သံသရာခရီး သွားကြသူများ အဆင်ပြေရန် - - -

ဒါနမရှိလျှင် ရိက္ခာမပါသော ခရီးသွားနှင့် အလားတူသည် ။
ဒါနနည်းလျှင် ရိက္ခာနည်းသော ခရီးသွားနှင့် အလားတူသည် ။

သီလမရှိလျှင် ခြေကျိုးသော ခရီးသွားနှင့် အလားတူသည် ။
သီလနည်းလျှင် ခြေမသန်သောခရီးသွားနှင့် အလားတူသည် ။

ဝိပဿနာမရှိလျှင် မျက်စိမမြင်သော ခရီးသွားနှင့် အလားတူသည် ။
ဝိပဿနာနည်းလျှင် မျက်စိမွဲသော ခရီးသွားနှင့် အလားတူသည် ။

နိဗ္ဗာန်ကို ရလိုသူ ရောက်လိုသူ မှန်လျှင် - - -
ဒါနကို ခင်သည် ။
သီလကို ခင်သည် ။
ဝိပဿနာကို ခင်သည် ။

လောဘဖက်လျှင် ဒါနခက်သည် ။
မကြောက်မရှက်လျှင် သီလခက်သည် ။
သုတမဖက် မလေ့ကျက်လျှင် ဝိပဿနာခက်သည် ။

ဒါန၊ သီလ၊ သမထ တို့သည် ' စရဏ ' တရား ။
ဝိပဿနာသည် ' ဝိဇ္ဇာ ' တရား ။
ဝိဇ္ဇာ စရဏ နှစ်ပါးစုံမှ မဂ်ဖိုလ် ရဧ။်။ ။