" အ သု ဘ မြင် က ၊ သံ ဝေ ဂ ၊ လျှင် စွာ ရ လေ ဧ။် "

အသုဘ ဟုဆိုလိုက်လျှင် လူတို့သည် လူသေအလောင်းကောင် ဟူ၍သာ ထင်မှတ်ကြဧ။် ။
အသုဘ ဧ။် အဓိပ္ပာယ်မှာ မတင့်တယ်သော ၊ မနှစ်မြို့ဖွယ်ဖြစ်သော ၊ ဟူ၍ ဖွင့်ဆိုပါသည် ။
အသုဘ ကမ္မဋ္ဌာန်း ဆိုသည်မှာ မတင့်တယ်သော အခြင်းအရာကို ဘာဝနာ အာရုံအဖြစ် ရှုမှတ် ပွားများခြင်းကို ဆိုသည် ။

ဤတွင် အလောင်းကောင်မှသာ မတင့်တယ်သည်မဟုတ် ၊ မိမိဧ။် သက်ရှိထင်ရှားရှိသော ခန္ဓာကိုယ်ဧ။် မတင့်တယ်မှုကို ကမ္မဋ္ဌာန်း အာရုံအဖြစ်
ရှုမြင်ပွားများတတ်ပါက ကမ္မဋ္ဌာန်းတရားကို အချိန်နှင့်အမျှ ပွားများအားထုတ်နိုင်ပေသည် ။ အကျိုးရရှိမှုမှာလည်း အထူးပင် ကျေးဇူးများလှပေသည် ။
ထို့ကြောင့် မိမိခန္ဓာကိုယ်ဧ။် မတင့်တယ်မှုတို့ကို အစဉ်အမြဲ ဆင်ခြင်နှလုံးသွင်းတတ်ဖို့လိုပေသည် ။

အိမ်တစ်လုံးကို ဖျက်၍ ပုံလိုက်သည်ရှိသော် အမိုး ၊ အကာ ၊ အခင်း ၊ တိုင် ဟူ၍သာ ရှိတော့သည် ၊ ' အိမ် ' ကား မရှိတော့ပြီ ။ လှည်းယာဉ်ရထားကို
ဘီး ၊ ဝန်ရိုး ၊ ပန်းတောင်း ၊ စည်းကုံး တို့အား ခွဲခြားစုပုံလိုက်သည်ရှိသော် ' လှည်းယာဉ် ' ဟူသော ဝေါဟာရသည် မရှိတော့ချေ ။ ထို့အတူ ' ငါ ' ဟု
ထင်နေသော ခန္ဓာကိုယ်ကြီးကို ခွဲခြားစိတ်ဖြာ၍ စုပုံချထားပါမူ ' ငါ ' ဟူသော ခန္ဓာကိုယ်ကြီး တွေ့နိုင်မည် မဟုတ်ပေ ။ ကျမ်းစာဧ။် အလိုအရ ခန္ဓာကိုယ်
အားခွဲခြမ်းစိတ်ဖြာလိုက်ပါက အစုအပုံအဖြစ် ၃၂-ပုံ(၃၂ပါး) ရှိသည် , ၃၂- ကောဋ္ဌာသ ဟုလည်းခေါ်ဆိုကြရသည် ။ ယင်းတို့မှာ :--

ဆံပင် ၊ မွှေးညှင်း ၊ လက်သည်းခြေသည်း ၊ သွား ၊ အရေ ၊ အသား ၊ အကြော ၊ အရိုး ၊ ရိုးတွင်းခြင်ဆီ ၊ အညှို့ ၊ နှလုံး ၊ အသဲ ၊ အမြှေး ၊ အဖျဉ်း ၊ အဆုတ် ၊
အူမ ၊ အူသိမ် ၊ အစာသစ် ၊ အစာဟောင်း ၊ ဦးနှောက် ၊ သည်းခြေ ၊ သလိပ် ၊ ပြည် ၊ သွေး ၊ ချွေး ၊ ဆီကြည် ၊ အဆီခဲ ၊ မျက်ရည် ၊ တံတွေး ၊ နှပ် ၊ အစေး ၊
ကျင်ငယ် ဟူ၍ ဖြစ်သည် ။

