အရှင်ဘုရား၊ ၀ိနည်းသိက္ခာပုဒ်နှင့်မညီသော ရဟန်းသံဃာများကို ဝေဖန်ပြောဆို ပြစ်တင်ရှုတ်ချလျှင် အပြစ်ဖြစ်ပါသလား၊
( ဥပမာ ) ဓားပြတိုက်ရာတွင် လက်ထောက်ချခြင်း၊ ဆင်းရဲ ချမ်းသာမကြည့်၊ မတရား ဘက်လိုက်သဖြင့် မှန်ကန်သော ဆင်းရဲသား ပိုမို နစ်နာဆုံးရှုံးခြင်း )
( ဥိးခင်မောင်သိန်း-ညောင်ရွှေမြို့ )


( ဖြေ )
ဘုန်းတော်ကြီး ဦသီလ ထေရုပ္ပတ္တိ-၌
ဟဲ့-ငတိုး၊ ရှင်ဘုရင်ကြီးတဦးမှာ သားတော် ၂-ပါးရှိတယ်။
အကြီးက တရားရှိတယ်၊ ခင်မင်ကြည်ညိုသူ များတယ်၊
အငယ်က တရားမရှိဘူး၊ မုန်းတီးသူတွေ များတယ်၊

ထိုလူယုတ်မာလေးကို လက်ဖြင့်သွားလုပ်လျှင် ဘယ်လိုဖြစ်မလဲ။
( သူ့အဖေ ရှင်ဘုရင်ကြီးက လက်ဖြတ်ပါလိမ့်မယ် ဘုရား။)

ဆဲရေးတိုင်းထွာလျှင်ကော၊
( အာဟက်ခံရပါလိမ့်မယ်ဘုရား )

အေးအေး၊ မင်းတို့ ဒီလိုသိရင်တော်ပြီ။
ဘုရားရှင် သားတော်တွေအပေါ်လဲ နင်တို့ သတိထားတတ်ရော့ပေါ့-ဟု မိန့်တယ်။

ဆူးပေါ်ဖက်ကျမို့ ငါဖြင့် လန့်လိုက်လေကွယ်၊ မောင်ဘိုးအင်ရယ်- ညောင်လေးပင်မြို့၌ ဦးဘိုးအင် ဆိုသည့် သူ၏မိတ်ဆွေအား ရှေ့နေ ဦးတိုးကြီးက ပြန်၍ ပြောပြဖူးသည်ဆို၏။-ဟု ပါရှိသည်။ ထိုဘုန်းတော်ကြီး ဦးသီလ စကားတော်အတိုင်း မှတ်သားအပ်ပါသည်။