*** လူ ထူး လူ ဆန်း တွေ ***

-- ဗေဒင်ဆရာက " မရဏ နက္ခတ် နဲ့ ကြုံနေပြီ ၊ အသက် အန္တရာယ် ရှိတယ် " ဆိုတော့
ကြောက်ရွံ့စွာ နဲ့ အကောင်းဆုံး ယတြာ ချေကြလေသည် ။

-- ဆရာဝန်က " နောက်ထပ် နေရလှ ခြောက်လ ပေါ့ " ဆိုတော့
ထိတ်လန့်စွာနဲ့ ဆရာကောင်း၊ ဆေးကောင်း ရှာဖွေ ကုသကြလေသည် ။

-- မြတ်စွာဘုရားက " ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက်မကွေးမီ သေခြင်းသို့ ရောက်နိုင်သည်၊
တရားသတိရှိကြပါ " ဆိုတော့ ဖြုံလဲ မဖြုံ ၊ ယုံလဲ မယုံ ။ တို့ဘုရား အားနာလိုက်တာ ။ ။