ကုသို်‌လ်‌‌ကောင်းမှု ပြုကြမယ်‌
* * * * * * * * * * * * * * *

‌ကောင်း‌သောအလုပ်‌၊ ‌ကောင်း‌သော အမှုကို ပြုလုပ်‌လျှင်‌ ကုသိုလ်‌ဖြစ်‌‌စေတယ်‌၊ မ‌ကောင်း‌သောအလုပ်‌၊ မ‌ကောင်း‌သော အမှုကို ပြုလုပ်‌လျှင်‌ အကုသိုလ်‌ကို ဖြစ်‌‌စေတယ်‌၊

မိမိအကျိုးကို ရရှိဖို့ သူတစ်‌ပါးကို ထိခိုက်‌နစ်‌နာ‌အောင်‌ ပြုလုပ်‌‌သော အမှုကို မ‌ကောင်းမှု အကုသိုလ်‌ လို့ ဆိုတယ်‌၊

သူတစ်‌ပါးကို ထိခိုက်‌နစ်‌နာမှု မဖြစ်‌‌စေဘဲ မိမိအကျိုးကို ရရှိ‌အောင်‌ ပြု လုပ်‌ခဲ့လျှင်‌ အကုသိုလ်‌ မဖြစ်‌‌ပေမယ့်‌ ‌ကောင်းမှုကုသိုလ်‌လို့ မဆိုနိုင်‌ဘူး၊

မိမိလဲ အကျိုးရှိ၊ သူတစ်‌ပါးလဲ အကျိုးရှိတဲ့ အမှုကို ပြုလုပ်‌လျှင်‌ လူ‌တော်‌ လူ‌ကောင်းတစ်‌‌ယောက်‌လို့ သတ်‌မှတ်‌နိုင်‌တယ်‌၊ အထိုက်‌အ‌လျောက်‌‌သော ကုသိုလ်‌ကိုပဲ ရ‌စေတယ်‌၊ မိမိအကျိုးနဲ့ သူတစ်‌ပါး အကျိုး ယှဉ်‌လာလျှင်‌ မိမိအကျိုးကို ဦးစား‌ပေးတတ်‌တဲ့ သ‌ဘောရှိလို့ ကုသိုလ်‌‌ကောင်းမှု ပြုတယ်‌လို့ မဆိုနိုင်‌ဘူး၊

မိမိအကျိုးကို မ‌မျှော်‌ကိုးဘဲ သူတစ်‌ပါးအကျိုးသက်‌သက်‌ကိုသာ ရည်‌စူး ပြုလုပ်‌‌သော အမှုကို ကုသိုလ်‌‌ကောင်းမှု ပြုတယ်‌လို့ ဆိုနိုင်‌တယ်‌၊

ပရဟိတ ဆိုတဲ့ အများအကျိုးပြု လုပ်‌ငန်း‌တွေ လုပ်‌ကိုင်‌ရာမှာ မိမိကို အထင်‌ကြီး‌စေရန်‌၊ ထင်‌‌ပေါ်‌‌ကျော်‌ကြား လူကြိုက်‌များ‌စေရန်‌ ‌မျှော်‌မှန်း၍ ပြုလုပ်‌ခဲ့လျှင်‌ ဟန်‌ပြကုသိုလ်‌ ဖြစ်‌တယ်‌၊ စိတ်‌ရင်းအမှန်‌ ‌စေတနာသန့်‌သန့်‌ဖြင့်‌ ပြုလုပ်‌မှသာ ကုသိုလ်‌‌ကောင်းမှု စစ်‌စစ်‌ဖြစ်‌တယ်‌၊

ထို့အတူ ဒါန ( ‌ပေးကမ်းလှူဒါန်းခြင်း ) ပြုခဲ့လျှင်‌ ကုသိုလ်‌အကျိုးကို လိုလား၍၊ ယခုဘဝ ‌နောင်‌ဘဝ အကျိုးကို ‌မျှော်‌ကိုး၍ ပြုလုပ်‌‌သော ဒါနသည် မြင့်‌မြတ်‌သည့်‌ ဒါန မဖြစ်‌‌စေပါ၊

ဒါန ဆိုတာ ‌ငွေ‌ကြေးပစ္စည်းအားဖြင့်‌‌သော်‌လည်း‌ကောင်း၊ လုပ်‌အားဖြင့်‌‌သော်‌လည်း‌ကောင်း၊ နှုတ်‌စကားအားဖြင့်‌‌သော်‌လည်း‌ကောင်း၊ သူတစ်‌ပါးအတွက်‌ အခက်‌အခဲမှ ကူညီဖြည့်‌ဆည်း‌ပေးခြင်း ဖြစ်‌တယ်‌၊ လိုအပ်‌တဲ့‌နေရာမှာ လိုအပ်‌သလို ‌ဆောင်‌ရွက်‌‌ပေးရမှာ ဖြစ်‌တယ်‌၊ မိမိအတွက်‌ မငဲ့ကွက်‌ဘဲ သူတစ်‌ပါးရဲ့ ဆန္ဒပြည့်‌ဝ‌စေခြင်းသည်‌သာ စစ်‌မှန်‌တဲ့ဒါနလို့ ‌ခေါ်ဆိုနိုင်‌တယ်‌၊

သီလမှာလဲ ယခုဘဝ မိမိကို ပြစ်‌ဒဏ်‌ခံရမှာစိုးလို့၊ ‌နောင်‌ဘဝမှာလဲ ပြန်‌လည်‌ ခံစားရမှာစိုးလို့ သူ့အသက်‌က်ု မသတ်‌ဘူး၊ သူ့ဥစ္စာကို မခိုးဘူး၊ သူ့သားမယားကို မပြစ်‌မှားဘူး ဆိုလျှင်‌ မိမိအတွက်‌ ရည်‌ရွယ်‌‌သော သီလဖြစ်‌‌နေသဖြင့်‌ စင်‌ကြယ်‌တဲ့ သီလကို မဖြစ်‌‌စေပါ၊

သူ့အသက်‌ကို မ‌သေ‌စေရန်‌၊ သူ့ဥစ္စာကို မ‌ပျောက်‌ပျက်‌‌စေရန်‌၊ သူ့သားမယားကို မ‌စော်‌ကား‌စေရန်‌၊ ကိုယ်‌ချင်းစာနာတဲ့ စိတ်‌ရင်းအမှန်‌ဖြင့်‌ ‌စောင့်‌‌ရှောက်‌‌ပေးခြင်းသည်‌ မြင့်‌မြတ်‌တဲ့ သီလကို ဖြစ်‌‌စေတယ်‌၊

ဒါ့‌ကြောင့်‌ မည်‌သည့်‌အမှုကိုပြုပြု၊ မိမိအကျိုးကို မ‌မျှော်‌ကိုးဘဲ တစ်‌ပါးသူတို့ရဲ့အကျိုးကို တကယ်‌လိုလား‌သော စစ်‌မှန်‌သည့်‌ ‌စေတနာဖြင့်‌ ပြုလုပ်‌‌သောအမှု ဟူသမျှသည်‌ ‌ကောင်းမှုကုသိုလ်‌ ပြုခြင်း ဖြစ်‌တယ်‌၊

ကုသိုလ်‌‌ကောင်းမှု ပြုတတ်‌ကြပါ‌စေ။