( ထေရ၀ါဒဗုဒ္ဓသာသနာတော်နှင့် သတ္တ၀ါတို့အကျိုးစီးပွားကို
ထိပါးပျက်စီးစေမည့်ဘေးများကာကွယ်ရန် ဟောကြားချက် )

“ ကိုယ်မသိတာတွေ ကိုယ်မနိုင်တာတွေ ထင်ရာမြင်ရာ
လျှောက်ပြီးတော့ ပြောတဲ့ အခါကျတော့လွဲတာမှားတာ
တွေလည်း ရှိကုန်မှာပေါ့။ သူများတွေလည်း အထင်အမြင်
လွဲတာတွေ ရှိသွားဦးမယ်။

သူများတွေကို ကိုယ်က မမှန်ပါဘဲလျက် သူများ
မှန်နေတာတွေကို အမှားထင်ပြီးတော့ အဲဒီလို
ရှူတ်ချပြီးပြောတာတွေလည်း ရှိလိမ့်မယ်။ သူများတွေကို
ပစ်ပယ်ပြီး ပြောတာ လည်းရှိလိမ့်မယ်။

ကိုယ်က ပွားများ လေ့လာထားတာ မဟုတ်တော့ ကိုယ်
မနိုင်တဲ့ ဥစ္စာဆိုတော့ ပြောလို့ရှိရင် ကိုယ်ကအနိုင်
ရအောင်ဆိုပြီး တစ်ခါတည်းပြောတော့ အဲဒီမှာ သူများ
တွေကို ရှူတ်ချ၊ တရားအမှန်တွေကိုအမှားလုပ်၊ အမှားတွေကို
အမှန်လုပ် မဟုတ်တာတွေ လျှောက်ပြောမိ အဲဒါတွေ ဖြစ်ပါ
လိမ့်မယ်တဲ့။
အဲဒါကို အန္ဓဓမ္မတွေတဲ့။ မည်းညစ်သော တရားတွေ။
တနည်းအားဖြင့်တော့ လောဘ၊ဒေါသ၊မောဟဖြစ်စေ
နိုင်သော တရားစကားတွေလည်း ပြောလိမ့်မယ်တဲ့။
မိမိလာဘ်လာဘ ရအောင် ဘုန်းကြီးအောင်စသည်ပေါ့လေ။
ဒီလိုဟာတွေ။ အဲဒါတွေနဲ့ပဲ ပြောပါလိမ့်မယ်တဲ့။ ပြော
ပေမဲ့လို့လည်း သူက မသိဘူးတဲ့။

ကိုယ့်ဥစ္စာကိုယ် လမ်းမှားနေမှန်းဘာမှန်း မသိဘဲ
ရှိလိမ့်မယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ တရားဆိုတာ
အားထုတ်မထားလို့ရှိရင် တယ်မသိဘူး။ တရားအားထုတ်
မထားရင် ကိုယ့်မှာ လောဘ၊ဒေါသ၊မောဟတွေ
မကောင်းတာတွေ ဖြစ်နေတာကို မကောင်းမှန်း တယ်
မသိဘူး။

တရားနှလုံးသွင်း အားထုတ်ပြီးထားတဲ့အခါကျတော့
အစထဲက စိတ်သန္တန် တွေက သိမ်မွေ့နူးညံ့ပြီးတော့
နေတော့ မကောင်းတဲ့ တရားဝင်လာရင်အင်မတန်
သိတာပဲ။ လောဘ ဖြစ်လာတာ သိတယ်။ ဒေါသ
ဖြစ်လာတာ သိတယ်။ ကိုယ့် ရိုးရိုးလေး အတွက်
ငဲ့ပြီးတော့ ပြောမိ ဆိုမိတာလေးတွေ သိတယ်။
သူတစ်ပါးတွေကို မရိုမသေ ပြောမိတာတွေ ကိုယ်
လွဲမှားသွားတာလေးတွေ အင်မတန်သိတာပဲ။ အင်မတန်
ထင်ထင်ရှားရှား သိတယ်။ ချို့ယွင်းသွားလို့ရှိရင်

ချို့ယွင်းသွားမှန်း သိပ်သိတယ်။ တစ်ကြိမ်တစ်ခါ
နှုတ်ချို့ယွင်း သွားလို့ ပြောမိသွားရင် နောက်ဆက်
ပြီးတော့မပြောဘူး။ မှားသွားပြီဆိုရင်။ ထိန်းသိမ်းတယ်။
တရားနှလုံးသွင်း အားထုတ်မှု မရှိတဲ့ ပုဂ္ဂိုလ်ကတော့
ထိန်းသိမ်းတဲ့ နည်းလည်း သူ့ရှိတာမှ မဟုတ်ဘဲ။
ရှိတာမဟုတ်တဲ့ အခါကျတော့ နင်းကန်ပြီးတော့ပြော
သူများတွေကို ချိုးဖဲ့ပြော သူများဟုတ်တာတွေကို မဟုတ်
တာလုပ်ပြီး တရားမှန်တွေ တရားမှားလုပ်ပြီးသကာလပြော
မိမိဘုန်းကြီးအောင် လာဘ်လာဘ ပေါများအောင် သူများ
တွေ အထင်အမြင်ကြီးအောင်လျှောက်ပြီး သကာလပြော
ဒါတွေလုပ်တော့ သူ့ဥစ္စာ မကောင်းတာတွေ လုပ်နေတာပဲ.
မည်းညစ်တဲ့အကုသိုလ်တရားတွေ သူ့ကိုဝင်နေတာ
ဒါပေမဲ့လို့ သူမသိဘူးတဲ့။ အဲဒါဟာ သမထ ၀ိပဿနာ
ကိုယ်ကျင့်တရား တွေပျက်လို့ စောင့်စည်းတဲ့ ၀ိနည်း
ကျင့်ဝတ်တွေ။ ၀ိနည်း ကျင့်ဝတ်တွေပျက်တော့ကို သမထ
ဝိပဿနာ တရားတွေ ပျက်သွားတာ။ ဒါဟာ အနာဂတ်
ဘေးတစ်ခုပါပဲ။တတိယ အနာဂတ်ဘေး တဲ့။ အဲဒါ
မပျက်အောင် စောင့်စည်းရမယ်။ လိုပါတယ်။ ”

- ( ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး
အရှင်သောဘန )

- ဆက်လက်ဖော်ပြပူဇော်ပါမည်။

- ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm