တရားထိုင်လို ့ သတိ သမာဓိ နည်းနည်းလေး ကောင်းလာပြီဆိုရင်ဒီဝေဒနာကိုလည်း သည်းခံပြီး ထိုင်သွားလို ့ရှိရင် ဒီခန္ဓာကိုယ်ဟာ Endorphin လို ့ခေါ်တဲ့ ဓာတ်တစ်မျိုး ထုတ်ပေးလာတယ်။သူ ့စကားက နှစ်လုံးကိုပေါင်းထားတာပါ။ Endogenous morphineဆိုတဲ့စကားလုံးပဲနော်။ အပြင်က morphine က operation ခွဲစိတ်ကုသမှုတွေ ဘာတွေ လုပ်ရတဲ့လူကို ထိုးပေးတာနော်။အင်မတန် နာကျင်ကိုက်ခဲလွန်းရင် သက်သာအောင်ဆိုပြီး ထိုးပေးရတာ။ဒီခန္ဓာကိုယ်ထဲက ထွက်လာတဲ့ morphine က ခွဲစိတ်ခန်းမှာသုံးတဲ့ morphine နဲ ့အာနိသင်ချင်း တော်တော်ပဲတူပါတယ်။သို ့သော် Endogenous ဆိုတဲ့အတွက်ကြောင့် ခန္ဓာကိုယ်အတွင်းမှာပဲသူက ထုတ်လုပ်တယ်နော်။

အဲဒီတော့ Endorphin အင်ဒိုဖင်းဆိုတဲ့ဓာတ်က လူတိုင်းရဲ ့ခန္ဓာကိုယ်မှာသဘာဝအတိုင်းထုတ်တယ်။ လူတိုင်းပဲ။ အဲဒီ Endorphin ဆိုတဲ့ဓာတ်ထုတ်လုပ်တာ နည်းသွားတယ်ဆိုလို ့ရှိရင် အဲဒီလူဟာ ညောင်းညာမှုကိုက်ခဲမှု အင်မတန် ခံစားရတာပဲ။ အဲဒီလိုလူဟာ အကိုက်အခဲပျောက်ဆေးကို စွဲတတ်တယ်။ မူးယစ်ဆေးဝါးလည်းပိုပြီးစွဲတတ်တယ်တဲ့။ မူးယစ်ဆေးဝါးစွဲတဲ့လူတွေ တချို ့ကို Research သုတေသန လုပ်ကြည့်တဲ့အခါမှာ အဲဒီ

မူးယစ်ဆေးစွဲတဲ့လူတွေရဲ ့ခန္ဓာကိုယ်မှာ Endorphin Level က နိမ့်တယ်။ သူတို ့စိတ်ထဲမှာမကြည်မလင်ဖြစ်တယ်၊ ပင်ပန်းနွမ်းနယ်နေတယ်။ Endorphin Level မြင့်လာလို ့ရှိရင် လူဟာကြည်လင်တယ်၊ ရွှင်လန်းတယ်။Relax လည်း ပိုဖြစ်တယ်လို ့ဆိုတယ်။ တရားထိုင်လိုက်လို ့ရှိရင်တော့ဒီ Endorphin ဟာ တော်တော်ကြီးကိုမြင့်တက်လာတယ်။ ဒါကိုသုတေသနအနေနဲ ့လုပ်ထားတဲ့ စာတမ်းတွေ ကျမ်းဂန်တွေ အများကြီးဖတ်ဖူးပါတယ်။

