မြင့်မိုရ်တောင် အမှန်တကယ် ရှိကြောင်းကို သုတ္တနိပါတ အဋ္ဌကထာ၊ ဒု၊ ၁၆၄-၁၆၅၊ ဝိသုဒ္ဓိမဂ် ဋ္ဌ၊ ၂၀၀ တို့မှာ သေသေ ချာချာ တိတိ လင်းလင်း ဖော်ပြထားတာမို့ မြင့်မိုရ် တောင်ဟာ အမှန်တကယ်ရှိတယ် လို့ဖြေ ရမှာပေါ့ကွယ်။ အဲသည် အဋ္ဌကထာမှာ ဘယ်လို ဖွင့်ပြထားပါသလဲ ဘုရား။ အဋ္ဌကထာ များ ဖွင့်ထားပုံက သတ္တဝါတို့ နေရာစကြာဝဠာ တစ်ခု ဟာ အလျားအား ဖြင့်ဖြစ်စေ၊ အနံ အားဖြင့်ဖြစ်စေ ယူဇနာ ပေါင်း တစ်သိန်း နှစ်သောင်း သုံးထောင် လေးရာ ငါးဆယ်ရှိတယ်။ အဝန်းလုံးပတ် အားဖြင့် ယူဇနာပေါင်း သုံးသန်း ခြောက် သိန်း တစ်ထောင့်သုံးရာငါးဆယ် ရှိတယ်။
သည် စကြာ ဝဠာ မြေအထုဟာ ယူဇနာ ပေါင်း နှစ်သိန်း လေးသောင်း အထု ရှိတဲ့ ရေကခံနေတယ်။
ရေ ရဲ့ အောက်မှာ ယူဇနာပေါင်း ကိုးသိန်း ခြောက်သောင်း အထူရှိတဲ့ လေက ခံနေတယ်။ သည် စကြာဝဠာရဲ့ ဗဟို အလယ်ခေါင်မှာ ယူဇနာ ရှစ်သောင်း လေးထောင် ရေ အထက်ပေါ်နေ တဲ့ (သိနေရု) အမည်ရတဲ့ မြင်းမိုရ်တောင် ရှိတယ်။ အဲဒီမြင့်မိုရ်တောင် ရဲ့ အဝမှာ ထက်ဝက် ထက်ဝက်စီ နိမ့်တဲ့ တောင်စဉ် ၇ ထပ်ဝန်းရံနေတယ်။ အဲသည် တောင်စဉ် ၇ ထပ်တို့ကို အစဉ်အတိုင်း-
၁။ ယုဂန္ဓရ၊ ၂။ ဣသန္ဓရ၊ ၃။ ကရဝီက ၄။ သုဒဿန၊ ၅။ နေမိန္ဒရ၊ ၆။ ဝိနတက ၇။ အဿကဏ္ဍ လို့ခေါ်ဝေါ်ကြသတဲ့။ သုတ်ပါထေယျက အဋ္ဌကထာ ၁၄၆ မှာ တော့ မဟာသိနေရု အမည်ရတဲ့ မြင့်မိုရ် တောင်မင်းမှာ အရောင်လေး ပါးထွက်နေ တယ်။ မြင်းမိုရ်တောင်မင်း ရဲ့အရှေ့ဘက် နံပါးက ငွေသားအတိပြီးတယ်။ ဒါကြောင့် ငွေရောင်ထွက်တယ်။ တောင်ဘက် နံပါး က မြအတိပြီးတယ်။ ဒါကြောင့်မြ အရောင် ထွက်တယ် ။ အနောက်ဘက်နံပါးက ဖလ် အတိပြီးတယ်။ ဒါကြောင့်ဖလ်ရောင် ထွက်တယ်။ မြောက်ဘက်နံပါး က ရွှေအတိပြီး တယ်။ ဒါကြောင့်ရွှေအရောင်ထွက်တယ်။
မြင်းမိုရ်တောင် ရဲ့အရောင်လေးပါး ဟပ်တဲ့ အတွက် အရပ်လေးမျက်နှာ လဲ အရောင် လေးပါး ကွဲပြားနေ တယ် လို့ ဖွင့်ပြထား တယ်။ ငါးရာ့ငါးဆယ် ဧကနိပါတ် ကုလာ ဝကဇာတ်မှာ သိကြားမင်းဟာ အသူရာ တို့စစ်ချီလာလျှင် ခံတပ်အနေဖြင့် ခုခံရ အောင် နဂါး၊ ဂဠုန်၊ ဂု မ္ဘာဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗတို့ကို အစောင့်ချပြီး အာလိန် ငါးဆင့် တည်ထားကြောင်း ပြဆိုထားတယ်။ ဒါကြောင့် မြင့်မိုရ်တောင် ဟာ အမှန် တကယ် ရှိကြောင်း မြင်းမိုရ်တောင်မှာ အာ လိန်ငါးဆင့်ရှိပြီး မြင်း မိုရ်တောင် ထိပ်မှာ သိကြားမင်းစံရာ တာဝတိ ံသာနတ်ပြည် တည်ကြောင်း ကျမ်းဂန်များမှာ ဖွင့်ပြထား တယ်ကွယ့်။ သည်လိုဆို ကျမ်းဂန် လာအရ မြင်းမိုရ် တောင်ရှိကြောင်း ထင်ရှားတာပေ့ါဘုရား။
သည်လောက် ထင်ရှားပါ လျက်နှင့် ဦးပညာဓိသီရိက ဘာကြောင့်များ မေးပါလိမ့်ဘုရား။ ယခု ဖြေဆိုချက်တွေ ကို အမေးရှင်က မသိ မဟုတ် သိမှာပါပဲ။ သိလျက်နှင့် ဘာကြောင့် မေးတာလဲ ဆိုတာ တွေးကြည့်လိုက်တော့ ဦးပညာဓိကသီရိဟာ ခေတ်အလျောက်သိပ္ပွံ ပညာအရ ကမ္ဘာတစ်ဝန်း လုံးကောင်းကင်က ဓာတ်ပုံရိုက်ပြီး မြေပုံ ဆွဲပြီးပါပြီ။ သည်ကမ္ဘာ့ မြေပုံ အတွင်းမှာ မြင်းမိုရ်တောင် မပါဘူး။

မြေကြောင်း ရေကြောင်း လေကြောင်း ကမ္ဘာအနှံ့ လှည့်ပတ် သွားလာနေကြတဲ့ ပုဂ္ဂိုလ်များ ကလည်း မြင့် မိုရ်တောင် တွေ့တယ်လို့ မပြောကြဘူး။ ယခုဂြိုလ်တုတွေ ဒုံးပျံတွေ ဟာ လဗိမာန်တောင် ရောက်နေကြပြီ။ သို့သော် လည်း မြင်းမိုရ်တောင် ကို မတွေ့ကြဘူး။ သည်တော့ မြင်းမိုရ်တောင် ရှိတယ်ဆိုတာဟုတ် များ မှ ဟုတ်ပါလေစ လို့ သံသယ ဖြစ် လာလိမ့်မယ်။ ဒါကြောင့် ဒီအမေးပေါ်ခဲ့တယ် လို့မှန်းဆရ တယ်။ ဟုတ်တယ် ဘုရား။ သည်လို တွေးမယ်ဆို တာလဲတွေးစရာပဲ။ သိပ္ပံ ထွန်းကားတဲ့ ယနေ့ ခေတ်မှာ သည် ကမ္ဘာကြီး ကျဉ်းမြောင်းသွားပြီ၊ သည် ကမ္ဘာကြီး ထုတ်ချင်းခတ် ခရီးကိုတစ်ရက် တည်းနှင့် အရောက် သွားနိုင်ကြပြီ။ ကျမ်းစာထဲ မှာဆိုထားတဲ့ အတိုင်း မြင်းမိုရ်တောင် သာရှိရိုး မှန်ရင် ဘယ်တိမ်းလို့ လွတ်ပါ့ မလဲဘုရား။ ဒါကြောင့်မြင်းမိုရ်တောင် ရှိတယ်ဆိုတာ ဟုတ် များမှ ဟုတ်ပါလေစ လို့ တပည့်တော်တောင် သံသယ ရှိနေပြီ။ အဖြေတော့ ဆက်ဦးမှပဲ ဘုရား။ သိပ္ပံ အတွေး အခေါ်နဲ့ ကျမ်းလာ အတွေးအခေါ် ညီညွတ်အောင်ဖြေရှင်းဖို့ ဆိုတာ ခက်တော့ခက် တာပဲကွယ့်။ သို့သော်လည်း သတိပြုဖို့ရာ တစ်ခုတော့ ပြောရဦးမယ်။ အမိန့်ရှိပါဘုရား။ သတ္တရဘန် တောင်စဉ် ၇-ထပ် တို့ မြင်းမိုရ် တောင် တို့ဆိုတာတွေ ဟာ ငါတို့တွေးထင် သလို ဒီ မြေပြင်ပေါ် မှာ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ကျမ်းဂန်မှာ ပြထားတာက မြင်းမိုရ်တောင်ဟာ မြခနောက်သုံးခု ရဲ့ထိပ်မှာ တည်တယ်။ မြင်းမိုရ်တောင် ဟာမြခနောက်သုံးခု ရဲ့အကြား မှာ ယူဇနာတစ်သောင်းကျယ်ဝန်း တဲ့ အသူရာ ပြည်တည် တယ် တဲ့။ သည်စကားရပ် အရမြင်း မိုရ်တောင်ဟာ ဒီကမ္ဘာမြေကြီး ရဲ့အတွင်းသား မဟုတ်ဘူး။ ခနောက်ပေါ် က အိုး သဘောမျှ သာဖြစ်တယ်။

ခနောက်ပေါ် တည်ရာမှာ လည်း ထိပြီးတော့ တည်တာ လား။ ပန်းဆိုင်း ဆွဲသလို တည် သလား။ အတိ အကျ မပြောနိုင်ဘူး။ သို့ သော်ယူဆ စရာကထိပြီး မတည်ဘူး။ ပန်းဆိုင်း ဆွဲသလို မထိဘဲ တည်တယ်လို့ ယူဆဖွယ်ရှိ တယ်။ ဘာကြောင့်တုန်း ဆိုတော့ လူ့ပြည်နှင့် စတုမဟာရာဇ်၊ စတုမဟာရာဇ်နှင့် တာဝတိ ံ သာတို့ဟာ နေ့ရက်ချင်းမတူကြဘူး။

လူ့ပြည် မှာ နှစ် ၅၀ စတုမဟာရာဇ် မှာ တစ်နေ့နဲ့ တစ် ညာဉ့်၊ လူ့ပြည် မှာနှစ် ၁၀၀၊ တာဝတိ ံသာမှာ တစ်နေ့နှင့် တစ်ညဉ့်၊ ဟောဒီလို နေ့ရက်ချင်း ကွာခြားနေတယ်။ လောကမှာ တစ်ရက်ဆိုတဲ့ စကား ဟာကျမ်းလာ အားဖြင့်နေတစ်ပတ် ခရီး ဖြစ်တယ်။ သိပ္ပံ အားဖြင့် ကမ္ဘာ တစ်လှည့်ဖြစ် တယ်။ ကျမ်းဂန်မှာ လာတာဟာ နေကတည် နေပြီး ကမ္ဘာက လှည့်ပတ်ပြီး သွားတယ်။ လည်ပြီး သွားတယ်။ လှည့်ပြီး သွားတာက ၃၆၅ရက်မှာ တစ်ပတ် ပတ်မိတယ်။ လည်ပြီး သွားတာက ၂၄နာရီ မှာ တစ်ပတ် လည်မိ တယ်။

ကျမ်းဂန်လာ စကား အရပင်ဖြစ်စေ၊ သိပ္ပံစကား အရပင် ဖြစ်စေ တစ်ရက်ဆိုတဲ့ ဝေါဟာရ ဟာ နေတစ်ပတ် လို့ဆို တာချည်းပဲ ကွယ့်.။ အကယ်၍ မြင်းမိုရ်တောင် ဟာ သည် ကမ္ဘာမြေကြီးနှင့် တစ်သား တည်း့ဖြစ်ခဲ့ လျှင် မြင်းမိုရ်တောင်မှာ တည်တဲ့ စတုမဟာ ရာဇ်နတ်ဘုံတို့ တာဝတိ ံသာနတ်ဘုံ တို့ဟာ နေ့ရက်ချင်း တူရမယ်။ ခုတော့မတူကြဘူး။ နေ့ရက်ချင်း မတူတာကို ထောက်လျှင် မြင့်မိုရ်တောင် ဟာ ဒီကမ္ဘာမြေ ကြီးနှင့် တစ်သား တည်းမဟုတ်ဘူးလို့ ယူဆစရာရှိတယ်။ ပြီးတော့ နေမိဇာတ်တော် ကိုကြည့်လိုက်ကြ ဦးစို့။ မှန်ပါ. မိန့်တော်မူပါဘုရား။ နေမိ ဇာတ်တော် ကို ကြည့်လိုက်တော့ တာ ဝတိ ံသာနတ်တွေ ကသိကြားမင်း ကိုလျှောက် ကြတယ်။ ကျွနု်ပ် တို့ နတ်ဖြစ်ခဲ့တာ ဟာ နေမိ မင်းကြီးရဲ့အဆုံး အမကြောင့်ဖြစ်ပါတယ်။ဒါကြောင့် နေမိ မင်းကြီး ကို ဖူးတွေ့လိုကြပါ တယ်။ နေမိမင်းကို ပင့်ပေးပါလို့လျှောက်ကြ တယ်။ သည်တော့ သိကြားမင်းက မာတလိ နတ်သား ကိုစေပြီး နတ်မြင်း တစ်ထောင်ကတဲ့ ဝေဇယန္တာ ရထားနှင့်အပင့် ခိုင်းတယ်။ မာတလိ ကနေမိမင်း ကို နတ်ပြည်ကြွဖို့ ရထားထက်ပင့် လာပြီး နတ်ပြည် ကို သွားရာ လမ်းနှစ်လမ်း ရှိ တယ်။

