# မစ္ဆရိယ အကြောင်း #
*****************
ဝန်တိုခြင်းသဘောသည် " မစ္ဆရိယ " တည်း။ ယခုကာလ၌ မလှူရက် မပေးကမ်းရက်သောသူကို မစ္ဆရိယ ွှှိသူဟု ခေါ်ကြသည်။ မစ္ဆရိယကား မလှူချင် မပေးချင်မှုမျိူးမဟုတ်။ သူတစ်ပါးတို့အား မရစေချင်သော သဘောသာတည်း။ ထို့ကြောင့် မလှူချင်မပေးချင်မှုတို့မှာ မိမိပစ္စည်းကို တွယ်တာသော လောဘ သဘောသာဖြစ်သည်။မိမိ ပစ္စည်းကိုဖြစ်စေ အခြားပစ္စည်းကိုဖြစ်စေ ဂုဏ်ကိုဖြစ်စေ သူတစ်ပါးမရစေလိုသော သဘောကိုသာ ဝန်တိုမှု မစ႓္ဆရိယ သဘောဟု မှတ်ပါ။

မစ္ဆရိယ ( ၅ ) မျိုး
**************
၁။ အာဝါသမစ္ဆရိယ= မိမိနေရာ ၌ ဝန်တိုမှု။
၂။ ကုလမစ္ဆရိယ= မိမိ အမျိုးအပေါ် ဝန်တိုမှု။
၃။ လာဘမစ္ဆရိယ= ပစ္စည်းလာဘ်လာဘကို ဝန်တိုမှု။
၄။ ဝဏ္ဍမစ္ဆရိယ= ကိုယ့်အဆင်း ဂုဏ်သတင်း ၂လုံး၌ ဝန်တိုမှု။
၅။ ဓမ္မမစ္ဆရိယ= မိမိတတ်သိသောတရား(အတတ်ပညာ)ကိုဝန်တိုမှု။

ကျမ်းဂန်လာ မစ္ဆရိယ ၅ ပါးကိုစဉ်းစားလျှင် သူတပါးလှူဒါန်းမှ နေထိုင်စားသောက်ရသော ရဟန်းများ သီလရှင်များ၌အဖြစ်များဖွယ်ရှိ၏။ ယခု မျက်မြင်အားဖြင့်လည်း ထိုသူများ၌ ဤ မစ္ဆရိယ သောင်းကျန်းလျှက်ရှိသည်။ လူအများ၌လည်း ကိုယ့်ထက်အိမ်ကောင်းရာကောင်းရှိမှာစိုးခြင်း ကိုယ့်ထက် ဥစ္စာပေါမှာစိုးခြင်း ရောင်းဝယ်ကောင်းမှာစိုးခြင်း ကိုယ့်ထက်ဆွေမျိုးဉာတိပေါမှာ စိုးခြင်း ကိုယ့်ထက်လှမှာစိုးခြင်း ကိုယ့်ထက်ဂုဏ်ကြီးမှာစိုးခြင်း ကိုယ့်ထက်တတ်သိမှာစိုးခြင်း စသောအားဖြင့် အများပင် ဖြစ်တတ်ပါသည်။ ထိုသဘောများကား မစ္ဆရိယ ပင်တည်း။ ထိုသို့ မစ႓္ဆရိယ ဖြစ်သည့်အတွက် ထိုအဖြစ်ခံရသူမှာ အကျိုးမယုတ်ပဲ မိမိ မှာ စိတ်ယုတ်မာရှိကြောင်း ထင်ရှားရကား ဤ မစ္ဆရိယ ကို ဝါသနာနှင့်တကွ အမြစ်ပါပြုတ်အောင် ကြိုးစား၍ ဖြုတ်သင့်ကြပေသည်။ ဤကဲ့သို့ တရားသိသော ဘဝ ၌ သော်မှ မစ္ဆရိယကို မတားလျှင် ပြိတ္တာ ဖြစ်ဖို့သာ ပြင်ကြပါတော့a… …… …ဟု အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်မှ ကောက်နှုတ်ရေးသား တင်ပြလိုက်ရပါသည်။