====================
မကြာသေးမီက လေ့လာတွေ့ ရှိချက်အရ စိတ်ကို နက်နက်ရှိုင်းရှိုင်း အနားယူစေခြင်းဟာ ခန္ဓာကိုယ်ပါပြောင်းလဲမှုတွေ ဖြစ်စေနိုင်ကြောင်းတွေ ရပါတယ် ။

ယောဂကျင့်စဉ် ၊ တရားကျင့်စဉ် စတာတွေကို စွဲမြဲ နက်ရှိုင်းစွာ လေ့ကျင့်သူများဟာ မလေ့ကျင့်သူများထက် ရောဂါတိုက်ထုတ်နိုင်စွမ်းရှိ
တဲ့ မျိုးရိုးဗီဇတွေတိုးပွားများပြားတာကိုတွေ့ ရပါတယ်။

နေ့ စဉ်တရားလေ့ကျင့်ပြီး (၃) လကြာပြီးနောက်မှာတော့ ကင်ဆာနဲ့ရောဂါဆဲလ်တွေကို သတ်ဖြတ်ထားဆီးနိုင်တဲ
ဗီဇဆဲလ်တွေ နိုးကြားလှုပ်ရှားလာတာကိုလည်းတွေ့ ရပါတယ်။

စိတ်ကိုအပန်းဖြေအနားယူစေခြင်းဟာစိတ်ကိုကြည်
လင်လန်းဆန်းစေတဲ့  စရိုတိုနင်နဲ့ ကိုယ်ခန္ဓာကြီးထွားစေတဲ့ ဟော်မုန်းများ တိုးမြင့်ထွက်ရှိမှုနဲ့ လည်း ဒွန်တွဲနေတယ်လို့ ဆိုပါတယ် ။

ဒါကြောင့်ခန္ဓာကိုယ်ကိုသာမက စိတ်ကိုလည်းအနားယူစေနိုင်ဖို တရားလေ့ကျင့်ပါ ၊ စိတ်ကြည်လင်လန်းဆန်းတဲ့ အခါ ရုပ်ပါကြည်လင်နုပျိုလာမှာ အမှန်ပါပဲလို့ တိုက်တွန်းလို ပါတယ် ။

( စိတ်ဖိစီးမှုကင်းပါစေ )

စိတ်အပန်းဖြေခြင်းဟာ သွေးပေါင်ကျစေပြီး ခန္ဒာကိုယ်ရဲ စိတ်အခြေအနေကိုကြည်လင်ကောင်းမွန်စေတဲ့ဟော်မုန်းများထွက်ရှိမှုကိုမြင့်တင်ပေးနိုင်ပေမယ့် စိတ်ဖိစီးမှုကတော့ ခန္ဓာကိုယ်ကိုယိုယွင်းပျက်စီးစေပြီး အိုမင်းစေပါတယ်။

စိတ်ဖိစီးတဲ့ အခါ ကော်တီဇောနဲ အေဒီရီနယ်လင်ဟော်မုန်းများ ထွက်ရှိလာပြီးနှလုံးခုန်းနှုန်းနဲ သွေးပေါင်ချိန်ကိုတိုးစေပါတယ် ။ ကိုယ်ခံအားကိုကျစေပြီး မျိုးဆက်ပွားမှုကိုလည်း လျော့ကျစေပါတယ် ။

စိတ်ဖိစီးမှုကို အကောင်းဆုံးဖြေရှင်းဖို့ နည်းလမ်းကတော့ စိတ်ဖိစီးမ
ဖြစ်စေတဲ့  အခြေခံအကြောင်းတရားတွေကို ရှာဖွေဖော်ထုတ်ပြီး ရှောင်ရှားနေထိုင်ဖို့ ပါပဲ ၊ ဒီနည်းနဲ့ ဖြေရှင်းဖို့ မလွယ်ကူလှရင်
တော့ သင်အမှန် တကယ်စိတ်ဝင်စားနိုင်မယ့်  အကြော်ငးအရာများဖြစ်
တဲ့ စာဖတ်ခြင်း ၊ ဂေါက်ရိုက်ခြင်းဟာသရုပ်ရှင်များကြည့်ခြင်း စတာတွေ
ကို အာရုံဝင်စားခြင်းဖြင့် ဖိစီးမှုကို သယ်ဆောင်လာတဲ့ အာရုံတွေ
ကိုတိုက်ထုတ်ပါ ။

အထက်မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ တရားထိုင်လေ့ကျင့်ခြင်းဟာလည်းစိတ်ဖိစီးမှုကိုတိုက်ဖျက်ရာမှာ အကောင်းဆုံးနည်းလမ်းများဖြစ်တာမို့ ကြိုးစားကြည့်စေလိုပါတယ် ။