ဤသို့ ခန္ဓာကိုယ်ကြီးကို ၃၂-ပုံ ခွဲခြမ်းလိုက်မည်ဆိုလျှင် ယခင်က တင့်တယ်သည်ဟု ထင်နေသော ' ထင်မှားမြင်မှားနေမှု ' ပျောက်ကွယ်သွားရကာ ခန္ဓာကိုယ်ကြီးကို
စက်ဆုပ်ရွံရှာဖွယ်အဖြစ် မျက်ဝါးထင်ထင် တွေ့မြင်လာရပေသည် ။ ခန္ဓာကိုယ်ကို နှစ်သက်တွယ်တာနေမှု လည်း မရှိနိုင်တော့ပေ ။ ' ငါ ' ဟူသော အတ္တအထင်မှားမှု
' သက္ကာယဒိဋ္ဌိ ' လည်း ရှင်းသွားရပေသည် ။ တစ်ကြိမ်တစ်ခါ ဆင်ခြင်ကြည့်ရုံဖြင့်တော့ ကွဲပြားခြားနားနိုင်မည် မဟုတ်ပေ ။ ဣနြေ္ဒရင့်သန်လာရန်လိုအပ်ပေသည် ။
သို့အတွက် ကြိမ်ဖန်များစွာ ဆင်ခြင်ပွားများရမည် ဖြစ်သည် ။

ဤ ၃၂-ကောဋ္ဌာသတို့တွင် တစ်ခုသော ကောဋ္ဌာသသည် ကျန် ၃၁ ပါးနှင့် မည်သို့မျှ မရောယှက် ၊ အသိအမှတ် မရှိသည်ကိုလည်း ဆင်ခြင်ရာဧ။် ။ ဥပမာအားဖြင့်
ဆံပင်ကောဋ္ဌာသ သည် ခေါင်းခွံအရေကောဋ္ဌာသ ပေါ်တွင် ရှိသော်လည်း တစ်ပါးနှင့် တစ်ပါး အသိအမှတ် မပြုကြကုန် ၊ တောင်ပို့ပေါ်ရှိသော မြက်သည် တောင်ပို့
ပေါ်၌ ငါပေါက်ရောက်နေဟု မသိသလို ၊ တောင်ပို့သည်လည်း ငါ့အပေါ် မြက်ပေါက်ရောက်နေသည်ဟု မသိသကဲ့သို့တည်း ။ ဤသို့လျှင် ၃၂ -ကောဋ္ဌာသတို့သည်
အချင်းချင်း တစ်ခုနှင့် တစ်ခု အသိအမှတ် မရှိကြချေ ။ ယင်းကဲ့သို့ ဆက်စပ်ရောယှက်ခြင်း မရှိသည်ကို ဆင်ခြင်ပြီး ပိုင်းခြားဝေဖန်၍လည်း ရှုရမည်ဖြစ်သည် ။