တရားထိုင်လို ့ သမာဓိ အင်မတန်ကောင်းနေတဲ့အခါမှာသူ ့မှာ ညောင်းညာခြင်း၊ ကိုက်ခဲခြင်း၊ ပူလောင်ခြင်း၊ဆင်းရဲခြင်း ဘာမှမရှိဘူး။ သူ ့ခန္ဓာကိုယ်က အလေးချိန်မရှိသလို ဖြစ်နေတယ်။ Floating sensation (လေထဲမှာလွင့်မျောနေသလို) ဆိုတာ ဖြစ်နေတယ်။အဲဒီအချိန်မှာ ဦးနှောက်ကနေ ပြန်ပြီးတော့ ဆင်းလာတဲ့ သွေးပြန်ကြောကသွေးကို သူတို ့ဖောက်ယူပြီးတော့ ဓာတ်ခွဲကြည့်တဲ့အခါမှ Endorphin ဓာတ်သိပ်မြင့် နေတာကို တွေ့ရတယ်။အဲဒီ Endorphin Level သိပ်မြင့်နေလို ့လည်းပဲ သူ ့မှာ ညောင်းညာခြင်းမရှိဘူး၊ ပူလောင်ခြင်းမရှိဘူး၊

ခန္ဓာကိုယ်အလေးချိန်လည်း မရှိသလို ဖြစ်တယ်။ ဒီလိုပြောလိုက်တော့ ဒါ Chemical ရဲ ့ Action ကြောင့် ဒီလိုဖြစ်တယ်လို ့ ရုပ်ပိုင်းဆန်ဆန် တွေးချင်လည်း တွေး မယ်နော် ။ အမှန်တော့ မဟုတ်ဘူး။စိတ်ကြောင့် ဖြစ်တာပါပဲ။ စိတ်ကြောင့် သမာဓိကောင်းလာပြီးတော့ သမာဓိရဲ ့အရှိန်ကြောင့်ပဲ ခန္ဓာကိုယ်က သူ ့ဟာသူ ပြုပြင်လာတယ်။ ဒီခန္ဓာကိုယ်က ထွက်လာ Endorphin က စွဲတဲ့သဘောမျိုး မရှိဘူး။

Drug Addiction မူးယစ်ဆေးစွဲသလို Symptoms လက္ခဏာမျိုး သူ ့မှာမရှိဘူး။ နောက်တစ်ခုက ပြောရမယ်ဆိုရင်တော့ ဒီလို level ကိုရအောင် တရားထိုင်နိုင်တဲ့လူဟာ နောက်ထိုင်လိုက်ရင် သိပ်မကြာဘူး။ (၁၅) မိနစ်လောက်ကြာရင် Endorphin ဓာတ်တွေ အများကြီး ထွက်လာတာပဲ။ တရားထိုင်လိုက်လို ့ ၁၅မိနစ်၊ မိနစ်၂ဝအလွန်ဆုံးပဲ၊ Endorphin တွေ ထွက်လာပြီဆိုရင် သူ ့ခန္ဓာက ပေါ့ပါးကြည်လင် အေးချမ်းပြီးတော့ စိတ်ကလည်းနည်းနည်းပျော်လာတယ်။အဲဒီတော့ ပါဠိစာပေမှာလည်း ရှိတယ်။ တရားထိုင်လို ့အလေ့အကျင့်နည်းနည်းများလာပြီဆိုရင် သမာဓိကောင်းလာပြီဆိုရင် ကာယလဟုတာ၊ စိတ္တလဟုတာ ဖြစ်တယ်။

ကိုယ်၏ပေါ့ပါးခြင်း ၊ စိတ်၏ ပေါ့ပါးခြင်း ဆိုတာ ဖြစ်လာတဲ့နော်။စိတ်ထဲမှာလည်း လေးလံထိုင်းမှိုင်းခြင်း မရှိသလိုဘဲ ခန္ဓာကိုယ်မှာလည်း လေးလံထိုင်းမှိုင်းမှု မရှိဘူး။ ကာယမုဒုတာ၊ စိတ္တမုဒုတာဆိုတာ ဖြစ်လာတယ်။

