အခါတပါး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က နိဗ္ဗာန် ရောက်ကြောင်းတရားသည် အဘယ်တရားနည်းဟု
မေးလေသော် ရဟန်းတော်များတစ်ပါးသော်မျှ ဖြေကြားနိုင်ခြင်းမရှိသည့်အတွက် ဘုရားရှင် ကိုယ်တော်
တိုင် ပြန်လည်ဖြေကြားပေးခဲ့ရလေ၏။

၀ိပဿနာ တရားသာလျှင် နိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်၏။

ကောသလ မင်းကြီးသည် ဘုရားရှင်အား ကြည်ညိုလွန်းသူဖြစ်သောကြောင့် ဘုရားရှင်နှင့် ဆွေမျိုးတော်
ရသော်ကောင်းလေ၏ ဟု တွေးတောကြံစည်၍ သာကီဝင်မင်းတို ့ ထံမှ မင်းသမီး တစ်ပါးကိုတောင်းခံ
ရာ။ သာကီဝင် အမျိုးအနွယ်တို ့သည် သာကီဝင်နွယ် များသာမြင့်မြတ်သည် ဟု ယူဆ သူများဖြစ်သော
ကြောင့် မင်းသမီးတစ်ပါးပါးကိုအပ်နှင်းခြင်းမပြုပဲ အစေခံကျွန်မ တစ်ယောက်ကိုမင်းသမီးအဝတ်တန်ဆာတို ့
ဆင်မြန်းပေး၍ အပ်နှင်းခဲ့ဖူး၏။

ဘုရားရှင် ကိုယ်တော်မြတ်က ငါဘုရား ဟောသောတရားတော်တို ့ကို
နာကြား မှတ်သား ပွားများ အားထုတ် ဖြစ်ပျက် မြင်အောင် လုပ်ပါက ငါဘုရားနှင့် အမျိုးတော်၏ ဟု
မိန် ့တော်မူသည်။

ဖေါ်ပြပါဉာဏ်(၃) ပါး ကို ရသောသူသည် ဘုရားရှင် နှင့်ဆွေမျိုးတော်သောဗုဒ္ဓဘာသာ ဝင်အစစ်ဖြစ်သည်။

၁။ ကျိုးကြောင်းသိသော ဉာဏ်
၂။ရုပ် နာမ် သိသောဉာဏ်
၃။ဖြစ် ပျက် မြင်သော ဉာဏ်


ထို(၃)းပါးသော ဉာဏ် ကိုရသောသူသည် ဘုရားရှင်၏ သားသမီး ရတနာများဖြစ်၏
ဘုရားနှင့်ဆွေမျိုးတော်စပ်၏။