ဘုရားတပည့်တော်သည်သံသရာအစမှစ၍ ယနေ့ တိုင်အောင်॥

၁။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ် ၌ လည်းကောင်း၊
၂။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌လည်းကောင်း၊
၃။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂ္ဂသာဝက၊မဟာသာဝကရဟန္တာအရှင်ကိုယ်တော်မြတ်ကြီး တို့ ၏အပေါ်၌လည်းကောင်း၊
၎။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌လည်းကောင်း၊
၅။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့ ၏ အပေါ်၌လည်းကောင်း၊
၆။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့ ၏အပေါ်၌လည်းကောင်း၊
၇။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သောဆရာသမားတို့ ၏
အပေါ်၌လည်းကောင်း၊
၈။ တရားဟောပြဆုံးမလေ့ရှိကြကုန်သောရဟန်းတို့အပေါ်၌လည်းကောင်း
၉။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့ ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြ
ကုန်သော လူပုဂ္ဂိုလ်၊ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ် တို့ ၏အပေါ်၌လည်းကောင်း၊
၁၀။ထမင်းတစ်လုတ် ရေတစ်မုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့ ၏
အပေါ်၌လည်းကောင်း ကာယကံ၊၀စီကံ၊မနောကံတစ်ပါးပါးဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါက ထိုအပြစ်တို့ ကို
ပျောက်ပါစေခြင်း အကျိုးငှာရိုသေမြတ်နိုးလက်အုပ်မိုး၍ ရှိခိုးပူဇော်ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့  ရှိခိုးပူဇော်ဖူးမျှော်မာန်လျော့ကန်တော့ရသော ကောင်းမှုကံစေတနာတို့ ကြောင့် အလုံးစုံသော
ဘေးရောဂါအန္တရာယ်အပေါင်းတို့ မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော
သစ္စာလေးပါးမြတ်တရားကိုကောင်းစွာသိမြင်၍နိဗ္ဗာန်သို့ စံဝင်နိုင်သောကိုယ်ဖြစ်ရပါလို၏ အရှင်ဘုရား။
လောကီမင်္ဂလာအဖြာအဖြာတို့ သည်လည်း စိတ်ကြံတိုင်း၊တောင်းတတိုင်းလွယ်ကူလျင်မြန်စွာပြည့်စုံ၍
နှလုံးစိတ်ဝမ်းအေးချမ်းရပါလို၏ အရှင်ဘုရား။
(မူကြိုဆရာ)