် ခြင်းအားဖြင့် အားထုတ်လေ့မရှိကြ။ ထိုက်သည့်အားလျော်စွာ အချင်းချင်း ပေါင်းသင်းဆက်ဆံကာ တစ်ယောက် အရေးရှိလျှင် တစ်ယောက်က ကူညီ စောင့်ရှောက်ခြင်းအားဖြင့် ချမ်းချမ်း သာသာနေထိုင်လျက်ရှိကြပေသည်။

ဂုဏ်ကြီးသောသူများ၏စိတ်သဘော သည် ဂုဏ်သေးသိမ်၍ သာမညဖြစ် သော သူတို့၏စိတ်သဘောနှင့်မတူ ဘဲ အထက်အထက်ဖြစ်သောဂုဏ် ကိုသာ လှမ်းလိုသည့်ဆန္ဒရှိကြကုန် ၏။ ထိုထက် ဂုဏ်အဆင့်များသို့ လှမ်း၍ တက်နိုင်လေအောင်ဂုဏ် ကြီးရှင်များကို အချင်းချင်းပေါင်းသင်း ကြရ၏။ ဂုဏ်ကိုရရှိရန်အတွက်နေ့စဉ် ရက်ဆက် အလုပ်များပြားကြရကုန်၏။ စိတ်နေစိတ်ထားမြင့်မားသဖြင့် အောက်လူများကို အလေးမမူ၊ မထီ မဲ့မြင်အရေးမလုပ်၊ ဂရုမစိုက်အမှတ်မဲ့ နေတတ်ကြ၏။ ထိုသို့ဖြစ်သောကြောင့် အောက်လူများကို မချီးမြှောက်နိုင်ဘဲ အထက်သို့သွေးတက်လျက်အောက် သို့ မလှည့်နိုင်ရှာကြလေသည်။

သေချာစွာစဉ်းစားလိုက်သည်ရှိသော် ဂုဏ်ရှိသောသူတို့၏ ဂုဏ်ကြီးမြင့်ခြင်း၊ ပစ္စည်းရှိသောသူတို့၏ ပစ္စည်းတိုးတက် ခြင်းများသည် ထိုသူ၏အစွမ်းသတ္တိ တစ်ခုတည်းနှင့် ဖြစ်မြောက်နိုင်ကြ သည်မဟုတ်။ ဂုဏ်သေးသိမ်သော အောက်လက်ငယ်သားတို့၏ ကူညီ လုပ်ကိုင်ခြင်းအားဖြင့် ဖြစ်ပွားနိုင်ကြ လေသည်။ သို့ရာတွင်ချီးမွှမ်းစကား ပြောကြားကြသောအခါ ပစ္စည်းရှင် ဂုဏ်ကြီးရှင်တို့၏အစွမ်းကိုသာ ချီး ကျူးလေ့ရှိကြလေသည်။ ဥပမာ စစ်ပွဲကြီးတစ်ခုတိုက်ခိုက်၍အောင် မြင်သောအခါ ရင်ကိုမြေကတုတ် လုပ်၍ သက်စွန့်ကြိုးပမ်းတိုက်ခိုက် ကြရှာသော စစ်သားများကိုမချိး မွှန်းကြဘဲ ဘုရင်၏ဘုန်းတော်၊ သမ္ဘာတော်ကြောင့်သာလျှင် အောင်ပွဲ ရသည်ဟူ၍ ချီးမွှန်းထောပနာပြုလုပ် ကြသကဲ့သို့လည်း။

လယ်တီပဏ္ဍိတဦးမောင်ကြီး (နီတိမဥ္ဇရီကျမ်း)