ရေစက်မချဘဲ လှူခြင်းကို ဒါန ။
ရေစက်ချ၍ လှူခြင်းကို ပတ္တိဒါန လို့ခေါ်ပါတယ်။ အဲဒီတော့ ရေစက် မချဘဲ လှူမယ် ဆိုရင် ဒါန အကျိုး တစ်မျိုးပဲ ရပါမယ်။

ရေစက်ချ၍ လှူမယ် ဆိုရင်တော့ ဒါန အကျိုးရော ပတ္တိဒါန အကျိုးရော နှစ်မျိုးလုံး ရနိုင်မှာပါ။ အချို့ လူတွေ က ပတ္တိဒါန အကြောင်း သိပ်မသိကြဘူး။

ပတ္တိဒါန နဲ့ ပတ်သက်ပြီး အဘိဓမ္မတ္ထ ဝိဘာဝိနီဋီကာ မှာ....
"အတ္တနော သန္တာနေ နိဗ္ဗတ္တဿ ပုညဿ ပရေဟိ သာဓာရဏဘာဝံ ပစ္စာသီသနစေတနာ ပတ္တိဒါနံ နာမ"။
(မိမိ ၏ သန္တာန် မှာ ဖြစ်တဲ့ ကုသိုလ်ကောင်းမှု ကို သူတပါးတို့နှင့် ဆက်ဆံခြင်း အဖြစ် ကို တောင့့် တကြောင်းစေတနာ သည် ပတ္တိဒါန မည်၏) လို့ ဆိုထားတယ် ရှိတယ်ပေါ့။

ပတ္တိ+ဒါန ဆိုတဲ့ နေရာမှာ
ပတ္တိ ဆိုတာက မိမိ ထံပါးသို့ ကုသိုလ်ရောက်လာတာ ကို ပတ္တိ လို့ခေါ်တယ်။

ဒါန ဆိုတာ က သိကြပြီးတဲ့ အတိုင်း ပေးလှူခြင်းပေါ့။
အဲဒါကြောင့် မိမိထံ ရောက်လာတဲ့ ကုသိုလ် ကို သူတပါးထံ အမျှပေးဝေခြင်း ကို ပတ္တိဒါန လို့ခေါ်တယ်။
တစ်စုံ တစ်ခုဖြစ်တဲ့ ပစ္စည်း ဝတ္ထုကို လှူတဲ့ အတွက် ရောက်လာတဲ့ ဒါနစေတနာ ကို ပတ္တိ လို့ခေါ်တယ်။

မိမိထံရောက်လာတဲ့ ဒါနစေတနာ ကို အမျှ အမျှ အမျှ လို့ပေးဝေလိုက်တဲ့ အခါ အဲဒီပေးဝေကြောင်းစေတနာ ကို ပတ္တိဒါန လို့ခေါ်ရတယ်။

ကိုယ် ရထားတဲ့ ကုသိုလ် ကို အခြားသူတွေ ကို ပေးလိုက် လျှင် ကိုယ့်မှာ ကုသိုလ် ကုန်သွားမှာ လားလို့ တစ် ချို့လူတွေ အတွေး မှားတတ်ကြတယ်။

မီးတိုင် တစ်တိုင် ထွန်းထား တာကို အခြား မီးတိုင်တွေ မီး လာ ကူးကြတဲ့ အခါ မူလဖြစ် တဲ့မီးရောင် ရဲ့ အလင်း ဟာ လျော့မသွားတဲ့ အပြင် အလင်းရောင်ကို ပိုပြီးအားကောင်းစေ သလိုပါပဲ ။

မူလ ကုသိုလ်ရှင် မှာ ကုသိုလ်တွေ မကုန်တဲ့ အပြင် ပတ္တိဒါန ကုသိုလ် အကျိုး ကိုပင် ထပ်ပြီး ရသေးတဲ့ အတွက် ရေစက်မချ ဘဲလှူ လျှင် ဒါန အကျိုး သက်သက်ပဲရတယ်။ ရေစက် ချပြီးလှူလျှင်တော့ ဒါန အကျိုးရော ပတ္တိဒါန အကျိုးရော ရတယ် လို့ မှတ်သား သင့်ပါတယ်။

အရှင်ဣန္ဒက (ဓမ္မာစရိယတက္ကသိုလ်)