တစ်လမ်းက ငရဲလမ်း တစ်လမ်းက နတ် လမ်းဖြစ်တယ်။ ဘယ်လမ်းက သွားချင်သလဲလို့မေးတယ်။ နေမိ မင်း က ငါဟာ ငရဲဘုံရော၊ နတ်ဘုံရော မမြင်ဖူးဘူး....။ မြင်ဖူးအောင် နှစ် လမ်းလုံး က သွားချင် တယ်လို့ ပြော တယ်။ မာတလိ က ငရဲလမ်းရော နတ်လမ်းရော တစ် ပြိုင်နက်တည်း သွားလို့ မဖြစ်ဘူး။ ဘယ်လမ်း ကဦးစွာ ကြွလိုပါသလဲ လို့မေးတော့ နေမိမင်း က ငရဲလမ်းကို ဦးစွာသွားမယ်လို့ ပြောတယ်။ ဒါကြောင့် မာတလိနတ်သား ဟာ ဝေဇယန္တာ ရထားကို ငရဲလမ်းက ဦးစွာနှင်တယ်။

သည် ငရဲကြီးတွေ က မြေကြီး အတွင်းက ငရဲတွေ မဟုတ်ဘူး။ ကောင်းကင် မှာမြေပြင် မှာတည် နေကြ တဲ့ကြိမ်ပိုက် ငရဲ ခွေးစား ငရဲစတဲ့ ဥဿဒ ငရဲများ ကိုဆိုလိုတယ်။ မာတလိနတ်သား ဟာ ငရဲဘုံ ကိုပြ ပြီးတော့ နတ်ဘုံ ရှိရာ ကောင်းကင် ထက် ကို ရထား ကို ဦးလှည့်ပြီးတော့ မောင်း တယ်။ နတ်လမ်းခရီးမှာ ဗရဏီ နတ်သမီးဗိမာန် သောဏဒီနိ နတ်သားဗိမာန်၊ ဖာလ်ဗိ မာန်၊ မြ ဗိမာန်၊ ကြောင်မျက်ရွဲ ဗိမာန်စသည် တို့ကိုပြနေတုန်း သိကြားမင်းထံ ကအထောက် တော်ရောက်ခဲ့ လို့ တာဝတိ ံသာသို့ ရှေးရှုပြီး ရထားကိုနှင် ခဲ့တယ်။ ရထား ဘယ်ရောက်လာ သလဲဆိုတော့ မြင်း မိုရ်တောင် ကို ရံပြီးတည်နေတဲ့ တောင်စဉ် ၇ထပ် ဆီ ရောက်လာတယ်။ အဲဒီ အခါ နေမိ မင်းက သည်တောင်တွေ က ဘာတောင် တွေခေါ်ပါသလဲ လို့မေးတော့ မာတလိနတ် သားက သုဒဿနော တရဝီကော၊ ဤသ ဝရော ယုဂန္ဓရော၊ နေမိန္ဒရော ဝိနတကော၊ အဿကဏ္ဍော ဂီရိဗြဟ္မာစသော ဂါထာဖြင့် သုဒဿန စတဲ့ တောင်စဉ် ခုနှစ်ထပ် ဖြစ် ကြောင်း ပြောကြားပြီးတောင်စဉ် ခုနှစ်ထပ် မှ တစ်ဖန် စတုမဟာရာဇ် ဘုံ များ ကို ပြသ တယ်။

ပြီးမှ တာဝတိ ံသာနတ်ပြည်ကို တက်တယ်။ သည်နေမိ ဇာတ်တော် ရဲ့အလို အားဖြင့် တောင်စဉ် ခုနှစ်ထပ် တို့ မြင့်မိုရ် တောင်တို့ဆိုတာ ကောင်းကင်မှာ တည်နေ တယ်။ ဒီတော့မြင်းမိုရ်တောင် ဟာ အများ ထင် သလို မြေပြင်မှာ မဟုတ်ဘဲသီးခြားဂြိုလ် တစ်လုံး လိုကောင်းကင်မှာ ဖြစ်ချင် ဖြစ်နိုင် တာပေါ့။ ကောင်းကင် မှာ တည်နေ လျှင်မြေပုံ ပေါ် ရှာဖွေလို့တော့တွေ့နိုင်မှာ မဟုတ်ဘူး။
မြေပုံပေါ် ရှာမတွေ့တာနှင့် မြင်းမိုရ်တောင် မရှိဘူးလို့ မပြောသင့်ဘူး။ မြင်းမိုရ်တောင် က အမှန် ဧကန်ရှိကြောင်း အဖြေပေးလိုက် ပါတယ်ကွယ်။ တည်တော ဆရာတော်ဘုရားကြီး