၃၂-ကောဋ္ဌာသလုံး အလွတ် မရှုမှတ် နိုင်သေးလျှင် ၊ မိမိ၌ အထင်ကရဖြစ်သော ကောဋ္ဌာသ ၅ ပါး၊ ၆ပါး မျှကို ခွဲခြားဆင်ခြင်ရှုပွားရမည်ဖြစ်သည် ။ မိမိအမြင်၌ ထင်ရှားသော
ဆံပင် ၊ အသား ၊ အရေ ၊ ခြေသည်းလက်သည်း ၊ သွား ၊ အရိုး စသည်တို့ကို အဖန်ဖန် ခွဲခြားဆင်ခြင်ရမည် ၊ တစ်ခု တစ်ခုသော ကောဋ္ဌာသကို ဆင်ခြင်ရာ၌ စိတ်ထဲ ဥာဏ်ထဲ
တွင် ထင်ထင်ရှားရှား ပေါ်လွင်အောင် အသေအချာ စူးစိုက်၍ ဆင်ခြင် ရှုမှတ်ရာဧ။် ။ ယင်းရှေ့ငါးပါးခန့်ကို အပြန်ပြန် ရှုမှတ်နိုင်ခဲ့သာ် နောက်ထပ်တိုး၍ သွေး ၊ ချွေး ၊ တံတွေး ၊
နှပ် ၊ ပြည် ၊ မျက်ရည် တို့ကဲ့သို့ ထွက်ပေါ်လာသော ကောဋ္ဌာသတို့ကို ပေါင်းစပ် ရှုမှတ်ရပေမည် ။ နောင်သော် မိမိမှန်းဆနိင်သမျှသော ကောဋ္ဌာသတို့ကို စုပေါင်းရှုမှတ်လာရ
မည်ဖြစ်သည် ။ ဤသို့ အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင်ပွားများလာနိုင်ခဲ့သော် ခန္ဓာကိုယ်ဧ။် မတင့်တယ်သော ၊ စက်ဆုပ်ရွံရှာဖွယ် အဖြစ်သည်လည်းကောင်း ၊ ငါကောင်ဟူသော
အယူလွဲမှားနေမှု 'အတ္တဒိဋ္ဌိ' သည်လည်းကောင်း ၊ မိမိဧ။် ဥာဏ်တွင် ရှင်းလင်းထင်ရှားစွာ တွေ့မြင်လာရပေတော့သည် ။

လေ့ကျင့်ချိန် ကြာလာခဲ့သည်ရှိသော် ၃၂- ကောဋ္ဌာသ တွင်ရှိသည်တို့သည် မိမိခန္ဓာကိုယ်ပေါ်သို့ ရှုမှတ်လိုက်သည်နှင့် တစ်ခုချင်း တစ်ခုချင်း ရှင်းရှင်း တွေ့လာရတော့သည် ။
ထိုအခါ၌ မိမိဧ။် ခန္ဓာကိုယ်ကြီး ဟူ၍လည်းကောင်း ၊ ' ငါ ' ဟူသော အတ္တအနေဖြင့်သော်လည်းကောင်း ၊ အသက်ရှိသော လူဟူ၍သော်လည်းကောင်း မမြင်ရတော့ဘဲ ၊ အကောင်
အထည် " သက္ကာယဒိဋ္ဌိ "တို့ကွယ်ပျောက်လျက် မတင့်တယ်သော , မနှစ်သက်ဖွယ် အသုဘ အဖြစ်သာ ထင်လာမြင်လာတော့လေသည် ။

အစားအစာ စားရာတွင် ထမင်း,အဖျော်ရည် အစရှိသည်တို့သည် ကောဋ္ဌာသ အစုအတွင်းသို့ ထည့်သွင်းနေရသည်ကဲ့သို့ ရှေးရှုထင်လာရဧ။် ။ အခြား အဝတ်အထည် , အသုံးအဆောင်
တို့ကိုလည်း ဝက်ကလီစာ , နွားကလီစာ များထုပ်ပိုးထားသော ဖက်ရွက်များကဲ့သို့ပင် မနှစ်မြို့ဖွယ် အနေဖြင့် မြင်လာပြီး လိုချင်တပ်မက်မှု " တဏှာ " ပါးလျား၍ လာပေသည် ။
ထောင်လွှားမောက်မာမှု " မာန " လည်း အလျင်းကင်းပျောက်သွားရတော့ဧ။် ။ ဤသို့ " တဏှာ ၊ မာန ၊ ဒိဋ္ဌိ " တို့ ကို နည်းပါးလာရာမှ အရှင်းပျောက်ကွယ်သွားသည်အထိ
ခန္ဓာကိုယ်ဧ။် အသုဘအာရုံ(ကောဋ္ဌာသ) တို့ကို အစဉ်အမြဲ ဆင်ခြင် ရှုမှတ် ပွားများကြရာဧ။် ။

