ပျက်စီးခြင်းသဘောကိုတွေ့လျှင် လူတွေက သင်္ခါရ
ဟု ဆိုကြသည်၊ ပစ္စည်းတစ်ခုခု၊ လူတစ်ဦးဦး ဆုံးပါး
သွားလျှင် ပစ္စည်းသင်္ခါရ၊ လူသင်္ခါရဟု တရားချကြ၏၊
သင်္ခါရဟူသည် ထိုသဘောမျိုးမဟုတ်၊ သင်္ခါရက.
ကောင်းစွာပြုတတ်သောသဘောနှင့် ကောင်းစွာပြု
အပ်သောသဘောနှစ်မျိုးဆောင်သည်၊ပြုတတ်သော
သင်္ခါရက ကုသိုလ်ကံ၊ အကုသိုလ်ကံ ကံတရားများ
ဖြစ်၍ လူဖြစ်အောင် နတ်ဖြစ်အောင် ပြုတတ်၏၊
ပြုနိုင်သည်ဟု ဆိုပါသည်။ အကုသိုလ်သင်္ခါရက
ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးပါး
ရောက်အောင် ပြုတတ်၏၊ ပြုနိုင်သည်ဟု ဆိုပါ၏။
ကုသိုလ်သင်္ခါရကြောင့် လူ့ဘဝရောက်၏၊ လူချမ်း
သာခံစားရ၏၊ အမြဲချမ်းသာနေသည်တော့ မဟုတ်၊
ချမ်းသာလိုက် ဆင်းရဲလိုက်ဖြစ်၏။ ချမ်းသာတာက
ကုသိုလ်သင်္ခါရကြောင့်၊ ဆင်းရဲတာက အကုသိုလ်
သင်္ခါရကြောင့်ဟု ဆိုပါသည်။
ကံက ဘဝဟောင်းက ပြုခဲ့သောကံနှင့် လက်ရှိဘဝ
ပြုသောကံဟူ၍ နှစ်မျိုးရှိ၏။ ဘဝဟောင်းကံကိုကား
ဘာမျှလုပ်၍ မရတော့၊ ကောင်းလျှင် ကောင်းသလို၊
မကောင်းလျှင် မကောင်းသလို မိမိပြုခဲ့သည့်အတိုင်း
သာ ရှိတော့၏။ ကောင်းတော့စံ၊ မကောင်းတော့ခံရုံ
ပဲရှိတော့၏။ မည်သူမျှ ပြုပြင်၍ မရ၊ လက်ရှိဘဝက
ကံကိုတော့ ကောင်းအောင် လုပ်၍ရသေး၏၊ ပြုပြင်
၍ ရသေး၏။
ဆရာသမား လူကြီးမိဘကို ရိုသေပါ၊ လေးစားပါ၊
အချင်းချင်းမေတ္တာစေတနာထားပါ၊ အောက်လက်
ငယ်သားကို သနားညှာတာပါ၊ ဘုရားတရားမြဲပါ၊
ဘာသာတရားကိုင်းရှိုင်းပါ၊ စေတနာသည် ကံဟုဆို
ထားသဖြင့် ဘယ်သူနှင့် ဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ်
အတတ်နိုင်ဆုံး စိတ်ကောင်း၊ စေတနာကောင်းထား
ပါ၊ စေတနာကောင်းလျှင် ကံကောင်းပါလိမ့်မည်။
လက်ရှိဘဝတွင် စေတနာကောင်းထားပါလျှက် ကံ
မကောင်းတာတွေ ရှိချင်ရှိမည်။ အတိတ်ကမကောင်း
သောကံကြောင့်ဖြစ်သည်။ လက်ရှိကိုယ်ထားသော
စေတနာကောင်းသည် တစ်နေ့ကိုယ့်ဆီကို ကောင်း
ကျိုးပြန်လာမည်မှာ သေချာပါသည်။
စိတ်ကောင်းရှိဖို့၊ သတိရှိဖို့လိုကြောင်း သတိကအာရုံ
အကောင်းအဆိုး ခွဲခြားပြီး၊ အာရုံကောင်းကို စိတ်ထဲ
အဝင်ခံနိုင်အောင်၊ ကိလေသာအာရုံကို တားမြစ်စေ
နိုင်သည်။ ဘုရားတရားအာရုံကို အဝင်ခံစေ၏၊
ထို့ကြောင့် စိတ်ကောင်းဖို့ သတိကောင်းရမည်၊
သတိကောင်းသလောက် စိတ်ကောင်းပါလိမ့်မည်ဟု
ဗုဒ္ဓတရားက ညွှန်ပြခဲ့ခြင်းဖြစ်၏။

မင်္ဂလာနံနက်ခင်းပါ။
ချမ်းသာကိုယ်စိတ် မြဲကြပါစေ။

တရားတော်များကိုနာကြားဖတ်ရှု၍ ရေးသားပါသည်။

သန်းဝင်းသူ