၁။ ဘုရားရှင်တဆူလျှင် ဘုရားရှင်နှင့်အတူ ကျွတ်တမ်းဝင်နိုင်မည့်သူ ပုဂ္ဂိုလ်အရေအတွက် ပိုင်းခြားပြီးဖြစ်သည်မှာ ဟုတ်ပါသလား၊ မည်မျှပါနည်း၊ မည်သို့သောပုဂ္ဂိုလ်များ ပါဝင်ပါသနည်း။
၂။ ဘုရားအဖြစ်သို့ ရောက်တော်မူရန် ရက်အနည်းငယ်သာ ကျင့်တော်မူသော မြတ်စွာဘုရားနှင့် ပစ္စေကဗုဒ္ဓါ တို့သည် သစ္စာလေးပါးကို သိတော်မူသည်နှင့် ဈာန်တန်ခိုးများ အလိုအလျောက် ရရှိပါသလား၊ သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။
( သူရငယ်-ပွင့်ဖြူ )


( ဖြေ )
စတုဝီသတာ သင်္ချေယျော-စသော ဂါထာဖြင့် ဘုရားတဆူလျှင် ကျွတ်တမ်းဝင်မည့်သူ ၂၄-သင်္ချေနှင့် ကုဋေ ၆၀ ဗိုလ်ခြေ တသိန်း ဖြစ်ကြောင်း တထာဂတုပ္ပတ္တိကျမ်းတွင် ဆိုသည်။
ထို့အတူ ဇိနာလင်္ကာရကျမ်းကလည်း ဆိုသည်။
သို့သော် ခိုင်ခံ့သော ပါဠိအဋ္ဌကထာကျမ်းတို့တွင် မလာရှိသည့်အပြင် ဓမ္မပဒကျမ်းတို့၌ တဂါထာ တဂါထာကို ဟောတော်မူလျှင် ကျွတ်တမ်းဝင်သော သတ္တ၀ါဝေနေယျတို့ မရေတွက်နိုင် ဟူ၍၄င်း။
မဟာသမယသုတ်၊ မင်္ဂလသုတ်၊ စူဠရာဟုလောဝါဒသုတ်၊ သမစိတ္တပဋိပဒါသုတ်၊ ဓမ္မစက္ကသုတ်၊ ပရာဘ၀သုတ်တို့ကို ဟောရာ၌ ကျွတ်တမ်းဝင်သူ အပၸေမယ် အသေခ်ၤယ် အနႏၲရွိသည္ဟု ဆိုသောကြောင့်၎င်း၊
ဘုရားတဆူ တဆူ၌ ကျွတ်တမ်းဝင်သူ မည်မျှဟု မပြောနိုင်ကြောင်း သိရပါသည်။

၂။ ပဋိသမ္ဘိဒါပတ္တ၊ ဆဠာဘိည ရဟန္တာတို့သည်ပင် ရဟန္တာဖြစ်လျှင်ဖြစ်ချင်း ဈာန်အဘိညာဉ် တန်ခိုးများ ဖြစ်ပေါ်လာသဖြင့် ရဟန္တာထက် အဆင့်မြင့်သော ဘုရားပစ္စေကဗုဒ္ဓါတို့၌ သစ္စာလေးပါးကို သိလျှင်သိချင်း ဈာန်တန်ခိုးများ အလိုအလျောက် ရလာနိုင်ကြောင်းကို အထူးပြောဖွယ်ပင်