မုဒုဆိုတာ နူးညံ့တာကို ပြောတာ။ခန္ဓာကိုယ်က ပထမ အားထုတ်ခါစမှာ တောင့်တောင့်ကြီး တင်းတင်းကြီးထိုင်ရတယ်၊ ဒီပုံစံအတိုင်း ကြာကြာထိုင်နေကျ မဟုတ်တော့ အနေအထားကို မပြင်ဘဲနဲ ့ကြာကြာထားလေလေ တင်းလာလေလေ၊ညောင်းလာလေလေ ခံရခက်လာလေလေဖြစ်တယ်။ ဒါပေမယ့်သမာဓိကောင်းလာတဲ့အခါကျတော့ အဲသည်လို မဖြစ်တော့ဘူး။ Stress တွေက အကုန်လုံးလျော့ကျသွားတယ်။ စိတ်ကလည်းပဲအစမှာတော့တင်းထားရတယ်နော်။ဒီစိတ်တခြားကိုမရောက်အောင်၊တခြားကိုမရောက်အောင်ဆိုပြီးတော့တော်တော်ပဲတင်းထားရတယ်နော်။ သမာဓိကောင်းလို ့ အရှိန်နည်းနည်းရသွားပြီးဆိုရင် စိတ်က သူ ့ဟာသူပဲ ဒီအာရုံထဲမှာ နေပြီးတော့ အလိုက်သင့်လေး၊ ပုံမှန်လေး သူ ့ဟာသူသွားနေတယ်။ စိတ်မှာလည်း လျော့သွားတယ်နော်။လျော့သွားတယ်ဆိုတာက ဝီရိယလျော့သွားတယ်လို ့မဆိုနိုင်ဘူးနော်။

Tension တင်းမာမှု လျော့သွားတာ။ အဲဒီတော့ ခန္ဓာကိုယ်မှာလည်း Tension တင်းမာမှု မရှိတော့ဘူး။ စိတ်မှာလည်းTension မရှိတော့ဘူး။ ခန္ဓာကိုယ်ကလည်း Relax ဖြစ်နေတယ်။ စိတ်ကလည်း Relax ဖြစ်သွားတယ်နော်။ အဲဒါကိုပဲ ကာယမုဒုတာလို ့ခေါ်တာပဲ။ ကိုယ်၏နူးညံ့ခြင်း၊ စိတ်၏နူးညံ့ခြင်းဆိုတာ ဖြစ်သွားတယ်။

တခြားလည်းပဲ ဖြစ်တာတွေ အများကြီးရှိပါတယ်။အဲသည်လို သမာဓိတော်တော်ကောင်းလာတဲ့အခါမှာသက်သောင့်သက်သာဖြစ်သွားတော့ အင်မတန်ချမ်းသာလာတယ်။ပိုပြီးပျော်လာတယ်။ အဲဒီအချိန်မှာ ပီတိ ပဿဒ္ဓိတို ့လည်း ဖြစ်တတ်တယ်။ငြိမ်းချမ်းပြီးနေတယ်။ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ-ကိုယ်စိတ်နှစ်ပါးလုံးရဲ့ ငြိမ်းအေးခြင်းတဲ့။ စိတ်ထဲမှာ အေးနေတယ်နော်။

တချို ့ဘယ်လောက်ထိအောင်ဖြစ်သလဲဆိုရင် Air-condition ပေးထားတဲ့အခန်းထဲမှာ ထိုင်ရသလိုပဲ အေးနေတယ်။ တချို ့ကျတော့လည်းပဲဆောင်းတွင်းမှာ နှင်းတွေကြားထဲမှာ ထိုင်ရသလိုပဲ၊ အမှုန်သေးသေးလေးတွေ အေးအေးလေးတွေလာလာထိသလိုပဲဖြစ်တယ်။အင်မတန်အေးတယ်တဲ့။ အဲဒီနောက်ပိုင်းမှာတော့တရားအားထုတ်လို ့သိပ်အဆင်ပြေသွားပြီ။ ဒီအဆင့်လောက်ကိုပဲ တချို ့အထင်ကြီးပြီးတော့စွဲလမ်းတတ်တယ်နော်။

အနောက်နိုင်ငံသားတော်တော်များများဆိုရင်ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ ဖြစ်လာပြီဆိုရင် အဲဒါကိုတရားထူးလို ့ထင်သွားကြတယ်။ ဒါ တရားထူး မဟုတ်သေးဘူး။အစပဲ ရှိသေးတယ်။

-【ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)