တစ်ခါတုန်းက …
လယ်သမားတစ်ယောက်ရဲ့ မြည်းတစ်ကောင်ဟာ
အကာအရံမရှိတဲ့ လယ်ထဲက ရေတွင်းထဲ ကျသွားပါတယ်။
မြည်းဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့
သူ့သခင်ကို ခေါ်တယ်။

လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့ တွေးတယ်။
နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်။
ဒီမြည်းဟာ အိုလည်း အိုနေပြီ။
ရေတွင်းကလည်း မသုံးတာကြာတဲ့
“ရေတွင်းဟောင်းကြီး” ဆိုတော့ ဖို့ပစ်တာ ကောင်းတယ်။
ဒီမြည်းကို ဆွဲတင်နေလို့ မထူးဘူး။
ဒီလိုတွေးပြီးတော့ သူ့အိမ်နီးနားချင်းက
သူငယ်ချင်း လယ်သမားတွေကို ခေါ်လာတယ်။
တစ်ယောက် “ပေါက်ပြား တစ်လက်”ဆီ ယူလာကြတယ်။

မြေကြီးတွေ တူးပြီး ရေတွင်းကို ဖို့ကြတယ်။

မြည်းဟာ သူကို မြေဖို့နေပြီဆိုတာ သိတော့
ကြောက်ပြီး အသံကုန်အော်တယ်။
နောက်မကြာခင်မှာ မြည်းအော်သံ တိတ်သွားတယ်။

တော်တော်ကြာတော့ လယ်သမားကြီးဟာ
ရေတွင်းထဲကို ငုံ့ကြည့်တယ်။
သူမြင်ရတာကို သူအံ့သြသွားတယ်။
မြေကြီးတစ်ကော်စာ ဖို့လိုက်တိုင်း မြည်းဟာ
သူကျောပေါ်ကိုကျလာတဲ့မြေကြီးတွေကို
ခါချလိုက်ပြီး မြေကြီးပေါ်ကို တစ်လှမ်းတက်လိုက်တယ်။
လယ်သမားတွေက မြေကြီးဆက်ဖို့တိုင်း မြည်းဟာ
မြေကြီးတွေ ခါချပြီး မြေကြီးပေါ် လှမ်းတက်လိုက်တယ်။
ရေတွင်း ပြည့်ခါနီးတော့ မြည်းဟာ ရေတွင်းပေါ်
ခုန်တက်ပြီးတော့ အားရဝမ်းသာ ခုန်ပေါက်ပြီး
ပြေးတော့တယ်။
လယ်သမားတွေက မြည်းကိုကြည့်ပြီး
သဘောကျလို့ တဟားဟားနဲ့ အားရပါးရ
ရယ်ကြတော့တယ်။

●ကိုယ့်ဘဝ “အခြေအနေ” က
ကိုယ့်ကျောပေါ်ကို မြေတွေ ပုံမယ်။
●“ဒုက္ခ ကနေ လွတ်အောင် လုပ်နည်း” က
ခါချပြီး တစ်လှမ်းချင်း တက်ဖို့ပဲ။
●ဖို့လိုက်တဲ့ မြေကြီးဟာ ကျောပေါ်မှာ
မနေဖို့ပဲ လိုတယ်။
●ဖို့သမျှမြေကြီးဟာ “ခြေထောက်” အောက်ကို
ရောက်သွားရမယ်။

-【ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ၏
“စိတ်ချမ်းသာမှု ဟာ ဘဝနေနည်းပါ ၊
မြည်းတစ်ကောင်၏ သတ္တိ”မှ-ကူးယူဖော်ပြပါသည်။】