Young Buddhist Association's photo.

 

 

 

ဘုရားရှင်တို့.... မိခင်ကျေးဇူးအကျေဆပ်တရားဖြစ်သော
အဘိဓမ္မာဒေသနာဟောကြားပြီးတိုင်း တာဝတိံသာနတ်ပြည်မှ
သက်ဆင်းကြရာ သင်္ကဿနဂိုရ်တောင်ကုန်း။

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ကျော်က ယခုလိုသီတင်းကျွတ်
လပြည့်နေ့အခါ လူ့ပြည်သို့ ပြန်လည်ကြွလာမည့် ဘုရားရှင်အားစောင့်
ကြိုနေကြသော သာဝတ္ထိမြို့နှင့်မြို့အသီးသီးမှ လူပေါင်းများစွာ
တို့၏ ကြည်ညိုသဒ္ဓါနှင့် ပီတိစိတ်တို့ကို မြင်ယောင်ပူဇော်
ခံစားနိုင်ရင်း ကုသိုလ်ယူနိုင်ရန်ဖြစ်သည်။

ဘုရားရှင်၏ သင်္ကဿမြို့၌ လက်ယာဘက် ခြေချမိရာဋ္ဌာန
တွင် ဘုရားအားလုံးတို့ မစွန့်လွှတ်ရာ နေရာတစ်ခုဖြစ်သော
အ၀ိဇဟိတဋ္ဌာနအဖြစ် အစလစေတီဟု ဟု ယနေ့တိုင်
ခေါ်ဝေါ်နေကြ ဆဲဖြစ် သည်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း သာသနာသက္ကရာဇ်
( ၂၁၈ )ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးသည် ဘုရားရှင်
နတ်ပြည်မှ ဆင်းသက်ခဲ့ရာ နေရာ၌ စေတီကြီးတစ်ဆူ၊ ကျောင်း
တိုက်ကြီးတစ်ခုနှင့် ဆင်ရုပ်ပါ ကျောက်တိုင်တစ်တိုင်ကို
စိုက်ထူထားခဲ့သည်၊”

Dhamma Danã Source ► Ashin Ayethaka