အင်းဝခေတ် ဓမ္မစာဆိုတော်ကြီး တစ်ဦးဖြစ်တဲ့ တောင်ဖီလာ ဆရာတော်ရဲ့ မွေးဇာတိက
စလင်းမြို့ဖြစ်ပြီး ပြည်မြို့မှာ စာပေသင်ကြားတတ်မြောက်လို့ ပြည်ပဥ္ဇင်းကျော်အဖြစ် ထင်ရှားပါ
တယ်။ ဆရာတော်မှာ= (၁) ။ သူငယ်ဘဝတွင်လည်း ကျော်။
(၂) ။ သာမဏေဘဝတွင်လည်း ကျော်။
(၃) ။ ပဥ္ဇင်းဘဝတွင်လည်း ကျော်။
(၄) ။ မထေရ်ဘဝတွင်လည်း ကျော်။ ဤကဲသို့ ကျော်စောခြင်း လေးပါး
နှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။
ဆရာတော်ရဲ့ ပညာပါရမီကြောင့် အင်းဝနေပြည်တော်သို့ ပင့်ဆောင် ကိုးကွယ်ခြင်း ခံရပြီး
အနောက်ဖက်လွန်မင်းနှင့် သာလွန်မင်းတို့ လက်ထက်မှာ ထင်ရှားခဲ့ပါတယ်။ ၁-ဆူ၊ လူ ၁-ယောက်
လို့ ပြောစမှတ်ပြုလောက်အောင် ကျော်ကြားခဲ့တဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။
ဘွဲ့အမည်ရင်းက မုနိန္ဒဃောသ ဖြစ်သော်လည်း စစ်ကိုင်းတောင်ရိုး တောင်ဖီလာမှာ သီတင်းသုံးသောကြောင့် တောင်ဖီလာ ဆရာတော်အဖြစ် လူသိများကြပါတယ်။ ၀ိနည်းငါးကျမ်းနှင့်
အဘိဓမ္မာလေးကျမ်းကို နိဿယပြန်ဆိုခဲ့ကြောင်း သိရပါတယ်။ ဆရာတော် ရေးသားပြုစုထားတဲ့
၀ိနယာလင်္ကာရဋီကာကျမ်းမှာ ဗုဒ္ဓဘာသာ သာသနာတော်အတွက် အလွန်ကျေးဇူးများတဲ့ ကျမ်း
တစ်ဆူဖြစ်ပါတယ်။
တရားချစ်ခင် ဓမ္မမိတ်ဆွေတို့ကလည်း ပျို့၊ ကဗျာ၊ ဝတ္ထု၊ မေတ္တာစာ၊ ဆုံးမစာ အမျိုးမျိုးကို
ရေးသားခဲ့သော တောင်ဖီလာ ဆရာတော်အား လေးစားကာ မိမိကိုယ်မိမိ ကောင်းသထက်ကောင်း
မြင့်မြတ်သထက် မြင့်မြတ်အောင် ကြိုးစားနိုင်ကြပါစေ ကုန်သတည်း။
{နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ သင်တန်းနည်းပြဆရာတော် ဦးပညာသာမိ(မာဂဓီ-
သာစည်) ၏ အခါတော်နေ့များ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }