လူသားတွေရဲ့ စိတ်ဆိုတာ နှလုံးသားမှာ ဘုရားတည်မပေးရင်
လမ်းဘေးမှာရှိတဲ့ အမှိုက်ပုံးကြီးလို ဖြစ်နေတတ်တယ်။

အမှိုက်ပုံတို့ အမှိုက်ပုံးတို့ဆိုတာ ထားတာကလဲ
လမ်းဘေးမှာရည်ရွယ်ချက်ကလည်း အမှိုက်ထည့်ဖို့ဆိုတော့ တွေ့တဲ့သူတွေကကြုံရာ အမှိုက်တွေ ထည့်သွားတယ်။
အမှိုက်တွေထည့်သွား ၊ တံတွေးအညစ်အကြေးတွေ စွန့်သွား၊
ကွမ်းသွေးတွေ ထွေးသွား ၊ ကောင်းတာ တစ်ခုမှ မထည့်ပါဘူး။

ဒါမျိုးလိုပဲ ပုထုဇဉ်တွေရဲ့ စိတ်နှလုံးခန္ဓာအစဉ်ဟာလည်း
နှလုံးသားထဲ တရားမထည့်ပေးရင် အမှိုက်ပုံးကြီးလို ဖြစ်နေတယ်။
အမှိုက်က သူများတွေ လာထည့်တာမဟုတ်ဘူး။
ကိုယ့်ဟာကို ထည့်နေတာ ။ လောဘက အမှိုက်တွေလာထည့်။
ဒေါသက အမှိုက်တွေ လာထည့်၊ ဣဿာ မစ္ဆရိယစတဲ့ ကိလေသာတွေက အမှိုက်တွေလာထည့် ။ နှလုံးသားထဲ တရားမရှိရင် အမှိုက်တွေ ရှုပ်ထွေးပြည့်ကျပ်နေတယ်။

- (အရှင် သိရိန္ဒာဘိဝံသာ)