တရားဓမ္မနဲ့ပတ်သက်ပြီး ဒီတရားဟာ ဘုရားဟောတဲ့တရား သူကိုယ်တိုင် ဘယ်ဆရာတော်
ဘုရားဆီက နာခဲ့ရတာ၊ သို့မဟုတ် ဒီစာထဲမှာ ပါ ပါတယ်၊ ဘယ်စာအုပ်ထဲမှာ ရေးထားတာလို့
ပြောဆိုကြတဲ့အခါ ကျန်တစ်ဘက်သားကလည်း မဟုတ်ဘူးလို့ ငြင်းကြပါတယ်၊ ငြင်းကြတဲ့အခါမှာ

ဓမ္မနဲ့ ပတ်သက်ပြီးငြင်းခုံမှုတွေ ဖြစ်ပွားတတ်ကြပါတယ်။ အငြင်းပွားလို့ရှိရင် အကုသိုလ်ဖြစ်ပါ
တယ်။ မြတ်စွာဘုရားက “ ၀ိ၀ါဒံ ဘယတော ဒိသွာ အဝိ၀ါဒဥ္စ ခေမတော ”၊ ၀ိ၀ါဒ ဆိုတာ ကိုယ်က
တစ်မျိုးပြောတယ်၊ သူကတစ်မျိုးပြောတယ်၊ အဲဒီလို သူတစ်မျိုး ကိုယ်တစ်မျိုးပြောလို့ မတူညီတော့
ဘူးဆိုတာနဲ့ သူ့ဟာမှန်တယ်၊ ငါ့ဟာမှန်တယ်ဆိုပြီး ငြင်းခုံကြပါတယ်။ တစ်ဦးနှင့်တစ်ဦး အငြင်း
ပွားနေကြရင် အကုသိုလ်တွေ ဖြစ်ကြပါတယ်။
အငြင်းပွားစရာရှိရင် အကုသိုလ် မဖြစ်အောင် နေတတ်ရပါမယ်။ အမှန်တရားဆိုတာ ကိုယ်
တိုင်သိရပါမယ်။ အဲဒီလို အငြင်းပွားလာလို့ရှိရင် မြတ်စွာဘုရားက မဟာပဒေသ ၄ ပါးဆိုတာနဲ့ ပတ်
သက်ပြီး မှတ်ကျောက်တစ်ခု ပေးထားပါတယ်။
(၁) ။ (ဘုရားရှင်ကို မှီတဲ့ပုဂ္ဂိုလ်က)“ငါဘုရားဆီက ကိုယ်တိုင်နာခဲ့ရတဲ့တရားပါ” လို့ ပြောလာရင်
လက်မခံနဲ့၊ ပြန်ပြီးတော့လည်း မငြင်းလိုက်နဲ့ တဲ့။ မြတ်စွာဘုရားဟောတဲ့ သုတ္တန်တွေ၊ ဘုရားရဲ့အ
ဆုံးအမတွေနဲ့ တိုက်ဆိုင်ကြည့်ပါ။ (ဓမ္မစာပေ တတ်ဖို့ လိုပါတယ်၊) စာမတတ်ရင် စာတတ်တဲ့ပုဂ္ဂိုလ်
နဲ့ တိုက်ကြည့်ပါ။ သုတ္တန္တ၊ ၀ိနယလို့ဆိုတဲ့ ဘုရားဟောတဲ့တရားနဲ့ သွားပြီးတိုက်ဆိုင်ကြည့်ပါ၊ အဲဒီ
ပုဂ္ဂိုလ်ပြောတဲ့ စကားဟာ ဘုရားဟောတဲ့ထဲမှာ ဘောင်မဝင်ဘူး၊ မှားယွင်းနေတယ်ဆိုရင် လက်မခံ
နဲ့။ အကယ်၍ သူပြောတဲ့ စကားဟာ သုတ္တန်တွေနဲ့ ညီညွတ်ရင် လက်ခံလိုက်ပါ။
(၂) ။ ဘုရားဟောဆိုပြီးတော့ သံဃာတွေအားလုံးက လက်ခံထားတာ ဖြစ်ပါတယ်လို့ တစ်ယောက်
ကပြောလာခဲ့ရင် သုတ္တန်တွေ၊ ၀ိနည်းတွေနဲ့ တိုက်ကြည့်လိုက်ပါ၊ မှားယွင်းနေတယ်ဆိုရင် လက်မခံ
