ဒါန ဆိုတာ ပေးသူအတွက် အကျိုးဖြစ်ထွန်းတာထက် ယူသူ အတွက် အကျိုးဖြစ်ထွန်းတယ် ဆိုတာကို
စံထားပြီး မြတ်စွာဘုရားက အဖြေထုတ် ထားပါတယ်။

အလှူ တကာ ့ အလှူ ထဲမှာ တရားအလှူ ဟာ အမြတ်ဆုံးဆိုတာကို ဗုဒ္ဓ ဘာသာ ဝင် တော်တော် များများ
သိထားပြီးသားပါ။

ဓမ္မ ဒါန က ဘာကြောင့် မြတ် သလဲ???????

ဥပမာ= =ရှင် အဿဇိ က ရှင်သာရိပုတ္တရာကို သင်္ကန်း တစ်စုံ လှ ူလိုက်မယ် ဆိုရင် သင်္ကန်း မဟောင်းခင်
မစုတ်ခင် ဝတ် ရမှာပါ။ ဆွမ်းလှူ လိုက်မယ်ဆိုရင်တစ်ရက်စာ ရမှာပါ။ဆွမ်း အကျိုးပြုမှုကလည်း ဒီလောက်ပဲ
သင်္ကန်း အကျိုး ပြုမှုကလည်း ဒီ လောက်ပဲ အဆောက်အဦးလှူ မယ် ဆိုလည်း အဆောက်အဦး အကျိုးပြု
မှ ူ က ဒီလောက်ပဲ။

ဓမ္မ ဒါန ကြောင် ့ ဓမ္မ ကိုရသွားတဲ့အခါ အကျိုးပြုတာ သံသရာက လွတ်သွားတယ်။
အသိညာဏ်တွေ ရသွားတယ်။နိဗ္ဗာန် ထိအောင်ရောက်သွားတယ်။ ဒါကြောင့် ဓမ္မ ဒါန က အမြတ် ဆုံး လို ့
ဒီ လိုဆိုတာပါ။

အဲ့ ဒီတော့ လှူ တဲ့သူနဲ့ ယူတဲ့သူ ။ ပေးသူ နဲ့ရသူ အဲ့ဒီ နှစ်မျိုး ထဲမှာ ရသူမှာ အကျိုးဖြစ်ထွန်း သွားတယ်။

ဘုန်းကြီးတစ်ပါးကိုကျောင်းဆောက်ပြီးလှ ူမယ်။ဒီဘုန်းကြီး ကျောင်းပေါ်မှာချမ်းချမ်းသာသာ နေရမယ်။
ကျောင်းရတာကို အကြောင်းပြုပြီး တိုက်ရိုက် နိဗ္ဗာန် မရနို်င်ဘူး။ အဲ့ဒီ ဘုန်းကြီး ကိုတရားပြလို ့
ဓမ္မ ဒါနအလှူ လှူ လိုက်လို ့ အဲ့ဒီ ဘုန်းကြီးတရားသိသွားလို ့ရှိရင် သံသရာဝဋ် က လွတ်တယ် ဆိုတာ
ဖြစ်သွားတယ်။ ဒါကြောင့် ဒါန အလှူ က အမြတ်ဆုံးလို ့ ပြောတာ။

ရှင် အဿဇိ က ပေးလှူ လိုက်တဲ့ တရားအလှူ ကို ရှင်သာရိပုတ္တရာက ယူတတ်လို ့ သောတာပန် တည်
ပြီးတော့ အသဝေါကုန်ခမ်း ရဟန္တာ ဖြစ်ပြီး အင်မတန်တန်ဖိုးရှိတဲ့ လက်ယာတော် ရံအဂ္ဂသာဝက
ဖြစ်သွားတာပါ။

လှ ူ လိုက်တဲ့အလှူ က ယူတဲ့ သူအတွက် ပိုပြီး အကျိုးရှိတယ် လို ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက
ဒီလိုဆိုထားတာဖြစ်ပါတယ်။

အဂ္ဂမဟာ ပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)