အဘိဓမ္မာဒေသနာတော်လာ ဝိစိကိစ္ဆာ ၈ ပါး

၁။ ဘုရားရှင်၌ယုံမှားခြင်း
၂။တရားတော်၌ယုံမှားခြင်း
၃။သံဃာတော်၌ယုံမှားခြင်း
၄။အကျင့်သိက္ခာ၌ ယုံမှားခြင်း
၅။သံသရာ၏ ရှေ့အစွန်း၌ ယုံမှားခြင်း
၆။သံသရာ၏ နောက်အစွန်း၌ ယုံမှားခြင်း
၇။သံသရာ၏ ရှေ့နောက် အစွန်းနှစ်ပါး၌ ယုံမှားခြင်း
ဂ။ပဋိစ္စ သမုပ္ပာဒ်တရား၌ ယုံမှားခြင်း

ဤကားအဘိဓမ္မာဒေသနာတော်လာ ဝိစိကိစ္ဆာ ၈ ပါးတည်း။

. "သုတ္တန်ဒေသနာတော်လာ ဝိစိကိစ္ဆာ (၁၆)ပါး"

အတိတ်၌ ယုံမှားခြင်း (၅)ပါး
. ~~~~~~~~~~~~~

၁။ရှေး၌ ငါဖြစ်ဖူးပြီလော။
၂။ရှေး၌ ငါ မဖြစ်ဖူးသေးသလော။
၃။အဘယ်အမျိုးအနွယ်အားဖြင့် ဖြစ်ဖူးလေသနည်း။
၄။အဘယ် အဆင်း သန္တာန်အားဖြင့် ဖြစ်ဖူးလေသနည်း။
၅။ဟိုတတိယဘဝ စသည်က ဘယ်ပုံဖြစ်ခဲ့၍ လွန်ခဲ့သော
. ဒုတိယဘဝ ဝယ် ဘယ်လိုများဖြစ်ခဲ့ပါလိမ့်မည်နည်း။

ဤကားအတိတ်၌ ယုံမှားခြင်း ၅ ပါးတည်း။

အနာဂါတ်၌ ယုံမှားခြင်း ( ၅ ) ပါး
. ~~~~~~~~~~~~~~~

၁။နောင်၌ ငါဖြစ်ရလတ္တံ ့လော။
၂။နောင်၌ ငါ မဖြစ်ရ လတ္တံ ့လော။
၃။အဘယ် အမျိုးအနွယ်အားဖြင့် ဖြစ်ရလတ္တံ ့နည်း။
၄။အဘယ် အဆင်းသန္တာန်အားဖြင့် ဖြစ်ရလတ္တံ ့နည်း။
၅။နောင်တတိယဘဝကစ၍ ဘယ်ပုံဖြစ်ရဘတ္တံ ့နည်း၊
. ဒုတိယဘဝဝယ် ဘယ်လိမြျားဖြစ်ရလတ္တံ ့နည်း။

ဤကားအနာဂါတ်၌ ယုံမှားုခင်း ၅ ပါးတည်း။

ပစ္စုပ္ပန်၌ ယုံမှားခြင်း ( ၆ )ပါး
. ~~~~~~~~~~~~~

၁။ယခု ငါသည် ဖြစ်ဆဲလော။
၂။ယခု ငါသည် ဖြစ်ဆဲ မဟုတ်လေသလော။
၃။အဘယ်အမျိုးအနွယ်အားဖြင့် ဖြစ်လေသနည်း။
၄။အဘယ် အဆင်းသန္တာန်အားဖြင့် ဖြစ်လေသနည်း။
၅။အဘယ် ဘဝမှ လာခဲ့သနည်း။
၅။အဘယ် ဘဝသို့ သွားရမည်နည်း။

ဤငါး ပစ္စုပ္ပန်၌ ယုံမှားခြင်း ၅ ပါး တည်း။

ဝိပဿနာ တရား
ကျင့်ကြံအားထုတ်တော်မူကြကုန်သော
ယောဂီသူတော်ကောင်းတို့၏သန္တာန်၌
ဤ ဝိစိကိစ္ဆာ ၁၆ ပါး ခိုအောင်းနေပါက
မဂ်ဖိုလ် မရနိုင်ပါ။

ဗဟုသုတဓမ္မအဖြစ် ရေးသားတင်ပြပါသည်။

မှီငြမ်း
*****
ပိဋကလမ်းညွှန်ကျမ်းပြုအရှင်
ဦးသီဟဗလ ( ပါဠိပါရဂူ ) ရေးသားပြုစုတော်မူသော
အရိယာစစ်တမ်း (စာ ၁၅၁)