* မိတ်ဆွေ ဝတ္တရားငါးပါး *

ပေးကမ်း ချီးမြှင့်၊ ကိုယ်နှင့် ယှဉ်ထား၊ စီးပွားဆောင်ရွက်၊
နှုတ်မြွက် ချိုသာ၊ သစ္စာ မှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ ။

# သူ့ရဲ့လိုအပ်နေသည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးရမယ်၊ ကျရှုံးနေသည့်အခါ ချီးမြှင့်အားပေးရမယ်။
# တန်းတူ ရည်တူ ဆက်ဆံရမယ်၊ မိမိအဆင်ပြေသလို သူ့ကို အဆင်ပြေအောင် ဆောင်ရွက်ပေးရမယ်။
# သူ့ရဲ့ အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းအောင် ကူညီဆောင်ရွက်ပေးရမယ်။
# ယဉ်ကျေး ချိုသာ ချစ်ဖွယ်ရာစကားတို့ဖြင့် ဆွေးနွေးတိုင်ပင် အကြံပြုခြင်း၊ ပြောဆိုပြုမူခြင်းဆောင်ရွက်ပေးရမယ်။
# အမှန်အတိုင်း ပြော၍ အမှန်အတိုင်း ပြုမူလုပ်ဆောင်ရမယ်၊ ကတိ သစ္စာတည်ကြောင်း ပြသပေးရမယ်။

* တနည်း မိတ်ဆွေ ဝတ္တရားငါးပါး *

မူးယစ်တွဲထူ၊ ကူညီစောင့်ရှောက်၊ ကြောက်ရွံ့ကိုးကွယ်၊ အန္တရာယ်ရန်ဘေး၊
ရှောင်မပြေးဘဲ၊ သားမြေး ပူဇော်၊ ဤငါးဖေါ်၊ ကျင့်နော် ဆွေသဟာ ။

# မူးယစ်နေသောအခါ ဖေးမကူညီ ပေးရမယ်၊ အယူအဆ မှားယွင်းနေလျှင် တည့်မတ်လမ်းညွှန်ပေးရမယ်။
# မိတ်ဆွေဧ။် ပစ္စည်းဥစ္စာများကို ပျက်စီးပျောက်ပျက် မသွားအောင် ကာကွယ်စောင့်ရှောက်ပေးရမယ်။
# လုပ်ငန်းဆောင်တာများ ကျရှုံးသည့်အခါ၊ ကြောက်ရွံ့ အားငယ်နေသောအခါတို့တွင် အားကိုးစရာအဖြစ် ရပ်တည်ပေးရမယ်။
# ဘေးအန္တရာယ်နှင့် တွေ့ကြုံသည့်အခါ စွန့်ပစ်မပြေးဘဲ အေးမတူ ပူအမျှ အတူတကွ ရင်ဆိုင်ဖြေရှင်းပေးရမယ်။
# မိတ်ဆွေဧ။် သား၊ မြေး၊ မြစ်သို့တိုင် အဆက်ဆက် ဖေးမကူညီ ချီးမြှင့်ထောက်ပံ့ စောင့်ရှောက်ကာကွယ်ပေးရမယ်။

* မိတ်ဆွေ အမူအယာ ( ၁၆ ) မျိုး *

၁ ။ ရပ်ဝေးရောက်၍ ကွဲကွာနေသောအခါ သင့်ကို သတိရ အောက်မေ့ဧ။် ။
၂ ။ ရပ်ဝေးမှပြန်လာရန် လိုလားဧ။် ။
၃ ။ သင်ရပ်ဝေးမှပြန်လာသောအခါ ဝမ်းသာအဲလဲ ဆီးကြိုဧ။် ။
၎ ။ သင်ပြောသောစကားကို နှစ်သက်လက်ခံဧ။် ။
၅ ။ သင်ဧ။်မိတ်ဆွေများကို ရွေးချယ်ပေါင်းသင်းဧ။် ။
၆ ။ သင်ဧ။် ရန်သူများကို ရှောင်ကြဉ်ဧ။် ။ ( သင်ချစ်ရာကို ချစ်၍၊ သင်မုန်းရာကို မုန်းဧ။် )
၇ ။ သင့်ကို ကဲ့ရဲ့ ရှုတ်ချ ဆဲရေးလျှင် ကန့်ကွက်ချေပဧ။်။ တားမြစ်ဧ။် ။
၈ ။ သင့်အကြောင်း ချီးကျူးစကားပြောသူကို ထောက်ခံ ချီးမွမ်းဧ။် ။
၉ ။ သူဧ။် လျှို့ဝှက်ချက်ကို သင့်အား ယုံမှတ်၍ ပြောကြားတတ်ဧ။် ။
၁၀။ သင်ဧ။် လျှို့ဝှက်ချက်များကို နှုတ်လုံစွာ စောင့်ထိန်းဧ။် ။
၁၁။ သင့်လုပ်ဆောင်ချက်များကို ချီးမွမ်းဧ။် ။
၁၂။ သင်ဧ။် အတတ်ပညာ၊ အသိပညာကို ချီးမွမ်းဧ။် ။
၁၃။ သင်ဧ။် ကြီးပွားတိုးတက်မှုကို နှစ်သက်လိုလားဧ။် ။
၁၄။ သင်ဧ။် ဆုတ်ယုတ် ပျက်စီးမှုကို မလိုလားချေ ။
၁၅။ စားသောက်ဖွယ် အထူးအကောင်း စားရသောအခါ၌ သင့်ကို သတိရတမ်းတဧ။် ။
၁၆။ ငါ့မိတ်ဆွေလည်း အလားတူ စားရပါစေဟု လိုလား တောင့်တတတ်ဧ။် ။ ။