တ ရား အ ရ သာ ခံ စား တာ မှန် စွာ မြင့် မြတ် ကြောင်း

လောကတွင် ခံစားရရှိနိုင်သော အရသာ ကိုး မျိုးရှိသည် ။ ယင်းတို့မှာ -

၁ ။ မိန်းမ ယောက်ျား တို့ဧ။် ချစ်ကြိုက်ခြင်း အရသာ ( သိင်္ဂါရ ရသ ) ။
၂ ။ ပြုံးရွှင်ရယ်မောခြင်း အရသာ ( ဟာသ ရသ ) ။
၃ ။ စိုးရိမ် ကြောင့်ကြ သနားခြင်း အရသာ ( ကရုဏ ရသ ) ။
၎ ။ ကြမ်းကြုတ် ရက်စက်ခြင်း အရသာ ( ရုဒ္ဓ ရသ ) ။
၅ ။ လုံ့လ ဝီရိယ ရှိခြင်း အရသာ ( ဝီရ ရသ ) ။
၆ ။ ကြောက်ရွံ့ခြင်း အရသာ ( ဘယာနက ရသ ) ။
၇ ။ စက်ဆုတ် ရွံရှာခြင်း အရသာ ( ဝိဘစ္ဆ ရသ ) ။
၈ ။ အံ့သြခြင်း အရသာ ( အဗ္ဘုတ ရသ ) ။
၉ ။ ငြိမ်သက် တည်ကြည် ခြင်း အရသာ ( သန္တ ရသ ) ။ [ သို့မဟုတ် ] တရားစွမ်းအားဖြင့် ရရှိသော အေးချမ်းသည့် တရား အရသာ ( ဓမ္မ ရသ ) ။
စသည်တို့ဖြစ်သည် ။
ဤတွင် အစားအစာ စားသုံးရာ၌ ခံစားရသော ချို၊ ချဉ်၊ ငန်၊ စပ်၊ ဖန်၊ ခါး၊ ဆိုတဲ့ အရသာမျိုးကို မဆိုလိုပါ ။ လျှာဖြင့်ခံစားရသော အရသာ မဟုတ်ဘဲ
နှလုံးသားဖြင့် ခံစားရသော အရသာ ဆိုလိုရင်းကို ဖေါ်ပြထားခြင်းဖြစ်သည် ။

အခါတစ်ပါး တာဝတိံသာနတ်ပြည်မှာ နတ်သားများ စုဝေးကြပြီး ပြဿနာ လေးရပ်ရဲ့အဖြေကို စုံစမ်းရှာဖွေခဲ့ကြတယ် ။ အဲဒီလေးရပ်ကတော့ -
၁ ။ အလှူဒါန အားလုံးတွင် အဘယ်ဒါနက အမြတ်ဆုံးလဲ ။
၂ ။ အရသာ အားလုံးတွင် အဘယ်အရသာက အမြတ်ဆုံးလဲ ။
၃ ။ မွေ့လျော် ပျော်ရွှင်ဖွယ် အားလုံးတွင် အဘယ်မွေ့လျော်ဖွယ်က အမြတ်ဆုံးလဲ ။
၎ ။ တဏှာ ကုန်ခမ်းမှုသည် အဘယ်ကြောင့် အမြတ်ဆုံး ဖြစ်သလဲ ။ ဆိုတဲ့ ပြဿနာ လေးရပ်ရဲ့ အဖြေကို စူးစမ်းရှာဖွေကြတယ် ။

တစ်ဆယ့် နှစ်နှစ်တိုင် စကြာဝဠာတိုက် တစ်သောင်း လှည့်လည်ပြီး အဖြေရှာကြသော်လည်း မရနိုင်ဖြစ်ကြရတယ် ။ နတ်မင်း ၊ ဗြဟ္မာမင်းများ မှအစ သိကြားမင်းဆီ ရောက်လာကြတယ် ။
သိကြားမင်းက လမ်းညွှန်တာနဲ့ နောက်ဆုံး မြတ်စွာ ဘုရားရှင်ထံ ရောက်လာတယ် ။ ဒီအခါ ဘုရားရှင်က ဖြေကြားရာမှာ -

အလှူဒါန အားလုံးကို တရားအလှူက အောင်နိုင်တယ် ။ ( သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ )
အရသာ အားလုံးကို တရားအရသာက အောင်နိုင်တယ် ။ ( သဗ္ဗရသံ ဓမ္မရသော ဇိနာတိ )
ပျော်မွေ့ဖွယ် အားလုံးကို တရားနှင့် ပျော်မွေ့ခြင်းက အောင်နိုင်တယ် ။ ( သဗ္ဗရတိ ဓမ္မရတိ ဇိနာတိ )
တဏှာကုန်ခမ်းခြင်းသည် ဆင်းရဲဒုက္ခ အားလုံးကို အောင်နိုင်တယ် ။ ( တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ ) လို့ ဖြေဆိုတော်မူပါတယ် ။

စကြာဝဠာ နှင့် အပြည့်ရှိသော ဘုရားရှင် ၊ ပစ္စေကဗုဒ္ဓာ ၊ ရဟန္တာ အပေါင်းကို သင်္ကန်း ၊ ဆွမ်း ၊ ဆေး,ဆီဦးထောပတ် များ ၊ ကျောင်း ပြာဿဒ်ပေါင်း အသိန်းမက ဆောက်လုပ်လှူဒါန်းသည်ထက်
အပိုဒ် လေးပိုဒ် ပါတဲ့ တစ်ဂါထာ အနုမောဒနာ တရား အလှူက သာလွန်၍ အကျိုးကြီးဧ။် ။ ထိုမျှကြီးကျယ်သော ပစ္စည်းလေးပါး အလှူသည် တစ်ဂါထာဖြင့် ဟောအပ်သော တရားအလှူဧ။်
တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုမျှ လိုက်မမီချေ ။ အဘယ်ကြောင့်ဆိုသော် တရားနာဖူး သူတို့သာ အလှူဧ။် အကျိုးကို သေချာသိရှိသဖြင့် လှူဒါန်းလေ့ရှိကြဧ။် ။ တရားမနာဖူးသူတို့မှာ အကျိုး
ရှိသော အလှူကို လှူဒါန်းခြင်းအမှု အနည်းငယ်မျှပင် မပြုနိုင်ချေ ။ တရားစစ်သူကြီး အရှင်သာရိပုတ္တရာ သည်ပင် အရှင်မဟာ အဿဇိ မထေရ်ဧ။်တရားတစ်ပိုဒ်ကို ကြားနာရသဖြင့် သောတာပန်
တည်ကာ ဘုရားရှင်ထံ ပူဇော်ဆည်းကပ်ခွင့် ရရှိခဲ့လေသည် ။ ထို့ကြောင့် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ဟူ၍ ဟောကြားတော်မူပါသည် ။

အရသာကိုးပါးတွင်လည်း အခြားသော လောကီ အရသာ ရှစ်မျိုး နှင့် ချိုချဉ်ငန်စပ်ဖန်ခါး လျှာအရသာ ခြောက်မျိုး ၊ နတ်သြဇာဖြစ်သော သုဓာဘောဇန အရသာဟူသမျှသည် တဏှာကိုအရင်းခံ
သောကြောင့် သံသရာဝဋ်ဆင်းရဲသို့ ကျရောက်ခံစားဖို့ အကြောင်းဖြစ်ဧ။် ။ အကြင်ပုဂ္ဂိုလ်သည် ဗောဓိ ပက္ခိယ တရား (၃၇)ပါး ၊ မဂ်လေးတန်, ဖိုလ်လေးတန် နိဗ္ဗာန်ဟူသော လောကုတ္တရာကိုးပါး
တည်းဟူသော တရားတော်ဧ။် အရသာကို ခံစားရသည်ရှိသော် တဏှာ ကိလေသာတို့ ပြည့်လျှက်ရှိသည့် သံသရာဝဋ်ဒုက္ခမှ လွတ်ကင်းခွင့်ရသဖြင့် သဗ္ဗရသံ ဓမ္မရသော ဇိနာတိ ဟူ၍ ဟောကြား
တော်မူပါသည် ။

လောက၌ သားမယား၊ ခင်ပွန်း၊ စည်းစိမ် ဥစ္စာ၊ ကပွဲ ဆိုပွဲ တီးမှုတ်ပွဲ စသည့် ပျော်မွေ့ဖွယ်တို့ ရှိကြဧ။် ။ ယင်း ပျော်ပွဲ ရွှင်ပွဲ ကပွဲတည်းဟူသော ပျော်မွေ့ဖွယ် တို့သည် တဏှာ ကိလေသာတို့ကို
ပိုမိုတိုးပွားလာစေပြီး သံသရာဝဋ်ဆင်းရဲသို့ ကျရောက်ကာ ရုန်းထွက်နိုင်ခြင်းမရှိဘဲ သံသရာဝဲသြဃ အတွင်း၌သာ နစ်မွန်းခြင်းဧ။် အကြောင်းတရားများသာ ဖြစ်ကြဧ။် ။ တရားတော်ကို နာကြား
ရသဖြင့် သဒ္ဓာထက်လျက် တရားတော်၌ ပျော်မွေ့လာခြင်းဖြစ်ခဲ့သော် ယခုဘဝမှစ၍ သံသရာတလျှောက် ချမ်းသာသုခတို့ဖြင့် ခံစားစံစားနိုင်ပြီး အဆုံး၌ အမွန်မြတ်ဆုံးဖြစ်သော နိဗ္ဗာန်ချမ်းသာကို
ရရှိနိုင်မည်ဖြစ်သည့်အတွက် သဗ္ဗရတိ ဓမ္မရတိ ဇိနာတိ ဟူ၍ ဟောကြားတော် မူပါသည် ။

သုံးဆယ့်တစ်ဘုံတွင် ဖြစ်နေရသော ဒုက္ခဆင်းရဲ အပေါင်းသည် တဏှာကိလေသာလျှင် အကြောင်းရင်းဖြစ်ရဧ။် ။ ထိုတဏှာကိလေသာ အလိုဆိုးကြီးကို အပြီးတိုင် ကုန်ဆုံးခမ်းခြောက် စေနိုင်သော
အရဟတ္တမဂ်ကို မိမိသန္တာန်မှာ ဖြစ်ပေါ်စေပါက ဆင်းရဲအပေါင်းမှ အပြီးတိုင် ကင်းလွတ်ခွင့်ရသဖြင့် တဏှာက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ ဟူ၍ ဟောကြားတော်မူပါသည် ။

ထို့ကြောင့် ဓမ္မမိတ်ဆွေ အပေါင်းတို့သည် တရားတော်တို့ကို မိမိတတ်နိုင်သမျှ ဖြန့် ဝေပေးလှူကာ ၊ တရားတော်၌ မွေ့လျော်ပျော်ရွှင်စေပြီး ၊ တရားအရသာကို ခံစားစံစားရင်းဖြင့် သံသရာဝဋ်ဒုက္ခ
အပေါင်းမှ လွတ်မြောက်စေနိုင်ရန် ရရှိထားသော ယခုဘဝဧ။် တန်ဖိုးကို မြှင့်တင်ဆောင်ရွက်ရင်း အချိန်ကို အသုံးချကြပါစို့ ။ ။