* ခ န္ဓာ နွား ကို တန် အောင် ခိုင်း ကြ ပါ *

 

လယ်တီ ဆရာတော် ဘုရားကြီး သည် စာသင်သား သံဃာတော် တစ်ရာနီးပါးအတွက်
သောက်ရေ သုံးရေများကို သံဃာတော်များမသိအောင် ညအခါ ကိုယ်တိုင် ခပ်ဖြည့်တော်မူဧ။် ။
မုံရွာမြို့မှ ကျောင်းပေါင်း ၂၀ ခန့်သို့လည်း ကိုယ်တိုင် ထမ်းပို့တော်မူဧ။် ။
ရေအလှူခံသော သံဃာတော်များက မသင့်တော်ကြောင်း လျှောက်ထာကြဧ။် ။
ထိုအခါ လယ်တီဆရာတော် ပြန်လျှောက်သော စကားမှာ --

" တပည့်တော်ရဲ့ ခန္ဓာကိုယ်ဟာ ဘဝအဆက်ဆက်က သားကျွန်၊ မယားကျွန်၊ တဏှာကျွန် ခံခဲ့ရတာပါ ၊
အခုဘဝတော့ သာသနာ့ကျွန်၊ သံဃာ့ကျွန် ခံပါရစေ ၊ ပြီးတော့ အခုဘဝ ခန္ဓာကိုယ်ကြီးကို
တပည့်တော် အငှားနွားလို သဘောထားပါတယ် ၊ သူများနွားကို ငှားထွန်ရတဲ့ လယ်သမားဟာ
ငှားခနဲ့တန်အောင် နွားကိုခိုင်းရပါတယ် ။"
" တန်အောင် မခိုင်းတဲ့ လယ်သမားဟာ ငှားခငွေ ရှုံးတာပေါ့ ၊ ဒီဥပမာအတိုင်းပဲ ၊ တပည့်တော်တို့
လူသားတွေဟာ ဒီလူ့ဘဝ ခန္ဓာကိုယ်ကြီးကို သေမင်းဆီက ခဏငှားထားတာပါ ၊ သေမင်းပြန်မခေါ်ခင်
ကုသိုလ်တရားတွေ ရနိုင်သမျှ ရရှိအောင် တန်အောင်ခိုင်းပြီး ရှာထားရပါတယ် ၊ ဒါကြောင့် ရေအလှူကို
တပည့်တော်အား ဆက်လုပ်ခွင့် ပြုကြပါ " လို့ ပြန်လျှောက်ပါတယ် ။

ကုသိုလ်တရားများရှာရန် ခန္ဓာကို ငဲ့ညှာနေရင် သေမင်းထံ အကြွေးတင်ပြီး သွားကြရပါလိမ့်မယ် ။