အရှင်ဘုရားတပည့်တော်မမေးချင်တာလေးရှိလို့ပါဘုရား
အရှင်ဘုရားဖြေပေးမယ်ဆိုရင် တကယ်ကို ဝမ်းသာမိမှာပါဘုရား။
တပည့်တော်မတို့ကအလုပ်ကို မနက်အစောကြီးသွားညမိုးချုပ်မှပြန်ရောက်ပါ
တယ်ဘုရား။
အလုပ်မသွားခင်မှာ ဆွမ်းတော်နဲ့သောက်တော်ရေချမ်းကိုအမြဲကပ်လှူပါတယ်။
ညမိုးချုပ်ပြန်ရောက်မှပဲစွန့်ရပါတယ်ဘုရား။
အဲ့ဒီ့အတွက်တပည့်တော်မစိတ်ထဲမတင်မကျဖြစ်မိပါတယ်။
ပြန်ရောက်မှစွန့်ရတဲ့အတွက်ကုသိုလ်မရ ငရဲရမှာကြောက်ပါတယ်ဘုရား။
မိုးချုပ်မှစွန့်ကောင်းလား။မစွန့်ကောင်းလားသိချင်ပါတယ်ဘုရား။
(ပန်းအိမ် စံ )
.
.

လူတွေမှာ ရှစ်ပါးသီလဆောက်တည်ထားပါလျှင် ညစာမစားရပါဘူး။
ထုုိ့ကြောင့် မြတ်စွာဘုုရားရှင်ကုုိ ဆွမ်းတော်တင်တာကောင်းပါတယ်။
ဒါပေမယ့် ၁၂နာရီမကျော်ခင်စွန့်ပါလုုိ့ အကြံပြုပါတယ်။
ကုုိယ်တုုိင်မစွန့်နုုိင်ပါလျှင် အိမ်မှာရှိသူတစ်ဦးဦးအား စွန့်ခုုိင်းစေချင်ပါတယ်။
သုုိ့မဟုုတ် ရုုံးမသွားခင် အရုုဏ်ဖြစ်ဖြစ်သော်လည်းကောင်း၊ ချက်ပြုတ်ပြီးစီး
လျှင်သော်လည်းကောင်း ဆွမ်းတော်တင်ပြီး ရုုံးသွားခါနီးစွန့်နုုိင်ပါတယ်။
ဒကာမ။ ညနေထိတော့ မထားကောင်းပါ။

အရုုဏ်ဆွမ်းကပ်လျှင်လည်း အရုုဏ်တက်မှသာ ကပ်ကောင်းပါ၏။
အရုုဏ်မတက်ဘဲကပ်ပါက ညဆွမ်းလုုိဖြစ်ပြီး အပြစ်ဖြစ်နုုိင်ပါသည်။
အရုုဏ်တက်ချိန်က လစဉ်ပြောင်းလဲလေ့ရှိသဖြင့် အနည်းဆုုံး
လစဉ်နံနက် ၅း၃ဝလောက်ကပ်မှ သင့်တော်မည်ဖြစ်ပါသည်။
၄း၃၀ ၄း၄၀ ၅နာရီစသည်ဖြင့် အရုုဏ်တက်ချိန် လစဉ်ပြောင်းလဲလေ့
ရှိသည်ကုုိ သတိပြုအပ်၏။

ထုုိကြောင့် မယုုတ်မလွန် လစဉ်နံနက်(၅း၃၀)နာရီဆုုိပါလျှင် ကပ်မည်ဆုုိပါက
လစဉ်လတုုိင်း အဆင်ပြေမည်ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆုုိသော် အကယ်၍ (၄း၃၀)ကုုိ လစဉ်လတုုိင်းကပ်မည်ဆုုိပါက (၅)နာရီ၊ (၅း၁၀)နာရီ စသည့်ဖြင့် အရုုဏ်တက်သည့်လများတွင် ကုုိယ်က (၄း၃၀)လစဉ်လတုုိင်းကပ်မိပါက ညဆွမ်းလုုိဖြစ်ပြီး အပြစ်ဖြစ်နုုိင်သော
ကြောင့်ဖြစ်ပါသည်။
.
အချုပ်အားဖြင့်

နေ့ဆွမ်းဆုုိလျှင်​
နေ့လည်၁၂နာရီမထုုိးခင်စွန့်သင့်ပြီး

အရုုဏ်ဆွမ်းဆုုိပါလျှင်
​ေ​ရှ့လွတ်၊နောက်လွတ်(၅း၃၀)နာရီလောက်ကပ်သင့်ကြောင်း

ဖြေကြားလုုိက်ပါသည်။

သစ်သီးဆွမ်းများကုုိလည်း ထုုိနည်းအတူမှတ်ပါ။
ရှေးက မသိခဲ့လုုိ့ မစွန့်မိတာကုုိ စိတ်ထဲ စွဲလန်းမထားဘဲ
ယခုုသိလုုိက်သည့်အချိန်တွင် နောက်မလုုပ်မိအောင်သာ ဂရုုစုုိက်ပါ။

သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လုုိရာဆန္ဒများ
တစ်လုုံးတစ်ဝတည်းပြည့်ဝပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသုုိလ်