“ဗုဒ္ဓကျမ်းစာအရ ဒီရေတက်ခြင်း အကြောင်း”


သိပ္ပံအကြောင်းကို လေ့လာထားဖူးတဲ့ ပုဂ္ဂိုလ်တွေ
တွေ့လိမ့်မယ်။အညာအရပ်က ပင်လယ်နဲ့ဝေးတဲ့
အတွက်ကြောင့် “ဒီရေ”တက်တယ်ဆိုတာ သိပ်ပြီးတော့
သိကြမှာမဟုတ်ဘူး။
ပင်လယ်နဲ့ နီးတဲ့ပုဂ္ဂိုလ်တွေ ကျတော့ “ဒီရေ”
တက်တယ်ဆိုတာ သိကြတယ်။
အဲတော့ ဒီရေ တက်တာဟာ ဘယ်အချိန်မှာ
တက်တာတုန်းဆိုရင် လဆန်းပိုင်းမှ လပြည့်ထိအောင်
ဒီရေတက်တယ်ပေါ့။
❦အဲဒီမှာ သိပ္ပံက ဘယ်လိုပြောလဲ။
ဒီရေဘာဖြစ်လို့ တက်တာလဲ?၊
လ,ရဲ့ဆွဲငင်မှုကြောင့် ဒီရေတက်တယ် လို့
ဒီလိုပြောတယ်နော်။
လ,ရဲ့ဆွဲအားကြောင့် ပင်လယ်ရေတွေဟာ တက်လာတယ်။
ဒါကြောင့်မို့ ဒီဘက်မှာ “ဒီရေတက်လာတယ်”လို့ ဒီလိုပြောတယ်။

တလောတုန်းက ဘုန်းကြီးတို့ နိုင်ငံခြားသားတွေ
စာသင်ရင်းနဲ့ အဲဒီကိစ္စကို တစ်ခါပြောမိတယ်။
ဒီစာပေကျမ်းဂန်မှာ ဗုဒ္ဓကျမ်းစာနဲ့ အခုသိပ္ပံအဆိုနဲ့
ကွဲပြားမှုလေးတွေရှိတယ်။
သိပ္ပံက လ,ရဲ့ဆွဲအားကြောင့် ဒီရေတက်တယ်လို့
ဆိုတယ်။

❦သို့သော် ဘုန်းကြီးတို့စာပေထဲမှာ
ဘယ်လိုပြောလဲဆိုရင် လ,နဲ့
ပတ်သက်တာချင်းတော့ တူတယ်။
စာပေထဲမှာ ပြောပုံကတော့
လဆန်းပိုင်း ရောက်တဲ့အခါ လ,ထွက်လာတယ်။
လပြည့်နေဆိုရင် လ,ရောင် အားကောင်းတယ်။
ပင်လယ်ထဲမှာလည်းပဲ ကျောက်ဆောင်ကြီးတွေမှာ
အချို့ ကျောက်ဆောင်ကြီးတွေက လ,ရောင်နဲ့
တွေ့လို့ရှိရင် ရေကိုအန်ထုတ်တဲ့ ကျောက်ဆောင်ကြီးတွေ
ရှိတယ်တဲ့။ ဆိုပါစို့ လ,ရောင်တွေ့လိုက်တာနဲ့
တပြိုင်နက် ရေတွေစိမ့်ထွက်လာတယ်။

❦အဲဒါကို “စန္ဒြကန္တကျောက်” လို့ခေါ်တယ်။
အဲဒီကျောက်က လ,ရောင်နဲ့ တွေ့လိုက်တာနဲ့
တပြိုင်နက်ထဲ ရေတွေအန်ထုတ်လာတယ်။
(“စန္ဒြကကျောက်” ရှိသလိုပဲ ၊
“သူရိယကန္တကျောက်” ဆိုတာရှိတယ်။
နေရောင်နဲ့တွေလိုက်တာနဲ့
တပြိုင်နက် မီးထတောက်တဲ့ ကျောက်မျိုးတဲ့။)
ပင်လယ်ထဲမှာရှိတဲ့ ကျောက်တောင်ကြီးတွေဟာ
လ,ရောင်နဲ့တွေ့တဲ့အခါမှာ သူတို့ထဲမှာ
စိမ့်ဝင်နေတဲ့ရေတွေဟာ လ,ရောင်ကြောင့်
အန်ထွက်လာတယ်။
ဒါလည်း လ,ရဲ့ဆွဲအားလို့ ပြောချင်ပြောပေါ့။
သိပ္ပံနဲ့ သွားတူပုံကိုပြောပြတာနော်။
အဲ့တော့ လ,ရောင်နဲ့ တွေ့တဲ့အခါ အဲဒီကျောက်တုံးထဲက
ရေတွေတိုးပွားလာတာ။
ဒါကို “ဒီရေ” တက်တယ်လို့ခေါ်တယ်တဲ့။

❦ဒါကဗုဒ္ဓစာပေ ကျမ်းဂန်မှာ ဆိုတာ။
❦သိပ္ပံနည်းအဆိုမှာ လ,ကနေဆွဲတယ်လို့
ဒီလိုပြောပြတယ်။

အဲတော့ ဘုန်းကြီးကတောင်မှပဲ နိုင်ငံခြားသားတွေကို
ပြောပြတယ်။ ဒီလို လ,က ဆွဲတယ်ဆိုလို့ရှိရင်
ပင်လယ်ရေတောင် ဆွဲနိုင်သေးတာ ဘာဖြစ်လို့
မြစ်ရေတွေကျတော့ မဆွဲတာတုန်း၊
ရေအများတောင် ဆွဲနိုင်တယ်ဆိုလို့ရှိရင်
ရေအနည်းလေး ဆွဲနိုင်မှာပေါ့နော်။
လ,ရောင်တွေ့လို့ရှိရင် အိမ်မှာရေခွက်ထဲ ရေတွေ
ထည့်လို့ရှိရင် ဆွဲယူသွားမှာပေါ့။
အဲဒါကြောင့်မို့ ဆွဲတယ်ဆိုတဲ့ အဓိပ္ပာယ်ထက်
ပိုပြီးတော့ လ,ရောင်နဲ့ တွေ့လို့
“စန္ဒြကကျောက်”က ရေတွေကို အန်ထုတ်တယ်ဆိုတာ
ပိုပြီးတော့ သဘာဝကျတယ်လို့တောင် ပြောမိသေးတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
(ရှင်ရာဟုလာ၏ ဘဝနှင့် မြတ်ဗုဒ္ဓ ၏
အဆုံးအမ စာအုပ်- မှ - ကူးယူပူဇော်သည်။)
-【ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】
Posted by►
www.facebook.com/youngbuddhistassociation.mm