နတ်တွေက လူတွေဘာလုပ်နေတာဆိုတာအမြဲ
ကြည့်နေတယ်၊မြင်နေတယ်။ယောဂီတို့တရား
အားထုတ်ဖို့ စိတ်ကူးတယ်၊ပြင်ဆင်တယ်ဆိုရင်
ဘဲ နတ်ကောင်း၊နတ်မြတ်တွေက ဘယ်မြို့၊
ဘယ်ရွာ၊ဘယ်သူကတော့ မာရ်နတ်နှင့် တိုက်ဖို့
စစ်ပြင်ဆင်နေပြီဆိုပြီး ....ပထမအကြိမ် သာဓု
ခေါ်ကြတယ်။
ဟော...ယောဂီခုလို စိတ်ကူးထားတဲ့အတိုင်း
တကယ်တရားဝင်ပြီး ၊တရားအားထုတ်နေတော့
လည်း မာရ်နတ်နဲ့တိုက်နေပြီဟေ့ ဆိုပြီ ဒုတိယ
အကြိမ် သာဓုခေါ်ကြပြန်တယ်။
နောက်ဆုံး ယောဂီတို့ တရားတကယ်လုပ်တဲ့
အဟုတ်တရားလုပ်လို့ အဟုတ်တရားရပြီဆို
တော့လဲ မာရ်နတ်ကိုအောင်သွားပြီ ဟေ..ဆိုပြီး
တတိယအကြိမ် သာဓုခေါ်ပြန်တယ်၊ဒါကြောင့်
ယောဂီ နတ်တွေက ကြည့်နေတယ်နော်၊
နတ်ကောင်း၊နတ်မြတ် တွေသာဓုသုံးကြိမ်ထိ
ခေါ်ခံရအောင်ထိ အဟုတ်တရားအားထုတ်ကြ။

မောင်းထောင်းမြေဇင်းတောရ
ဆရာတော်ဘုရားကြီး..