"" သူများအလှူ မကြည်ဖြူ ၊ ထိုသူဆင်းရဲ ရောက်ရမြဲ ""

ဘုရားရှင်တိုင်း လက်ထက်တော်တွင် ဘုရားတစ်ဆူ တစ်ဆူ ပွင့်ပေါ်တော်မူလျှင် တုဘက်မမြင် မှတ်တမ်းတင်လောက်အောင် ဂုဏ်ထူးဆောင်နိုင်သော
အတုမရှိသော အလှူကြီး " အသဒိသ ဒါန " ဟူ၍ တစ်ကြိမ် တစ်ခါသာ ဖြစ်ပေါ်လေ့ ရှိသည် ။
ဗုဒ္ဓဘုရားရှင်သာသနာတွင် ယင်း " အသဒိသ ဒါန " အလှူကြီးကို ကောသလမင်း နှင့် ပြည်သူပြည်သားတို့က ဖြစ်မြောက်စေရန် ဘုရင် နှင့် ပြည်သူများ
တစ်ဘက်နှင့် တစ်ဘက် သူ့ထက်ငါ မသာ,သာအောင် ပစ္စည်းအား၊ ကိုယ်အား၊ ဥာဏ်အား ကြီးမားစွာဖြင့် အပြိုင်အဆိုင် လှူဒါန်းကြလေသည် ။

ထိုစဉ် ကောသလမင်းကြီးဧ။် ကဏှ အမတ်ကြီးက " သူတို့ အပြိုင်အဆိုင် ဂုဏ်ထူးရလို၍ လှူဒါန်းနေကြတာ ဘာကုသိုလ်ရမည်လဲ ၊ ဝတ္တုပစ္စည်းများ
ဆုံးရှုံးရုံမျှသာ ဖြစ်ကြပြီး အကုန်လုံး အချည်းနှီးမျှ ဖြစ်ကြကုန်ရာဧ။် " ဟု စိတ်ပြစ်မှားလျှက် ရှိနေဧ။် ။

တစ်ခြားသော အမတ်ဖြစ်သည့် ဇုဏှ အမတ်ကြီးကမူကား " သြော် - ဘုရားတစ်ဆူ တစ်ဆူ မှာ ကြီးမားမြင့်မြတ်သော ဒါနကြီးများ တစ်လှူသာ ဖြစ်ပွားနိုင်သည့်
" အသဒိသ ဒါန " ကြီးကို ကိုယ်အား၊ ဥာဏ်အား၊ ပစ္စည်းအား တို့ဖြင့် မနိုင်, နိုင်အောင် ကြံဆောင်ပြုလုပ် အားထုတ်နိုင်ကြပါပေတကား " ဟု အထူးသတိပြုကာ
ဝမ်းမြောက် ဝမ်းသာ လျက် ရှိနေဧ။် ။

ထိုကောသလမင်းကြီး အနိုင်ရ၍ ယင်းဒါနကြီးများဧ။် အနုမောဒနာတရားကို မြတ်စွာဘုရားရှင်က တစ်ဂါထာမျှသာ ဟောကြားသောအခါ မင်းကြီးက ဘုရားရှင်အား
" ဤမျှလောက် ကြီးကျယ်သော ဒါနကြီးပြုပါလျှက် ဘယ့်အတွက်ကြောင့် အနုမောဒနာတရား တစ်ဂါထာသာ ဟောကြားရပါသလဲဘုရား " ဟု လျှောက်ထားသောအခါ
" အကယ်၍ ဤ အသဒိသ ဒါန အကျိုးကြီးကြောင်းကို အကျယ်ပွား၍ ငါဘုရား ဟောကြားလိုက်သည်ရှိသော် ဤဒါနကြီးကို ချီးမွမ်းဝမ်းမြောက်သော ဇုဏှ အမတ်မူကား
သောတာပန် ဖြစ်မည် ရှိသော်လည်း ၊ ဤအလှူကြီးကို စိတ်ပြစ်မှား၍ နေသော ကဏှ အမတ်ကြီးသည်ကား ဦးခေါင်းရှစ်စိတ် ကွဲ၍ တစ်ခါတည်း သေသွားမည်ဖြစ်သည်ကို
ကရုဏာ ရှေ့ထား၍ တစ်ဂါထာတည်းသာ ငါဘုရား ဟောကြားသည် " ဟုအမိန့်ရှိသောအခါ ဒါနပြစ်မှားသော ကဏှ အမတ်ကို ရာထူးမှချပြီး ပြည်နှင်ဒဏ် ပေးလိုက်ဧ။် ။
ဒါနချီးမွမ်းသော ဇုဏှ အမတ်ကိုမူကား ထိုဂါထာအဆုံး၌ သောတာပန်ဖြစ်ရုံသာမက ဤ အသဒိသ ဒါနကြီးနှင့်အတူ ခုနှစ်ရက် လှူစေပြီး ရာထူး ဌာနန္တရကြီးများကို
တိုးတက် ခံစားစေလေသည် ။

ဤ သာဓက ဝတ္တုကို ကြည့်ခြင်းအားဖြင့် ကုသိုလ်ပြုလုပ်ရာမှ အကုသိုလ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း သတိထားကြရပေမည် ။
ထို့ကြောင့် မည်သူဧ။် ၊ မည်သည့်အလှူကို ၊ မည်သို့ပင် လှူစေကာမူ စိတ်နေ နှလုံး ဖြူစင်စွာဖြင့် ကောင်းချီး အနုမောဒနာ သာဓုခေါ်ဆို၍ ဝမ်းမြောက်နိုင်ကြရမည် ဖြစ်ပေသည် ။
ယောင်မှား၍ စိတ်မှ မပြစ်မှားမိစေရန် အထူးရှောင်ကြဉ်အပ်ပေသည် ။

အထူးအားဖြင့် ကုသိုလ်ကြောင့် အကုသိုလ် ဖြစ်စေကြောင်း ၊ ကုသိုလ်ကြောင့် ကုသိုလ်ကို ထပ်မံဖြစ်စေကြောင်း ၊ သန္တာန်တူ အကျိုးပေးပုံကို ဓမ္မပဒ ပါဠိတော်မှာ --
" ကုသိုလ်ပြုမှု လေးမျိုး " နှင့် " အကျိုးဖြစ်ပွားပုံ လေးမျိုး " ကို ဟောတော်မူလေသည် ။

၁ ။ အချို့သူတို့သည် မိမိသာ ကောင်းမှုဒါနကိုပြု၍ သူတစ်ပါးကို မတိုက်တွန်း၊ ထိုသူတို့သည် ပစ္စည်းဥစ္စာသာများ၍ သားသမီး၊ ဆွေမျိုး၊ မိတ်ဆွေ စသော အခြံအရံ မရှိဖြစ်ရဧ။် ။

၂ ။ အချို့သူတို့သည် သူတစ်ပါးကိုသာ ဒါနပြုရန် တိုက်တွန်းနှိုးဆော် ဟောကြားဖေါ်ရပြီး မိမိမူကား ကောင်းမှုဒါနကိုမပြု ၊ ထိုသူတို့သည် သားသမီး၊ ဆွေမျိုး၊ မိတ်ဆွေ စသော
အခြံအရံသာများ၍ ပစ္စည်း ဥစ္စာ မရှိကြ ဖြစ်ရဧ။် ။

၃ ။ အချို့သူတို့သည် မိမိလည်း ကောင်းမှုဒါနကိုမပြု ၊ သူတစ်ပါးကိုလည်း ပြုရန်မတိုက်တွန်း ၊ ထိုသူတို့သည် သားသမီး၊ ဆွေမျိုး၊ မိတ်ဆွေ စသော အခြံအရံ နည်းပါးရုံမျှမက
ဥစ္စာပစ္စည်းများပါ မရှိကြပြီး သူတောင်းစားကြီးများဖြစ်၍ အတိဒုက္ခ ရောက်ကြရဧ။် ။

၎ ။ အချို့သူတို့သည် မိမိလည်း ကောင်းမှုဒါနပြု၍ သူတစ်ပါးကိုလည်းပြုရန် တိုက်တွန်းကြကုန်ဧ။် ။ ထိုသူတို့သည် သားသမီး၊ ဆွေမျိုး၊ မိတ်ဆွေ စသော အခြံအရံလည်းများ၍
ဥစ္စာပစ္စည်း ပေါများစွာ ရှိကြကုန်ဧ။် ။

ဟု လေးဖို့ လေးဖုံ ပြု၍ ဟောကြားတော်မူလေသည် ။ ထို့ကြောင့် အကျိုးများစွာရမည့်အလှူမျိုးကို လှူဒါန်းနိုင်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည် ။ ။