လူတစ်ချို့ဟာ ...
ချစ်တဲ့ သူတွေနဲ့လည်း ရန်ဖြစ်ကြတယ်။
မုန်းတဲ့ သူတွေနဲ့ ရန်ဖြစ်ကြတယ်။
ချစ်တဲ့ သူတွေအပေါ်မှာလည်း အထင်လွဲတတ်ကြတယ်။
မုန်းတဲ့ သူတွေအပေါ်မှာလည်း အထင်လွဲတတ်ကြတယ်။
ချစ်တဲ့ သူတွေကိုလည်း စော်ကားတတ်ကြတယ်။
မုန်းတဲ့ သူတွေကိုလည်း စော်ကားတတ်ကြတယ်....။
ထိုသူများဟာ လူ့ဘဝ ခဏရလာတဲ့ အခိုက်မှာ
တန်ဘိုးရှိတာတွေကို အရမယူတတ်ပဲ ဘဝမှာ
အရှုံးပေါ်နေကြတဲ့ သူများပါ။

လူတစ်ချို့ကတော့...
ချစ်တဲ့သူတွေနဲ့လည်း ရန်မဖြစ်ကြဘူး။
မုန်းတဲ့သူတွေနဲ့ ရန်မဖြစ်ကြဘူး။
ချစ်တဲ့ သူတွေ အပေါ်မှာလည်း သည်းခံတတ်ကြတယ်။
မုန်းတဲ့ သူတွေအပေါ်မှာလည်း သည်းခံတတ်ကြတယ်။
ချစ်တဲ့ သူတွေအပေါ်မှာ မေတ္တာထားတတ်သလို၊
မုန်းတဲ့သူတွေအပေါ်မှာလည်း ခွင့်လွှတ်နားလည်တတ်ကြတယ်။
ထိုသူများဟာ လူ့ဘဝ ခနရလာတဲ့အခိုက်မှာ
တန်ဘိုးရှိတာတွေကို အရယူပြီး ဘဝမှာ
အမြတ်ထွက်နေကြသူတွေပါ။

●ချစ်တဲ့သူတွေနဲ့ ရန်ဖြစ်တဲ့အခါ တစ်ချိန်မှာ
နောင်တရတတ်တယ်။
●မုန်းတဲ့သူတွေနဲ့ ရန်ဖြစ်တဲ့ အခါ
အချိန်တိုင်းမှာ ပူလောင်ရတတ်တယ်။
●ချစ်ချစ်၊ မုန်းမုန်း အပြုံးနဲ့နေတတ်အောင် ကြိုးစားပါ။
-【အရှင်တေဇာနန္ဒ- “စေတနာပန်းခင်း ဆရာတော်”】