( သီလမလုံတဲ့ဘုန်းကြီး မလှူ ချင် ဆိုသူများအတွက်...)

❀ မြတ်စွာဘုရားအလောင်းတော်ဝေဿ န္တရာမင်း လက်ထက်တုန်းက ဇူဇကာပုဏ္ဏားကြီးကို သားတော်နဲ့ သမီးတော်တွေ လှူလိုက်တုန်းက ဇူဇကာပုဏ္ဏားဟာ ဘယ် သီလရှိတဲ့ပုဂ္ဂိုလ် ဟုတ်မှာလဲ၊ မိန်းမကြောက်လို့ ကလေးတွေကို အဝေးကြီးက လာပြီးတော့ တောင်းတာ၊ သီလ လုံးဝမရှိဘူး။

❀ အဲဒီ သီလမရှိတဲ့ ပုဏ္ဏားကို မြတ်စွာဘုရားလောင်းက သားတော် သမီးတော်တွေကို ရက်ရက်ရောရော လှူလိုက်တယ်။

❀ အဲဒီအလှူဒါနဟာ ဇူဇကာဆိုတဲ့ အလှူခံပုဂ္ဂိုလ်ကြောင့် အကျိုးကြီးတာ မဟုတ်ဘူး။
ဝေဿ န္တရာမင်းဆိုတဲ့ ကိုယ်ကျင့်တရားကောင်းတဲ့ ဘုရားလောင်းဘက်က အကျိုးကျေးဇူးဟာ အများကြီးရတာ။ အများကြီးရရုံတင် မဟုတ်ဘူး၊ သူ့ရဲ့ စေတနာစွမ်းအားကြောင့် သားသမီးတွေကို လှူလိုက်တဲ့အခါ မြေငလျင်တောင် တုန်ဟီးသွားတယ်လို့ ပြောတယ်။

❀ လှူတဲ့ အခါမှာ အလှူခံပုဂ္ဂိုလ်က ပိုပြီးတော့ အရေးကြီးသလား၊ အလှူဒါယကာက ပိုပြီးတော့ အရေးကြီးသလားဆိုတော့ နှစ်ဖက်စလုံး အရေးကြီးတယ်လို့တော့ ပြောရမယ်။ သို့သော် တကယ် ပြင်ရဆင်ရမှာက လှူတဲ့ ပုဂ္ဂိုလ်က ပိုပြီးတော့ ပြင်ရဆင်ရမယ်။ အလှူခံပုဂ္ဂိုလ်ဆိုတာ ကိုယ်သိနိုင်တာ မဟုတ်ဘူး။ ကိုယ်ကျင့်သီလ ရှိသလား မရှိဘူးလား မသိနိုင်ဘူး။

❀ မြတ်စွာဘုရားဟောထားတာ လောကမှာ `အပေါ်ယံ ရွှေမှုန်ကြဲ၊ အထဲက နောက်ချေးခံ´ ဆိုတာလို ကိုယ်ကျင့်တရားမရှိပေမယ့် ကိုယ်ကျင့့်တရားရှိတဲ့ အသွင်သဏ္ဍာန်ပေါ်အောင်နေတဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်၊ ဒါကြောင့် အလှူခံပုဂ္ဂိုလ် သီလရှိမရှိ အတိအကျ မသိနိုင်ဘူးပေါ့။

❀ ဒါယကာ တစ်ယောက်က မြတ်စွာဘုရားကို လာပြီးတော့ ဖူးစဉ် မြတ်စွာဘုရားက မေးတယ်၊ ဒါနကောင်းမှုတွေပြုသလားဆိုတော့
`ပြုပါတယ်၊ တပည့်တော်ရဲ့ အလှူကိုကြွတဲ့ ပုဂ္ဂိုလ်တွေဟာ အကုန်လုံး
ရဟန ္တာတွေချည်းပဲ ဘုရား၊ တပည့်တော်က
ရဟန ္တာတွေမှ ရွေးလှူတာ´ လို့ ပြောတယ်။ အဲဒီတော့ မြတ်စွာဘုရားက သတိပေးတယ်။
`ဒါယကာ၊ သင်လို လူတစ်ယောက်အနေနဲ့ ဒီပုဂ္ဂိုလ်ဟာ
ရဟန ္တာလား၊ ဒီပုဂ္ဂိုလ်ဟာ
ရဟန ္တာ မဟုတ်ဘူးလားဆိုတာ မသိနိုင်ဘူးတဲ့ ။ သံဃာကိုသာ ရည်စူးပြီးတော့ လှူပါ´ လို့ မြတ်စွာဘုရားက ဆုံးမဖူးတယ်။
ရဟန ္တာပုဂ္ဂိုလ်ဆိုပြီးတော့ ရွေးလှူတာမျိုး မလုပ်ပါနဲ့တဲ့။ သံဃာကိုသာ ရည်စူးပြီးတော လှူပါတဲ့။..

ဒီစာလေးကို ဖတ်ပြီး သံဃာကိုလှူတဲ့အခါမှာ ပုဂ္ဂိုလ်ကိုမရည်ညွှန်းဘဲ သံဃာတော်အများကို ရည်ညွှန်းပြီးလှူနိုင်ကြပါစေ...

ဒေါက်တာအရှင်နန္ဒမာလာဘိ၀ံသ