ပါနဲ့။ အကယ်၍ တိုက်ဆိုင်လို့ ညီညွတ်တယ်ဆိုရင်တော့ လက်ခံလိုက်ပါ။
(၃) ။ ဘယ်ကျောင်းတိုက်က စာတတ်ပေတတ် ဆရာတော်ကြီးတွေ၊ ပါမောက္ခဆရာတော်ကြီးတွေ၊
သံဃာ့ဦးဆောင်ဆရာတော်ကြီးတွေ၊ သံဃာ့အဖွဲ့အစည်းတွေက ဒါဘုရားဟောတရားလို့ ပြောလာ
တယ်ဆိုရင် ဘုရားဟောတဲ့ ၀ိနည်းတို့ သုတ္တန်တို့နဲ့ တိုက်ဆိုင်ကြည့်ပါ၊ တိုက်ဆိုင်ကြည့်လို့ မမှန်ဘူး
ဆိုရင် စွန့်ပယ်လိုက်ပါ။ ညီညွတ်တယ်ဆိုမှ လက်ခံပါ။
(၄) ။ ဘယ်ကျောင်းတိုက်က နာမည်ကျော် ဘယ်ဆရာတော်ကြီးက နေပြီးတော့ ဒါ ဘုရားဟော
လို့ဟောလိုက်တယ်၊ ဘယ်တရားပွဲမှာ ဟောလိုက်တယ် စသည်ဖြင့် ဘုရားဟောဆိုပြီး ဟောသွား
တယ်ဆိုလို့ရှိရင် သုတ္တန်တွေ၊ ၀ိနည်းတွေနဲ့ တိုက်ကြည့်လိုက်ပါ၊ ကိုက်ညီမှုမရှိဘူးဆိုရင် လက်မခံ
ပါနဲ့။ အကယ်၍ တရားတော်တွေနဲ့ ညီညွတ်တယ်ဆိုလို့ရှိရင် လက်ခံပါ။
မြတ်စွာဘုရားကိုယ်တော်တိုင်က အဲဒီလို လုပ်ဖို့ မှာခဲ့ပါတယ်။ ဘယ်အရာကိုမှ အရမ်းလက်
မခံပါနဲ့၊ မှားတယ်မှန်တယ်ဆိုတာ ကိုယ့်ဖာသာကိုယ် လေ့လာပြီး၊ တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်ထံနည်းနာ
ခံပြီး ဆုံးဖြတ်ရပါမယ်။ ဒါ ဓမ္မ မှတ်ကျောက် တစ်ခုပါ။
ဒါကြောင့်မို့ တရားဓမ္မ လေ့လာ ကျင့်ကြံ အားထုတ် နေကြသော ဓမ္မမိတ်ဆွေတို့ကလည်း
ဗုဒ္ဓဘာသာဝင်တို့ရဲ့ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင် နိဗ္ဗာန်သို့ ရရောက်နိုင်ရန်မှာ မြတ်စွာဘုရား
ဟောကြားထားသော တရားဓမ္မများသာ ဖြစ်ပါတယ်လို့ နားလည်သဘောပေါက်ကြပြီး ဓမ္မမှတ်
ကျောက်ကို ကိုယ်စီဆောင်ကာ ကျင့်ကြံနိုင်ကြလျက် နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်
ပြုနိုင်ကြပါစေ ကုန်သတည်း။
{သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက်နေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌၊
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ဓမ္မမှတ်ကျောက် တရားတော်ကို
ကိုးကား ရေးသားပူဇော်ပါသည်။ }