ဗုဒ္ဓဖြစ်စဉ် ဗုဒ္ဓ၀င်အကြောင်းအရာကို သုမေဓာရသေ့ဘ၀မှ စတင်ကာ ဂယာကဿပနှင့် တပည့်များ ရဟန်းပြုခန်းအထိ ရုပ်ပြဇာတ်လမ်းအဖြစ် ရေးဆွဲထားသော စာအုပ်ဖြစ်သည်။

ဗုဒ္ဓဖြစ်စဉ်ကိုသာမက ဗုဒ္ဓ၀ါဒအကြောင်းကိုပါ အလျဉ်းသင့်သလို ထည့်သွင်းရှင်းလင်းထားသည့်အတွက် ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒအကြောင်း ခြေခြေမြစ်မြစ်သိလိုသူ လူငယ်များအတွက် စာအုပ်ကောင်း တစ်အုပ်ပင် ဖြစ်သည်။

စာအုပ်တစ်အုပ်လုံးကို ကြွေစက္ကူများအသုံးပြု၍ ရောင်စုံသရုပ်ဖော်ပုံများဖြင့် သပ်သပ်ရပ်ရပ် ပုံနှိပ်ထုတ်ဝေထားသည်ကို တွေ့ရသည်။