ကုသိုလ်ကံနဲ့ သေရင် ကောင်းရာသုဂတိရောက်ရ၊
အကုသိုလ်ကံနဲ့ သေရင်မကောင်းရာဒုဂ္ဂတိရောက်ရတဲ့
ရိုးရိုးရှင်းရှင်း သဘာဝနိယာမကြီးကို ချိုးဖောက်ပြီး
ယမမင်းကြီးဆီမှာ အယူခံဝင်ရတဲ့ ငရဲသားတွေဟာ
လူ့ဘ၀တုန်းက ဘယ်လိုလူစားမျိုးတွေလဲဆိုရင်
“ရူးကြောင်မူးကြောင်” လူစားမျိုးတွေပါ။

“စိတ်ကောင်းထားရင် ပြီးတာပဲ၊
ဘာကုသိုလ်မှ ထွေထွေထူးထူး
လုပ်နေစရာမလိုပါဘူး”
ဆိုတဲ့လူစားမျိုးတွေ၊

“တို့က တရားအားမထုတ်ပေမယ့်
ဘယ်သူ့ကိုမှ မဟုတ်တာမလုပ်ဘူး၊
ကိုယ့်ဘာသာကိုယ် အေးဆေးပဲ”
ဆိုတဲ့လူစားမျိုးတွေ၊

“တို့က ဘာကုသိုလ်မှ မလုပ်ပေမယ့်
ဘာအကုသိုလ်မှ မလုပ်တဲ့အတွက်
သေရင် ကောင်းရာရောက်မှာပဲ”
ဆိုတဲ့လူစားမျိုးတွေ၊

“ဒီဘ၀ဘာလုပ်လုပ်၊သေရင်ပြီးတာပဲ”
ဆိုတဲ့ လူစားမျိုးတွေဟာ
“ရူးကြောင်မူးကြောင်လူစားမျိုး” တွေပါပဲ။

- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )