" သူ တော် ကောင်း " နှင့် " သူ ယုတ် မာ "

" ရဟန်းတို့ .... လေးပါးသော အကြောင်းနှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် သူတော်မဟုတ် ၊
ယုတ်မာသောသူဟု သိအပ်ဧ။် ။ အဘယ်လေးပါးတို့နည်း ဟူမူကား :--

၁ ။ သူတစ်ပါးဧ။် ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့စကား (မကောင်းသည့်အကြောင်း) ကို သူတစ်ပါးက မမေးအပ်သော်လည်း ထင်စွာပြုတတ်ဧ။် ။
မေးပါသော်ကား ဆိုဖွယ်ရာ မရှိပြီ ။ ထိုသူယုတ်မာသည် ပရိသတ်ပွဲအလယ်တွင် မေးမြန်းအပ်သည်ရှိသော် အားတက်သရော
မယုတ်လျော့စေဘဲ ၊ အချိန်ဖင့်နွှဲ ဆွဲ၍မထားဘဲ ၊ အလျင်အမြန်ပင် အပြည့်အစုံ အကျယ်တဝင့် ပြောကြားတတ်ပေဧ။် ။

၂ ။ သူတစ်ပါးဧ။် ဂုဏ်ကျေးဇူးစကား (ကောင်းသည့်အကြောင်း) ကို မေးမြန်းအပ်ပါသော်လည်း ထင်စွာမပြုလို ။ မမေးမြန်ပါမူ အဘယ်မှာ
ဆိုဖွယ်ရှိပါအံ့နည်း ။ ပရိသတ်အလယ်ဝယ် မေးမြန်းအပ်စေကာမူ ယုတ်လျော့သည်ကိုပြု၍ အချိန်ဖင့်နွှဲ ဆွဲသည်ကို ပြုပြီးလျှင်
မပြည့်မစုံ အကျယ်တဝင့် မဖွင့်ပြဘဲ သူတစ်ပါးဧ။် ကျေးဇူးစကားကို မပြောချင် ပြောချင် ပြောဆိုတတ်ဧ။် ။

၃ ။ မိမိဧ။် ကျေးဇူးမဲ့ ကဲ့ရဲ့သောစကား (မကောင်းသည့်အကြောင်း) ကို သူတစ်ပါးက မေးမြန်းအပ်သည်ရှိသော် ထင်စွာမပြုနိုင်ချေ ။
မမေးပါမူကား အဘယ်မှာဆိုဖွယ် ရှိပါအံ့နည်း ။ ပရိသတ်အလယ်ဝယ် မေးမြန်းအပ်စေကာမူ မိမိဧ။် ကျေးဇူးမဲ့စကားကို လျော့သည်ကိုပြု၍
အချိန်ဖင့်နွှဲ ဆွဲသည်ကို ပြုပြီးလျှင် မပြည့်မစုံ အကျယ်တဝင့် ဖွင့်မပြဘဲ မိမိဧ။် ကျေးဇူးမဲ့စကားကို မပြောချင် ပြောချင် ပြောဆိုတတ်ဧ။် ။

၎ ။ မိမိဧ။် ဂုဏ်ကျေးဇူးစကား (ကောင်းသည့်အကြောင်း) ကို သူတစ်ပါးတို့က မမေးအပ်သော်လည်း ထင်စွာပြောတတ်ပါပေဧ။် ။ မေးမြန်းအပ်ပါမူ
အဘယ်လျှင် ဆိုဖွယ်ရာ ရှိပါအံ့နည်း ။ ပရိသတ်အလယ်၌ မေးမြန်းအပ်သည်ရှိသော် မယုတ်လျော့စေဘဲ ၊ အချိန်ဖင့်နွှဲ ဆွဲသည်ကို မပြုဘဲ ၊
အပြည့်အစုံပင် အကျယ်တဝင့် ဖွင့်ကာဖွင့်ကာဖြင့် မိမိဧ။် ကျေးဇူးစကားကို တဖွဖွ ပြောကြားတတ်ပေဧ။် ။

" ရဟန်းတို့ ..... ဤဆိုအပ်ပြီးသောအတိုင်း သူတစ်ပါးဧ။် ကျေးဇူးမဲ့၊ ကဲ့ရဲ့သော စကားကို မမေးဘဲလည်းပြောဆိုလိုခြင်း ။ မေးမြန်းသော်လည်း
ထင်စွာမပြုလိုခြင်း ။ မိမိဧ။် ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို မေးသော်လည်း ထင်စွာမပြုလိုခြင်း ။ မမေးသော်လည်း တဖွဖွ ထင်စွာပြုခြင်း
တည်းဟူသော ဤအကြောင်းတရား လေးပါးတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို အသပ္ပုရိသ သူတော်မဟုတ် ယုတ်မာသူဟု သိအပ်ပေတော့သည် "

" ရဟန်းတို့ ....လေးပါးသော ကောင်းသောအကြောင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို သပ္ပုရိသစင်စစ်
သူတော်ကောင်းဟူ၍ သိအပ်ဧ။် ။ လေးပါးသောတရားဟူသည်မှာ :----

၁ ။ သူတစ်ပါးဧ။် ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့သောစကားကို မေးပင်မေးစေကာမူ ထင်စွာမပြုလို ။ မနေသာအောင် သူတစ်ပါးတို့က မေးသော်မှ လျှော့ကာလျှော့ကာ
အကျယ်တဝင့် မဖွင့်ပြဘဲ မပြည့်မစုံသာ သူတစ်ပါးဧ။် ကျေးဇူးမဲ့စကားကို ပြောကြားတတ်ပေဧ။် ။

၂ ။ သူတစ်ပါးဧ။် ဂုဏ်ကျေးဇူးစကားကို ပရိသတ်ပွဲအလယ်တွင် သူတစ်ပါးတို့က မမေးသော်လည်း ထင်စွာပြုတတ်ပေဧ။် ။ ပရိသတ်အလယ်ဝယ် အကယ်၍
မေးအပ်သည်ဖြစ်မူကား ဝမ်းပန်းတသာဖြင့် မြိန်ရေရှက်ရေ ဂုဏ်ကျေးဇူး ရှိရှိသမျှ တစ်စုံတစ်ခုကိုမျှ မချန်ဘဲ ၊ အချိန်ဖင့်နွှဲ၍လည်းမထားဘဲ ၊ အပြည့်အစုံ
အကျယ်တဝင့် ဖွင့်ပြ ပြောဆိုတတ်ပေဧ။် ။

၃ ။ မိမိဧ။် အပြစ် ကျေးဇူးမဲ့စကားကို သူတစ်ပါးတို့က မမေးအပ်စေကာမူ ပြတတ် ၊ ထင်စွာ ပြောတတ်ပါပေဧ။် ။ မေးမြန်းပါမူကား အဘယ်မှာလျှင် ဆိုဖွယ်ရာ
ရှိတော့အံ့နည်း ။ ပရိသတ်အလယ်ဝယ် သူတစ်ပါးတို့က မိမိဧ။် ကျေးဇူးမဲ့ အပြစ်စကားကို မေးမြန်းအပ်သည်ရှိသော် မထိမ်မချန် မကွယ်မဝှက်ဘဲ ၊ အချိန်
ဖင့်နွှဲဆွဲ၍လည်း မနေဘဲ ၊ အပြည့်အစုံ အကျယ်တဝင့် မိမိဧ။် အပြစ်များကို ထင်ရှားစွာ ဖွင့်ပြ ပြောဆိုတတ်ပေဧ။် ။

၎ ။ မိမိဧ။် ဂုဏ်ကျေးဇူးစကားကို သူတစ်ပါးတို့က မေးသော်လည်း ထင်စွာမပြုလို ။ အကယ်၍ မနေသာအောင် အတင်းအကြပ် ပရိသတ်အလယ်၌ မေးမြန်း
အပ်သည် ရှိပါမူကား ထိမ်ချန်၍ လျှော့ပေါ့၍ဖြစ်စေ ၊ အချိန်ဖင့်နွှဲ ဆွဲ၍ဖြစ်စေ ၊ မပြည့်မစုံ ပြောသည်ဆိုရုံမျှ အကျဉ်းမျှသာလျှင် မိမိဧ။် ဂုဏ်ကျေးဇူးစကားကို
ပြောကြားတတ်ပေဧ။် ။

" ရဟန်းတို့ ... ဤသို့ဆိုအပ်ပြီးသောအတိုင်း သူတစ်ပါးဧ။် ကျေးဇူးမဲ့၊ ဂုဏ်မဲ့သော စကားကို ထင်ရှားမပြုလိုခြင်း ။ သူတစ်ပါးဧ။် ဂုဏ်ကျေးဇူးစကားကို မမေးသော်လည်း
ပြောကြားလိုခြင်း ။ မိမိဧ။် အပြစ် ကျေးဇူးမဲ့ ကဲ့ရဲ့ဖွယ်ရာ စကားကို မမေးသော်လည်း ထင်စွာပြုလိုခြင်း ။ မိမိဧ။် ဂုဏ်ကျေးဇူးစကားကို သူတစ်ပါးက
မေးမြန်းသော်လည်း ထင်စွာမပြုလိုခြင်း တည်းဟူသော ဤလေးပါးသော အကြောင်းတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို သပ္ပုရိသ သူတော်စင်စစ် ဖြစ်ဧ။်
ဟူ၍ သိအပ်ပေတော့သည် "

အဂုင်္တ္တရ နိကယ် ၊ စတုက္ကနိပါတ် ၊ သပ္ပုရိသသုတ် ။