ဣနြေ္ဒတို့ ရင့်သန်သည်ထက် ရင့်သန်လာပါက မိမိခန္ဓာသာမဟုတ် အခြားသောခန္ဓာတို့ကို တွေ့မြင်ရသည့်အခါ အသုဘ များအဖြစ်သာ တွေ့မြင်လာရတော့သည် ။ ထိုအခါ မည်သူ့ကိုမျှ
ချစ်ခင်စွဲလမ်းခြင်း " တဏှာ " များ မဖြစ်လာတော့ ၊ မည်သူ့အပေါ်တွင်မှ မောက်မာထောင်လွှားလိုသောဆန္ဒ " မာန "တို့ မရှိတော့ ၊ ယောက်ျား,မိန်းမဟူသော အယူမှား" သက္ကာယဒိဋ္ဌိ " တို့
ပျောက်ကွယ်လေတော့သည် ။ ထိုအခါ မိမိ သန္တာန်မှာ လောဘ ၊ ဒေါသ ၊ မောဟ ၊ ဣဿာ ၊ မစ္ဆရိယ စသော ကိလေသာတို့ ချုပ်ငြိမ်း၍ အေးချမ်းသက်သာသော ခံစားမှုကို ရရှိလာတော့သည် ။

ဤသို့ အမြဲတစေ ဆင်ခြင်ပွားများ လေ့ကျင့်ရန် ခဲယဉ်းသည် ၊ ကြာရှည်ရှုမှတ်ဖို့ရန် မဖြစ်နိုင်ဟု ထင်မြင်မည်ဖြစ်သော်လည်း ၊ အဖိုးတန်သောအရာသည် လွယ်လွယ်ကူကူ ပေါပေါလောလော
မရရှိနိုင်ခြင်းကို အထူးသတိပြုကာ လုံ့လဝီရိယ စိုက်ထုတ်ပြီး သတိဥာဏ်အား အထူးဖေါ်ဆောင်ကာ ကြိမ်ဖန်များစွာ အချိန်ပြည့် လေ့ကျင့်ပွားများအားထုတ် နေရမည် ဖြစ်သည် ။ ဤကဲ့သို့
ပြုကျင့်လုပ်ဆောင်နိုင်မည်ဆိုပါက သံသရာအဆက်ဆက်မှ ဖြစ်တည်လာသော အကုသိုလ်တို့ဧ။် အကျိုးပေးမှုမှ ကင်းလွတ်ရမည်ဖြစ်ပေသည် ။

ဝိပဿနာ လုပ်ငန်း ဆိုသည်မှာ မပြုလုပ် မကျင့်ကြံမီသာ ပျင်းစရာကောင်းသည်ဟု ထင်သော်လည်း တကယ်အားထုတ်ကြည့်သောအခါ မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်မရအောင် နှစ်သက်
မွေ့လျော်ဖွယ် ကောင်းသည်ကို တွေ့လာရမည်ဖြစ်သည် ။ ဝိပဿနာ လုပ်ငန်းသည် တိုးလျှိုးတောင်းပန်၍လည်းမရ ၊ တံစိုးလက်ဆောင် ပေး၍လည်း မရ ၊ မိမိကိုယ်စား အကူအညီ ခေါ်ယူ
၍လည်းမရ သော မြင့်မြတ်ကြီးကျယ်သည့် လုပ်ငန်းမွန် ဖြစ်သည်ကို အထူးသတိချပ်ကာ လိုလိုချင်ချင် ယုံယုံကြည်ကြည် ဖြင့် ကြိုးစားအားထုတ်သင့်လှပေတော့သည် ။ ။