မကြာသေးမီက လေ့လာတွေ ့ရှိချက်အရ စိတ်ကို နက်နက်ရှိုင်းရှိုင်း အနားယူစေခြင်းဟာ ခန္ဒာကိုယ်ပါ

ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ကြောင်းတွေ ့ရပါတယ် ။ ယောဂကျင့်စဉ် ၊ တရားကျင့်စဉ် စတာတွေကို စွဲ

မြဲ နက်ရှိုင်းစွာ လေ့ကျင့်သူများဟာ မလေ့ကျင့်သူများထက် ရောဂ်တိုက်ထုတ်နိုင်စွမ်းရှိတဲ ့မျိုးရိုးဗီဇတွေ

တိုးပွားများပြားတာကိုတွေ ့ရပါတယ ်။နေ ့စဉ်တရားလေ့ကျင့်ပြီး (၃) လကြာပြီးနောက်မျာတော့ ကင်ဆာ

နဲ ့ရောဂါဆဲလ်တွေကို သတ်ဖြတ်ထားဆီးနိုင်တဲ ့ ဗီဇဆဲလ်တွေ နိုးကြားလှုပ်ရှားလာတာကိုလည်းတွေ ့ရ

ပါတယ် ။ စိတ်ကိုအပန်းဖြေအနားယူစေခြင်းဟာစိတ်ကိုကြည်လင်လန်းဆန်းစေတဲ ့ စရိုတိုနင်နဲ ့ကိုယ်

ခန္ဒာကြီးထွားစေတဲ ့ဟော်မုန်းများ တိုးမြင့်ထွက်ရှိမှုနဲ ့လည်း ဒွန်တွဲနေတယ်လို ့ဆိုပါတယ် ။ ဒါကြောင့်

ခန္ဒာကိုယ်ကိုသာမက စိတ်ကိုလည်းအနားယူစေနိုင်ဖို ့တရားလေ့ကျင့်ပါ ၊ စိတ်ကြည်လင်လန်းဆန်းတဲ ့

အခါရုပ်ပါ ကြည်လင်နုပျိုလာမှာ အမှန်ပါပဲလို ့တိုက်တွန်းလို ပါတယ် ။

( စိတ်ဖိစီးမှုကင်ပါစေ )

စိတ်အပန်းဖြေခြင်းဟာ သွေးပေါင်ကျစေပြီး ခန္ဒာကိုယ်ရဲ ့စိတ်အခြေအနေကိုကြည်လင်ကောင်းမွန်စေတဲ့

ဧာတ်နဲ ့ဟော်မုန်းများထွက်ရှိမှုကိုမြင့်တင်ပေးနိုင်ပေမယ့် စိတ်ဖိစီးမှုကတော့ ခန္ဒာကိုယ်ကိုယိုယွင်းပျက်စီး

စေပြီး အိုမင်းစေပါတယ် ၊စိတ်ဖိစီးတဲ ့အခါ ကော်တီဇောနဲ ့အေဒီရီနယ်လင်ဟော်မုန်းများ ထွက်ရှိလာပြီး

နှလုံးခုန်းနှုန်းနဲ ့သွေးပေါင်ချိန်ကိုတိုးစေပါတယ် ။ ကိုယ်ခံအားကိုကျစေပြီး မျိုးဆက်ပွားမှုကိုလည်း လျော့

ကျစေပါတယ် ။ စိတ်ဖိစီးမှုကို အကောင်းဆုံးဖြေရှင်းဖို ့နည်းလမ်းကတော့ စိတ်ဖိစီးမျုဖြစ်စေတဲ ့ အခြေခံ

အကြောင်းတရားတွေကို ရှာဖွေဖော်ထုတ်ပြီး ရှောင်ရှားနေထိုင်ဖို ့ပါပဲ ၊ ဒီနည်းနဲ ့ဖြေရှင်းဖို ့မလွယ်ကူလှရင်

တော့ သင်အမှန် တကယ်စိတ်ဝင်စားနိူင်မယ် ့ အကြော်ငးအရာများဖြစ်တဲ ့စာဖတ်ခြင်း ၊ ဂေါက်ရိုက်ခြင်း

ဟာသရုပ်ရှင်များကြည့်ခြင်း စတာတွေကို အာရုံဝင်စားခြင်းဖြင့် ဖိစီးမှုကို သယ်ဆောင်လာတဲ ့အာရုံတွေ

ကိုတိုက်ထုတ်ပါ ။ အထက်မှာဖော်ပြခဲ့ပြီးဖြစ်တဲ ့လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ ့တရးလေ့ကျင့်ခြင်းဟာလည်း

စိတ်ဖိစီးမှုကိုတိုက်ဖျက်ရာမှာ အကောင်းဆုံးနည်းလမ်းများဖြစ်တာမို ့ကြိုးစားကြည့်စေလိုပါတယ် ။