လူတိုင်းမှာ "သေခြင်း" ဆိုတဲ့ သဘောတရား
ဟာ စက္ကန့်အတွင်း မိနစ်အတွင်း ဖြစ်ပွားနိုင်
သည်ကို အမြဲတမ်း "သတိ" ရှိနေကြရပါမည်။
ယင်းသတိကို "မရဏဿ တိ" ဟုခေါ်ပါသည်။
"အမြဲတမ်း ပွားများနေရမည်" မြတ်စွာဘုရားက
မိန့်တော်မူပါသည်။

မှန်ပါသည်။ သေခြင်းသဘောတရားမှာ အချိန်
မရွေး မမျှော်လင့်ဘဲ ဖြစ်ပေါ်လာနိုင်ပါ၏။
မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းမှာပင်
တစ်မျိုးတစ်ဖုံ ပြောင်းလွဲသွားနိုင်ပါသည်။

"နက်ဖြန်" ဆိုတာကမှဝေးသေး၏။ အခုအချိန်က
စပြီး ညဥ့်မှောင်ရောက်, နောက်တစ်နေ့ အာရုဏ်
တက်မှ ဖြစ်လာမှာပါ။ "နောက်ဘဝ" ဆိုသည်
ကား အနီးကလေး၊ ကွေးသောလက် မဆန့်မီ ,
ဆန့်သောလက် မကွေးမီ အချိန်အတွင်းမှာ
တမလွန်ဘဝသို့ ရောက်သွားနိုင်၏။ မြန်လွန်း
လှသည်။

ထို့ကြောင့် ဘုရားရှင် ကိုယ်တော်မြတ်ကြီးက
အရေးတကြီး အပူတပြင်း မရဏဿ တိတရား
ကို ပွားများအားထုတ်ဖို့ရန် မိန့်တော် မူနေခြင်းဖြစ်
သည်။

" နက်ဖြန် "ဆိုတာ ,
တစ်နေ့တာသည် ...
* သည်ကာလနောက် ,
ညဉ့်မှောင်ရောက်၍...
နောက်နေ့နံနက်
အာရုဏ်တက်မှ...
ဆက်ဆက်ရောက်လာ
ခရီးကြာ၏....
သို့ပါသော်လဲ ,
မှန်မလွဲသည့်...
* ရောက်မြဲဌာန ,
နောက်ဘဝကား ...
ခဏခရီး , လျှပ်ပြက်စီးသို့
ကွေးပြီးသောလက် မဆန့်မီ ,
ဆန့်ပြီးသောလက် မကွေးမီ ,
မဝေးလှပါပြီ တကား။ ။

ဆရာတော်ဘုရားကြီး
ဦးဃောသိတ
( မိုးကုတ်ဆရာတော်ဘုရားကြီး၏
တစ်ဘဝသာသနာ ကျမ်း)